Connect with us

Videos

တရုတ်နိုင်ငံ၏ စွမ်းအင်သစ်သုံးမော်တော်ယာဉ် ရောင်းအား မေလတွင် ၆၀.၂ ရာခိုင်နှုန်းကျော်ရှိ

ပေကျင်း၊ ဇွန် ၁၁ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ၏ စွမ်းအင်သစ်သုံးမော်တော်ယာဉ် (NEV) ရောင်းအားသည် မေလတွင် ကားအစီးရေ ၇၁၇,၀၀၀ ရောင်းချခဲ့ပြီး ယမန်နှစ် အလားတူကာလထက် ၆၀.၂ ရာခိုင်နှုန်း မြင့်တက်ခဲ့ကြောင်း တရုတ်မော်တော်ကားထုတ်လုပ်ရေးလုပ်ငန်းရှင်များအသင်းက ဇွန် ၉ ရက်၌ ဖော်ပြသောအချက်အလက်များအရ သိရသည်။၂၀၂၃ ခုနှစ် ပထမ ၅ လတာကာလအတွင်း NEV ရောင်းအားများမှာ အစီးရေ ၂.၉၄ သန်းရှိခဲ့ရာ ယမန်နှစ် ကာလတူထက် ၄၆.၈ ရာခိုင်နှုန်း မြင့်တက်လာခဲ့သည်။
တရုတ်နိုင်ငံတွင် NEV ကားထုတ်လုပ်မှုမှာ ယခင်လက ၇၁၃,၀၀၀ စီးရှိခဲ့ပြီး ယမန်နှစ် အလားတူကာလထက် ၅၃ ရာခိုင်နှုန်း တိုးတက်လာခဲ့ကြောင်း အချက်အလက်များ၌ ဖော်ပြထားသည်။ (Xinhua)

………………………………
China’s NEV sales surge 60.2 pct in May
BEIJING, June 9 (Xinhua) — China’s new energy vehicle (NEV) sales expanded 60.2 percent year on year to 717,000 units in May, data from the China Association of Automobile Manufacturers showed Friday.
NEV sales in the first five months of 2023 totaled 2.94 million units, increasing by 46.8 percent from a year ago.
The output of NEVs in the country reached 713,000 units last month, up 53 percent year on year, the data revealed.