Connect with us

Asia

ဗီယက်နမ်ကားထုတ်လုပ်ရေးက တရုတ်မိတ်ဖက်နှင့်အတူ ပထမဆုံး မီနီလျှပ်စစ်ကား မိတ်ဆက်

တရုတ်နိုင်ငံ အရှေ့ပိုင်း ရှန်ဟိုင်းမြို့တွင် ၁၉ ကြိမ်မြောက် Auto Shanghai 2021 ပြပွဲ၌ ပြသထားသော SAIC-GM-Wuling (SGMW) မှ ထုတ်လုပ်သော Hongguang MINIEV CABRIO မော်တော်ကားကို ၂၀၂၁ ခုနှစ် ဧပြီ ၁၉ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ဟနွိုင်း၊ မေ ၂၆ ရက် (ဆင်ဟွာ)

ပထမဆုံး မီနီလျှပ်စစ်ကားဖြစ်သော Wuling HongGuang MINI EV ကို ဗီယက်နမ် မော်တော်ကားထုတ်လုပ်သူ TMT Motors က မေ ၂၅ ရက်၌ ထုတ်ဖော်မိတ်ဆက်ခဲ့ကြောင်း ယင်းကုမ္ပဏီ၏ အွန်လိုင်းထုတ်ပြန်ချက်အရ သိရသည်။“အပြင်ပန်းသွင်ပြင်အနေနဲ့ မက်မွန်သီးပန်းရောင်နဲ့ အဖြူရောင် ပေါင်းစပ်ထားတဲ့ ခေါင်မိုးပါဝင်တဲ့ ပထမဆုံး Wuling HongGuang MINI EV ဟာ အသေးစိတ်အချက်အလက်တွေ စေ့စေ့စပ်စပ်ထည့်သွင်းထားပါတယ်” ဟု TMT Motors က ဆိုသည်။
အဆိုပါ မီနီလျှပ်စစ်ကားကို မြို့တော် ဟနွိုင်းမှ အရှေ့တောင်ဘက် ကီလိုမီတာ ၄၀ ခန့်အကွာ၊ ဟွမ်ယန်ပြည်နယ်ရှိ TMT Motors ၏ ရှိပြီးသားစက်ရုံများ၌ တပ်ဆင်ထားခြင်းဖြစ်ကြောင်း၊ ယင်းစက်ရုံတွင် နှစ်စဉ် မော်တော်ယာဉ် အစီးရေ ၃၀,၀၀၀ ထုတ်လုပ်လျက်ရှိပြီး နှစ်စဉ် ကားအစီးရေ ၆၀,၀၀၀ အထိ နှစ်ဆထုတ်လုပ်နိုင်ရန်စီစဉ်ထားကြောင်း ဗီယက်နမ်မော်တော်ကားထုတ်လုပ်သူက ဖြည့်စွက်ပြောခဲ့သည်။

အဆိုပါ လျှပ်စစ်ကားသည် တရုတ်မော်တော်ကားထုတ်လုပ်သူ SAIC Motor ၊ Guangxi Automobile Group နှင့် အမေရိကန်မော်တော်ကားလုပ်ငန်း General Motors တို့၏ ဖက်စပ်လုပ်ငန်းတစ်ခုဖြစ်သော SAIC-GM-Wuling Automobile ၏ လုပ်ငန်းခွဲတစ်ခုလည်း ဖြစ်သည်။

တံခါးနှစ်ပေါက်နှင့် လေးယောက်စီး မီနီလျှပ်စစ်ကားကို ဗီယက်နမ်နိုင်ငံတွင် မိတ်ဆက်ခဲ့ခြင်းဖြစ်သည်။ အဆိုပါ မီနီလျှပ်စစ်ကားသည် အရွယ်အစားအားဖြင့် သေးငယ်သော်ငြားလည်း ဗီယက်နမ်ရှိ အသုံးပြုသူများ နေ့စဉ်အသင့်အတင့်ခရီးသွားစဉ် မောင်းနှင်လိုသူများနှင့် ငွေကြေးသက်သာလိုသူများအတွက် ခရီးသွားလာမှုလိုအပ်ချက်နှင့် ကိုက်ညီမှုရှိသဖြင့် အဓိကလက်တွေ့ ဝယ်ယူမှုများပြားနေဆဲဖြစ်ကြောင်း TMT Motors ၏ ထုတ်ပြန်ချက်အရ သိရသည်။ (Xinhua)
………………………………
Vietnamese automaker, Chinese partner reveal first mini electric vehicle
HANOI, May 25 (Xinhua) — Vietnamese car manufacturer TMT Motors unveiled on Wednesday the first flagship micro electric car, the Wuling HongGuang MINI EV, TMT Motors said in an online statement.
“The first Wuling HongGuang MINI EV, featuring color-coordinated peach pink and white roof, has been meticulously finished with details,” said TMT Motors.
The mini electric car has been assembled at the existing facilities of TMT Motors in the northern province of Hung Yen, about 40 km southeast of the capital of Hanoi, which currently has an annual capacity of 30,000 vehicles and is set to double the capacity to 60,000 units per year, the Vietnamese automaker added.
The electric car is the brainchild of SAIC-GM-Wuling Automobile, a joint venture between Chinese automakers SAIC Motor and Guangxi Automobile Group, and U.S. firm General Motors.
The micro electric car is introduced in Vietnam with two doors and four seats. Despite its diminutive size, the mini electric car still offers major practicalities that meet the travel needs of Vietnamese consumers, especially for those who drive a moderate distance daily and want to save money, TMT Motors said in its statement.
Photo: The new energy convertible Hongguang MINIEV CABRIO developed by SAIC-GM-Wuling (SGMW), a major Chinese automobile manufacturer, is displayed at the 19th International Automobile Industry Exhibition (Auto Shanghai 2021) in Shanghai, east China, April 19, 2021.(Xinhua/Ding Ting)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.