Connect with us

Media

တရုတ်နိုင်ငံ တာ့လျင်မြို့တွင် ရေအောက်လမ်းဥမင်လိုဏ်ခေါင်း ဖြတ်သန်းသွားလာရန်ဖွင့်လှစ်

တာ့လျင်၊ မေ ၃ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ အရှေ့မြောက်ပိုင်း လျောင်နင်ပြည်နယ် တာ့လျင်ကမ်းရိုးတန်းမြို့ရှိ ရေအောက်လမ်းဥမင်ကို ဖြတ်သန်းသွားလာရန် မေ ၁ ရက်က ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။

တာ့လျင်ပင်လယ်အော်အောက်ရှိ နှစ်လမ်းသွား ခြောက်လမ်း မြို့ပြအဝေးပြေးလမ်းပါဝင်သော အဆိုပါ ဥမင်လိုဏ်ခေါင်းသည် တရုတ်နိုင်ငံ မြောက်ပိုင်းရှိ ပထမဆုံးရေအောက်ဥမင်လမ်းဖြစ်ကြောင်း သိရသည်။

၅.၁ ကီလိုမီတာရှည်လျားသော ဥမင်အတွင်း မော်တော်ယာဉ်ဖြတ်သန်းသွားလာရန် တစ်နာရီလျှင် ၆၀ ကီလိုမီတာ အမြန်နှုန်းအနေဖြင့် မောင်းနှင်ရန် ပုံစံထုတ်လုပ်ထားကြောင်း Sun က ဆိုသည်။ ယင်းဥမင်ကို အချိန် ၄ နှစ်ကြာ တည်ဆောက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

တာ့လျင်ပင်လယ်အော် မြောက်ပိုင်းနှင့် တောင်ပိုင်း ကမ်းရိုးတန်းများကို ချိတ်ဆက်ထားသော လမ်းဥမင်ကို မေ ၁ ရက်၌ စတင်လည်ပတ်ခဲ့ခြင်းဖြစ်ပြီး ယာဉ်ကြောပိတ်ဆို့မှုကို လျှော့နည်းစေရန်နှင့် တာ့လျင်မြို့ရှိ မြို့ပြဖွံ့ဖြိုးတိုးတက်မှုအတွက် နေရာကျယ်ဝန်းစေရန် အထောက်အကူပြုလျက်ရှိကြောင်း သိရသည်။ (Xinhua)

………………………………..
(English Version)
Undersea road tunnel opens to traffic in China’s Dalian
An undersea road tunnel opened to traffic on Monday in Dalian, a coastal city in northeast China’s Liaoning Province.
The tunnel, accommodating a two-way six-lane urban expressway beneath Dalian Bay, is the first immersed tube undersea tunnel in north China.
The designed traffic speed in the 5.1-km tunnel is 60 km per hour. Construction of the tunnel took some four years.
The road connecting the tunnel went operational on Monday, linking the northern and southern coasts of Dalian Bay, helping to alleviate traffic congestion and expand the space for urban development in Dalian.
Xinhua News Agency correspondents reporting from Dalian, China.
(XHTV)