Connect with us

China

တရုတ်နိုင်ငံ၏ အာကာသစခန်းမှ ထျန်းကျိုး-၅ ကုန်တင်အာကာသယာဉ် ခွဲထွက်

တရုတ်နိုင်ငံ တောင်ပိုင်း ဟိုင်နန်ပြည်နယ်ရှိ အာကာသယာဉ်လွှတ်တင်ရေးနေရာသို့ ပေါင်းစပ်ထားသော ထျန်းကျိုး-၅ ကုန်တင်အာကာသယာဉ်နှင့် Long March-7 Y6 သယ်ဆောင်ရေးဒုံးပျံအား ရွှေ့ပြောင်းသယ်ဆောင်နေသည်ကို ၂၀၂၂ ခုနှစ် နိုဝင်ဘာ ၉ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ပေကျင်း၊ မေ ၆ ရက် (ဆင်ဟွာ)

Shenzhou-15 လူလိုက်ပါနိုင်သော အာကာသယာဉ်ကို ပံ့ပိုးခြင်း တာဝန်ထမ်းဆောင်နေသော တရုတ်နိုင်ငံ၏ ထျန်းကျိုး-၅ ကုန်တင်အာကာသယာဉ်သည် အာကာသစခန်းပေါင်းစည်းမှု ဂြိုဟ်ပတ်လမ်းကြောင်းမှ ပေကျင်းစံတော်ချိန် မေ ၅ ရက် မွန်းလွဲ ၃:၂၆ နာရီ၌ ခွဲထွက်ကာ သီးခြားပျံသန်းရန် ကူးပြောင်းသွားခဲ့ပြီဖြစ်ကြောင်း တရုတ်နိုင်ငံ လူလိုက်ပါနိုင်သောအာကာသအေဂျင်စီက ပြောကြားခဲ့သည်။

တရုတ်နိုင်ငံက ထျန်းကျိုး-၅ ကို နိုင်ငံတောင်ပိုင်း ဟိုင်နန်ပြည်နယ် ဝန်ချန်းအာကာသယာဉ်လွှတ်တင်ရေးနေရာမှ ၂၀၂၂ ခုနှစ် နိုဝင်ဘာ ၁၂ ရက်က လွှတ်တင်ခဲ့ခြင်းဖြစ်သည်။ အဆိုပါယာဉ်ပေါ်၌ Shenzhou-15 အာကာသယာဉ်မှူး သုံးဦးအတွက် ခြောက်လကြာအသုံးပြုရန် အထောက်အပံ့ပစ္စည်းများ၊ တွန်းကန်ပစ္စည်းနှင့် လက်တွေ့စမ်းသပ်မှုကိရိယာများ တင်ဆောင်သွားခဲ့သည်။

Shenzhou-15 လူလိုက်ပါသော အာကာသယာဉ်က အာကာသစခန်းပေါင်းစည်းမှုမှ ခွဲထွက်ပြီးနောက် ထျန်းကျိုး-၅ က ယင်းစခန်းရှိပေါင်းဆုံရာအခန်း၏ ရှေ့ဘက်ဝင်ပေါက်၌ ဆိုက်ကပ်မည်ဖြစ်ကြောင်း အေဂျင်စီက ထုတ်ပြန်ချက်၌ ပြောကြားခဲ့သည်။ (Xinhua)

………………………………………
(English Version)
Tianzhou-5 cargo craft separates from China’s space station

BEIJING, May 5 (Xinhua) — China’s Tianzhou-5 cargo craft, tasked with supporting the Shenzhou-15 crewed space mission, separated from the orbiting space station combination at 3:26 p.m. Friday (Beijing Time) and switched to independent flight, the China Manned Space Agency said.

China launched the Tianzhou-5 on Nov. 12, 2022 from the Wenchang Spacecraft Launch Site in the southern province of Hainan. It was loaded with six months of supplies for three Shenzhou-15 taikonauts, propellant and experiment facilities.

After the Shenzhou-15 manned spaceship separates from the station combination, the Tianzhou-5 will orbit and dock at the forward port of the station’s node cabin, the agency said in a statement.
Photo: This photo taken on Nov. 9, 2022 shows the combination of the Tianzhou-5 cargo spacecraft and a Long March-7 Y6 carrier rocket transferred to the launching area in south China’s Hainan Province. (Photo by Tu Haichao/Xinhua)