Connect with us

Asia

ကမ္ဘောဒီးယားနိုင်ငံတွင် တရုတ်နိုင်ငံ၏ BRI အထင်ကရစီမံကိန်းက စွမ်းရည်မြှင့်သင်တန်းဖြင့် ဒေသခံအလုပ်သမားများ၏ အသက်မွေးဝမ်းကျောင်းကို မြှင့်တင်ပေး

ကမ္ဘောဒီးယားနိုင်ငံ Preah Sihanouk ပြည်နယ်ရှိ Sihanoukville အထူးစီးပွားရေးဇုန် (SSEZ) ဝင်ပေါက်ကို ၂၀၂၂ ခုနှစ် ဇူလိုင် ၁၉ ရက်က တွေ့ရစဉ် (ဓာတ်ပုံ- SSEZ/Handout via Xinhua)

SIHANOUKVILLE ၊ ကမ္ဘောဒီးယား၊ မေ ၂၄ ရက် (ဆင်ဟွာ)

ကမ္ဘောဒီးယားနိုင်ငံ အနောက်တောင်ပိုင်းတွင် တည်ရှိပြီး တရုတ်နိုင်ငံ၏ ရပ်ဝန်းနှင့် ပိုးလမ်းမ အဆိုပြုချက် (BRI) အောက်ရှိ အထင်ကရစီမံကိန်းတစ်ခုဖြစ်သော Sihanoukville အထူးစီးပွားရေးဇုန် (SSEZ) သည် အဓိက ကုန်ထုတ်လုပ်မှုအခြေပြုနေရာသာမက အရည်အသွေးရှိသော အလုပ်သမား မွေးထုတ်သောနေရာတစ်ခုလည်းပဲ ဖြစ်သည်။

ကမ္ဘောဒီးယားနိုင်ငံ Preah Sihanouk ပြည်နယ်၊ Sihanoukville အထူးစီးပွားရေးဇုန် (SSEZ) ရှိ General Tire Technology (ကမ္ဘောဒီးယား) စက်ရုံကို ၂၀၂၃ ခုနှစ် မေ ၂၂ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

အပြည်ပြည်ဆိုင်ရာ ရေနက်ပိုင်း Sihanoukville နိုင်ငံပိုင်ဆိပ်ကမ်းမှ အရှေ့မြောက်ဘက် ကီလိုမီတာ ၂၀ ခန့်တွင် တည်ရှိသော အဆိုပါ SSEZ တွင် လက်ရှိ တရုတ်၊ ဥရောပ၊ အမေရိကန်၊ အရှေ့တောင်အာရှနှင့် အခြားဒေသများမှ စက်ရုံ ၁၇၅ ခုရှိပြီး ဒေသခံအလုပ်အကိုင်အခွင့်အလမ်းပေါင်း ၃၀,၀၀၀ နီးပါး ဖန်တီးထားကြောင်း သိရသည်။

ယင်းနေရာရှိ စီးပွားရေးလုပ်ငန်းများသည် အဝတ်အထည်၊ ဖိနပ်၊ ခရီးဆောင်အိတ်နှင့် သားရေထုတ်ကုန်များ၊ ကျန်းမာရေးအသုံးအဆောင်များ၊ စက်ယန္တရား၊ ဆောက်လုပ်ရေးလုပ်ငန်းသုံး ပစ္စည်းကိရိယာများ၊ နေအိမ်ပရိဘောဂ၊ မော်တော်ကားအပိုပစ္စည်းများနှင့် ကားတာယာများ၊ နေရောင်ခြည်စွမ်းအင်သုံးကိရိယာများ ထုတ်လုပ်လျက်ရှိသည်။
ယင်းဇုန်မှ ဖြတ်သန်းသွားသော သွင်းကုန်နှင့် ပို့ကုန်ပမာဏမှာ ယမန်နှစ်က အမေရိကန်ဒေါ်လာ ၂.၄၉ ဘီလီယံအထိ မြင့်တက်လာခဲ့ကြောင်း SSEZ ၏ အထွေထွေမန်နေဂျာ Cao Jianjiang က ပြောကြားခဲ့သည်။

၂၀၀၈ ခုနှစ်တွင် တည်ထောင်ခဲ့ပြီး အကျယ်အဝန်း ၁၁ စတုရန်းကီလိုမီတာရှိသော အဆိုပါ အထူးစီးပွားရေးဇုန်၌ လာမည့်နှစ်များအတွင်း စက်ရုံပေါင်း ၃၀၀ ကျော်ရှိရန်နှင့် ကမ္ဘောဒီးယားပြည်သူများအတွက် အလုပ်အကိုင် ၁၀၀,၀၀၀ ကျော် ပံ့ပိုးပေးနိုင်မည်ဟု မျှော်မှန်းထားကြောင်း Cao က ဆိုသည်။ (Xinhua)

………………………………
(English Version)
China’s BRI flagship project in Cambodia elevates local workers’ livelihoods with skills training
SIHANOUKVILLE, Cambodia, May 24 (Xinhua) — Situated in southwest Cambodia, the Sihanoukville Special Economic Zone (SSEZ), a flagship project under China’s Belt and Road Initiative (BRI), is not only a key manufacturing base, but also a venue for the development of skilled labor.
Situated some 20 km northeast of the international deep-water Sihanoukville Autonomous Port, the SSEZ currently houses 175 factories from China, Europe, the United States, Southeast Asia and other regions, generating nearly 30,000 local jobs.
Those enterprises manufacture clothes, shoes, luggage and leather goods, medical supplies, machinery, construction materials, home furniture, auto parts and car tires, and new photovoltaic materials.
SSEZ’s General Manager Cao Jianjiang said the value of imports and exports passing through the zone rose to 2.49 billion U.S. dollars last year.
Founded in 2008, the 11-square-km SSEZ is expected to accommodate up to 300 factories in the coming years, generating up to 100,000 jobs for Cambodian people, Cao said.
Photo 1: Aerial photo taken on July 19, 2022 shows the entrance of the Sihanoukville Special Economic Zone (SSEZ) in Preah Sihanouk province, Cambodia.(SSEZ/Handout via Xinhua)
Photo 2: This photo taken on May 22, 2023 shows a view of the General Tire Technology (Cambodia) plant in the Sihanoukville Special Economic Zone (SSEZ) in Preah Sihanouk Province, Cambodia. (Photo by Ly Lay/Xinhua)