Connect with us

Africa & Middle East

အစ္စရေးနိုင်ငံတွင် ဇန်နဝါရီလမှ ဧပြီလအတွင်း တရုတ်နိုင်ငံထုတ် လျှပ်စစ်ကား ရောင်းချမှု သရဖူဆောင်းလျက်ရှိ

ဘယ်လ်ဂျီယံနိုင်ငံ ဘရပ်ဆဲလ်မြို့တွင် အကြိမ် ၁၀၀ မြောက် ဘရပ်ဆဲလ်မော်တော်ကားပြပွဲ သတင်းစာရှင်းလင်းပွဲနေ့၌ BYD Atto 3 လျှပ်စစ်ကားတစ်စီးကို ၂၀၂၃ ခုနှစ် ဇန်နဝါရီ ၁၃ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ဂျေရုဆလမ်၊ မေ ၃ ရက် (ဆင်ဟွာ)

အစ္စရေးနိုင်ငံတွင် ၂၀၂၃ ခုနှစ် ပထမလေးလအတွင်း လျှပ်စစ်ကားရောင်းအားများ၌ တရုတ်နိုင်ငံထုတ်မော်တော်ကားမော်ဒယ်များက လွှမ်းမိုးထားလျက်ရှိကြောင်း အစ္စရေး မော်တော်ကားတင်သွင်းသူများအသင်းက မေ ၂ ရက် ထုတ်ပြန်ချက်အရ သိရသည်။

အစ္စရေးနိုင်ငံ Tel Aviv မြို့တွင် တရုတ်နိုင်ငံ Geely Auto မှ ထုတ်လုပ်သော လျှပ်စစ်ကားများကို ကြည့်ရှုလေ့လာနေသူများအား ၂၀၂၁ ခုနှစ် နိုဝင်ဘာ ၁၀ ရက်က တွေ့ရစဉ် (ဆင်ဟွာ)


အစ္စရေးနိုင်ငံ ဇန်နဝါရီမှ ဧပြီအတွင်း ခရီးသည်တင်လျှပ်စစ်ကား ရောင်းချမှု ၆၆ ရာခိုင်နှုန်းသည် တရုတ်နိုင်ငံမှ ထုတ်လုပ်ထားခြင်းဖြစ်ပြီး ရောင်းချခဲ့သော မော်တော်ကားအစီးရေ ၁၉,၉၈၂ စီးအနက် ၁၃,၂၃၅ စီး ရှိကြောင်း စာရင်းအင်းများ၌ ဖော်ပြထားသည်။

တရုတ်နိုင်ငံ၏ ဦးဆောင်လျှပ်စစ်ကားထုတ်လုပ်သူ BYD သည် အဆိုပါ ကာလအတွင်း အစ္စရေး၏ ထိပ်တန်းလျှပ်စစ်ကားအမှတ်တံဆိပ်အဖြစ် ရပ်တည်လျက်ရှိကာ လျှပ်စစ်ကားအစီးရေ ၇,၂၂၉ စီး ရောင်းချခဲ့ပြီး အဓိကအားဖြင့် SUV Atto 3 ကားများဖြစ်ကြောင်း သိရသည်။ (Xinhua)

………………………………………………
(English Version)
Chinese cars gain EV sales crown in Israel in Jan.-April
JERUSALEM, May 2 (Xinhua) — Chinese models dominated electric car sales in Israel during the first four months of 2023, shows data released by the Israel Vehicle Importers Association on Tuesday.
The statistics showed that 66 percent of electric passenger cars sold in Israel in January-April were made by Chinese manufacturers, or 13,235 out of 19,982 cars.
China’s leading electric car maker BYD ranked Israel’s top-selling electric cars brand in the period by selling 7,229 electric cars, mainly the subcompact crossover SUV Atto 3.
Photo 1: A man checks a BYD Atto 3 electric car during the 100th Brussels Motor Show on Press Day in Brussels, Belgium, Jan. 13, 2023. (Xinhua/Zheng Huansong)
Photo 2: People visit a car dealership selling electric cars made by China’s Geely Auto in Tel Aviv, Israel, on Nov. 10, 2021. (Photo by Gil Cohen Magen/Xinhua)