Connect with us

Politics, Law & Military

တရုတ်နိုင်ငံနှင့် ဟွန်ဒူးရပ်စ်နိုင်ငံကြား ရပ်ဝန်းနှင့် ပိုးလမ်းမ ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ နားလည်မှုစာချွန်လွှာလက်မှတ်ရေးထိုး

တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်နှင့် နိုင်ငံတော်ခရီးစဉ်အဖြစ်ရောက်ရှိနေသော ဟွန်ဒူးရပ်စ်နိုင်ငံ သမ္မတ Iris Xiomara Castro Sarmiento တို့ မြို့တော်ပေကျင်းရှိ ပြည်သူ့ခန်းမဆောင်တွင် ၂၀၂၃ ခုနှစ် ဇွန် ၁၂ ရက်က တွေ့ဆုံဆွေးနွေးနေစဉ် (ဆင်ဟွာ)

ပေကျင်း၊ ဇွန် ၁၃ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ အစိုးရသည် ဟွန်ဒူးရပ်စ်နိုင်ငံနှင့် ရပ်ဝန်းနှင့် ပိုးလမ်းမအဆိုပြုချက် ပူးတွဲမြှင့်တင်ရေးဆိုင်ရာ နားလည်မှုစာချွန်လွှာတစ်စောင် လက်မှတ်ရေးထိုးခဲ့ကြောင်း အမျိုးသားဖွံ့ဖြိုးတိုးတက်မှုနှင့် ပြုပြင်ပြောင်းလဲမှု ကော်မရှင်က ဇွန် ၁၃ ရက်၌ ပြောကြားခဲ့သည်။နှစ်နိုင်ငံအနေဖြင့် နှစ်နိုင်ငံစီးပွားရေးအား လွှမ်းခြုံမည့်အချက်များကို ပူးတွဲရှာဖွေရေး၊ မူဝါဒညှိနှိုင်းမှု၊ အခြေခံအဆောက်အအုံ ကွန်ရက်ချိတ်ဆက်မှု၊ အတားအဆီးမရှိကုန်သွယ်မှု၊ ငွေကြေးပေါင်းစည်းမှုနှင့် ပြည်သူအချင်းချင်း ကူးလူးဆက်ဆံမှုတို့ကို တက်ကြွစွာ မြှင့်တင်ရေး၊ နယ်ပယ်စုံ၌ လက်တွေ့ပူးပေါင်းဆောင်ရွက်မှု အားကောင်းရေး၊ အပြန်အလှန်အကျိုးကျေးဇူးရှိမှုနှင့် ယဉ်ကျေးမှုအသီးသီးကို အပြန်အလှန်လေ့လာမှု မြှင့်တင်ရေး၊ ဘုံဖွံ့ဖြိုးတိုးတက်မှုနှင့် ကြွယ်ဝပြည့်စုံမှု ရရှိရေးတို့အတွက် ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း ကော်မရှင်က ဆိုသည်။ (Xinhua)
………………………………

China, Honduras sign memorandum of understanding on Belt and Road cooperation
BEIJING, June 13 (Xinhua) — The Chinese government has signed a memorandum of understanding with the Honduran government on jointly promoting the Belt and Road Initiative, the National Development and Reform Commission said on Tuesday.
The two sides will jointly explore the converging points of the two economies; actively promote policy communication, infrastructure connectivity, unimpeded trade, financial integration and people-to-people exchanges; strengthen practical cooperation in various fields; promote mutual benefit and mutual learning of civilizations; and achieve common development and prosperity, the commission said.
Photo: Chinese President Xi Jinping holds talks with President of the Republic of Honduras Iris Xiomara Castro Sarmiento, who is on a state visit to China, at the Great Hall of the People in Beijing, capital of China, June 12, 2023. (Xinhua/Yin Bogu)