Connect with us

Videos

ကမ္ဘောဒီးယားနိုင်ငံတွင် ၁၂ ကြိမ်မြောက် အာဆီယံ မသန်စွမ်းအားကစားပြိုင်ပွဲ အောင်မြင်စွာကျင်းပပြီးစီး

ဖနွမ်းပင်၊ ဇွန် ၁၀ ရက် (ဆင်ဟွာ)

ကမ္ဘောဒီးယားနိုင်ငံ မြို့တော် ဖနွမ်းပင်တွင် ကျင်းပသော ၁၂ ကြိမ်မြောက် အာဆီယံ မသန်စွမ်းအားကစားပြိုင်ပွဲကို ဇွန် ၉ ရက်က အောင်မြင်စွာကျင်းပပြီးစီးခဲ့ပြီး အင်ဒိုနီးရှားနိုင်ငံက ဆုဇယားထိပ်ဆုံး၌ ရပ်တည်လျက်ရှိကြောင်း သိရသည်။

လူဦးရေ ၆၀,၀၀၀ ဆံ့သော Morodok Techo အမျိုးသားအားကစားရုံတွင် ကျင်းပသော အားကစားပြိုင်ပွဲပိတ်ပွဲအခမ်းအနား၌ Kun Bokator ကိုယ်ခံပညာတင်ဆက်မှုများ၊ မသန်စွမ်းအားကစားသမားများ ချီတက်ပွဲ၊ မိန့်ခွန်းပြောကြားခြင်းများနှင့် မီးရှူးမီးပန်းများ ပစ်ပေါက်ကာ အားကစားပွဲမီးတောက်ကို ငြှိမ်းသတ်ခဲ့ကြောင်း သိရသည်။
အားကစားပွဲဖြစ်မြောက်ရေးကော်မတီအရ ၁၂ ကြိမ်မြောက် အာဆီယံ မသန်စွမ်းအားကစားပြိုင်ပွဲ၌ အရှေ့တောင်အာရှနိုင်ငံ ၁၁ နိုင်ငံမှ မသန်စွမ်းအားကစားသမား ၁,၄၅၃ ဦးက အားကစားနည်း ၁၄ မျိုးဖြင့် ပြိုင်ပွဲ ၄၀၀ ကျော် ပါဝင်ယှဉ်ပြိုင်ခဲ့ကြသည်။၂၀၂၆ ခုနှစ် ဇန်နဝါရီလတွင် ၁၃ ကြိမ်မြောက် အားကစားပြိုင်ပွဲကို ထိုင်းနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပမည်ဖြစ်သည်။ (Xinhua)

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117