Connect with us

China

တရုတ်နိုင်ငံသည် ပင်လယ်ငါးဖမ်းလုပ်ငန်းကဏ္ဍ လုပ်ငန်းခွင်ဘေးကင်းရေး တိုးမြှင့်ဆောင်ရွက်လျက်ရှိ

ပေကျင်း၊ မေ ၂၄ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံသည် အဏ္ဏဝါငါးဖမ်းလုပ်ငန်းကဏ္ဍ၏ ထုတ်လုပ်မှု ဘေးကင်းရေးကို ကျယ်ကျယ်ပြန့်ပြန့် အားဖြည့်ဆောင်ရွက်သွားမည်ဟု စိုက်ပျိုးရေးနှင့် ကျေးလက်ရေးရာဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။

စိုက်ပျိုးရေးတာဝန်ရှိသူများအနေဖြင့် ဒေသခံလူသားအားလုံး၏ အသက်အိုးအိမ်စည်းစိမ် လုံခြုံမှုရှိစေရန်အတွက် ပြင်းထန်သော မတော်တဆမှုများကို ပြတ်ပြတ်သားသား တားဆီးသင့်ကြောင်း ဝန်ကြီးဌာနက မေ၂၂ ရက်၌ ပြုလုပ်သည့် ဗီဒီယိုကွန်ဖရင့်တွင် ပြောကြားခဲ့သည်။

အိန္ဒိယသမုဒ္ဒရာအလယ်ပိုင်းတွင် တိမ်းမှောက်ခဲ့သည့် တရုတ်ရေနက်ပိုင်း ငါးဖမ်းသင်္ဘော “Lupeng Yuanyu 028” မတော်တဆမှုဖြစ်ပွားပြီးနောက် ဝန်ကြီးဌာနအနေဖြင့် ရှာဖွေရေးနှင့် ကယ်ဆယ်ရေးလုပ်ငန်းများ ၌ ပါဝင်ဆောင်ရွက်ခဲ့ပြီး ကြီးကြပ်စစ်ဆေးမှုများဆောင်ရွက်ရန် အဓိကပင်လယ်ငါးဖမ်းလုပ်ငန်းဆောင်ရွက်သော ပြည်နယ်အဆင့် ဒေသ ၉ ခုသို့ ကြီးကြပ်ရေး အဖွဲ့၅ ဖွဲ့ ကို စေလွှတ်ခဲ့သည်။

အဆိုပါအစည်းအဝေးတွင် အန္တရာယ်ရှိနိုင်ခြေများနှင့် မမြင်နိုင်သော အန္တရာယ်များကို အသေးစိတ်စေ့စေ့စပ်စပ်စစ်ဆေးမှုများ ဆောင်ရွက်ရန်နှင့် သင်္ဘောသား ၁၀ ဦးနှင့် အထက်ရှိသည့် ပင်လယ်ငါးဖမ်းစက်လှေများကို စစ်ဆေးရန် လိုအပ်ကြောင်း အလေးထားပြောကြားခဲ့သည်။ (Xinhua)

…………………………..
(English Version)
China to enhance work safety of marine fishery sector
BEIJING, May 23 (Xinhua) — China will comprehensively strengthen production safety of the marine fishery sector, the Ministry of Agriculture and Rural Affairs has said.
Agricultural authorities of all localities should resolutely prevent severe accidents to ensure the safety of people’s lives and property, the ministry said at a video conference on Monday.
After the accident of the Chinese deep-sea fishing vessel “Lupeng Yuanyu 028,” which capsized in the central Indian Ocean, the ministry has participated in the search and rescue and dispatched five supervisory teams to nine key fishery provincial-level regions for supervision and inspection.
The meeting stressed the need for thorough and detailed checks on risks and hidden dangers and inspecting marine fishing boats with ten crew members and above.