Connect with us

Asia

တရုတ်-လာအို ရထားလမ်းက စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုအတွက် အခွင့်အလမ်းများ ဖန်တီးပေးလျက်ရှိ

တရုတ်နိုင်ငံ အနောက်တောင်ပိုင်း ယူနန်ပြည်နယ် မြို့တော် ကူမင်းမှ လာအိုနိုင်ငံ မြို့တော် ဗီယင်ကျန်းမြို့သို့ ပထမဆုံးနယ်စပ်ဖြတ်ကျော် ခရီးသည်တင်ရထားဖြင့် လိုက်ပါစီးနင်းလာသော ခရီးသည်များကို တရုတ်-လာအိုရထားလမ်း၏ Boten ဘူတာ၌ ကြိုဆိုနေသည်ကို ၂၀၂၃ ခုနှစ် ဧပြီ ၁၃ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ဗီယင်ကျန်း၊ မေ ၂၆ ရက် (ဆင်ဟွာ)

တရုတ်-လာအို ရထားလမ်းက လာအိုနိုင်ငံ၏ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုအတွက် အခွင့်အလမ်းများ ဖွင့်လှစ်ပေးခဲ့သလို စီးပွားရေးပြန်လည်နိုးကြားစေရန် ထိပ်တန်းဦးစားပေးဖြစ်သော ခရီးသွားလုပ်ငန်းကိုလည်း မြှင့်တင်ပေးခဲ့ကြောင်း သိရသည်။
လာအိုနိုင်ငံရှိ သုတေသီများက လာအိုစီးပွားရေးတိုးတက်မှုအပေါ် အပြုသဘောရှုမြင်ကြသလို ၂၀၂၃ ခုနှစ်၌ ၄.၅ ရာခိုင်နှုန်း တိုးတက်လာမည်ဟု ခန့်မှန်းထားကြသည်။

တရုတ်နိုင်ငံ အနောက်တောင်ပိုင်း ယူနန်ပြည်နယ် မြို့တော် ကူမင်းမှ လာအိုနိုင်ငံ မြို့တော် ဗီယင်ကျန်းမြို့သို့ ပထမဆုံးနယ်စပ်ဖြတ်ကျော် ခရီးသည်တင်ရထားဖြင့် လိုက်ပါစီးနင်းလာသော ခရီးသည်များကို တရုတ်-လာအိုရထားလမ်း၏ Boten ဘူတာ၌ ကြိုဆိုနေသည်ကို ၂၀၂၃ ခုနှစ် ဧပြီ ၁၃ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

လာအိုနိုင်ငံ မြို့တော် ဗီယင်ကျန်းမှ တရုတ်နိုင်ငံ အနောက်တောင်ပိုင်း ယူနန်ပြည်နယ် မြို့တော် ကူမင်းသို့ ထွက်ခွာလာသော ပထမဆုံး နယ်စပ်ဖြတ်ကျော် ခရီးသည်တင်ရထားကို ၂၀၂၃ ခုနှစ် ဧပြီ ၁၃ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

တရုတ်နိုင်ငံ ပြန်လည်ဖွင့်လှစ်ခြင်းနှင့် နယ်စပ်ဖြတ်ကျော် တရုတ်-လာအို ရထားလမ်း စတင်ခြင်းက ဒေသတွင်း ကုန်သွယ်ရေးနှင့် ပြည်သူအချင်းချင်း ကူးလူးဆက်ဆံမှုများကိုလည်း မြှင့်တင်ပေးလျက်ရှိကြောင်း သိရသည်။

တရုတ်-လာအို ရထားလမ်းသည် ခရီးသွားလာမှု အဆင်ပြေချောမွေ့စေရေးအတွက် အရေးပါသော အကြောင်းရင်းတစ်ခု ဖြစ်လာခြင်းကြောင့် လာအိုခရီးသွားလုပ်ငန်း အာဏာပိုင်များက ၂၀၂၃ ခုနှစ်အတွင်း လာအိုနိုင်ငံသို့ တရုတ်ခရီးသွားဧည့်သည် ၃၆၈,၀၀၀ ခန့် ဝင်ရောက်မည်ဟု မျှော်မှန်းထားပြီး ၂၀၂၂ ခုနှစ်နှင့် နှိုင်းယှဉ်ပါက ၂၁ ရာခိုင်နှုန်း မြင့်တက်ခဲ့ကြောင်း သိရသည်။ (Xinhua)
……………………………
(English Version)
China-Laos railway creates opportunities for economic development
VIENTIANE, May 26 (Xinhua) — China-Laos railway has opened up opportunities for Laos’ economic development and boosted the tourism industry in the country, which is its top priority in revitalizing the economy.
Lao researchers are optimistic about the growth of the Lao economy, which is projected to expand 4.5 percent in 2023.
The reopening of China and the launch of the cross-border China-Laos railway have significantly bolstered regional trade and people-to-people exchanges.
As the China-Laos railway becomes a crucial factor in facilitating travel, the Lao tourism authorities anticipate that around 368,000 Chinese travelers will visit Laos in 2023, up 21 percent compared to 2022.
Photo 1, 2: Lao staff members greet passengers taking the first cross-border passenger train from Kunming, the capital of southwest China’s Yunnan Province, to Lao capital Vientiane at the Boten Station of the China-Laos Railway in Luang Namtha, Laos on April 13, 2023. (Xinhua/Xing Guangli)
Photo 3: Lao staff members greet passengers taking the first cross-border passenger train from Kunming, the capital of southwest China’s Yunnan Province, to Lao capital Vientiane at the Boten Station of the China-Laos Railway in Luang Namtha, Laos on April 13, 2023. (Xinhua/Xing Guangli)