Connect with us

Europe

ရုရှား Pacific Fleet ၏ သင်္ဘောများက စစ်ရေးလေ့ကျင့်မှုအတွင်း ရန်သူ့ရေငုပ်သင်္ဘောပစ်မှတ်အတုကို ဖျက်ဆီး

အရှေ့တရုတ်ပင်လယ်ပြင်တွင် Joint Sea 2022 ရေတပ်ပူးတွဲလေ့ကျင့်မှုအတွင်း ရုရှားရေတပ်မှ ရဟတ်ယာဉ်တစ်စင်း ပျံတက်သွားသည်ကို ၂၀၂၂ ခုနှစ် ဒီဇင်ဘာ ၂၁ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ဗလာဒီဗိုစတော့၊ ဇွန် ၁၃ ရက် (ဆင်ဟွာ)

ရုရှားနိုင်ငံ Pacific Fleet မှ သင်္ဘောအုပ်စုသည် ဂျပန်ပင်လယ်နှင့် Okhotsk ပင်လယ်ပြင်တွင် စစ်ဆင်ရေးလေ့ကျင့်နေစဉ် ရန်သူ၏ရေငုပ်သင်္ဘောပစ်မှတ်အတုကို အောင်မြင်စွာ ရှာဖွေတွေ့ရှိကာ တိုက်ခိုက်နိုင်ခဲ့ကြောင်း ယင်းသင်္ဘောအုပ်စု၏ သတင်းပြန်ကြားရေးက ပြောကြားခဲ့သည်။Marshal Shaposhnikov စစ်သင်္ဘောနှင့် ရေငုပ်သင်္ဘောဖျက်သင်္ဘောကြီးနှစ်စင်းဖြစ်သော Admiral Tributs နှင့် Admiral Panteleyev စသည်တို့ပါဝင်သော သင်္ဘောအုပ်စုသည် ရေနက်သုံးဗုံးကိုအသုံးပြု သရုပ်ဖော်ထားသော ရေငုပ်သင်္ဘော၏ တည်နေရာကို တိုက်ခိုက်ခဲ့ကြကြောင်း သတင်းပြန်ကြားရေးက ဆိုသည်။
အဆိုပါ သင်္ဘောများသည် ၁၀၀-မမ သေနတ်များနှင့် ၃၀-မမ အမြောက်များအသုံးပြုကာ ပင်လယ်ပြင်နှင့် ဝေဟင်ရှိ ပစ်မှတ်များကို ပစ်ခတ်ခဲ့ခြင်းဖြစ်သည်။
စစ်သင်္ဘောနှင့် ထောက်ပံ့ရေးရေယာဉ် အစင်းရေ ၆၀ ကျော်နှင့် ရေတပ်လေယာဉ် ၃၅ စင်း၊ ကမ်းခြေစောင့်တပ်ဖွဲ့ဝင်များနှင့် စစ်မှုထမ်း ၁၁,၀၀၀ ကျော် ပါဝင်သော ထိုလေ့ကျင့်မှုများကို Pacific Fleet ကွပ်ကဲရေးမှူး ရေတပ်ဗိုလ်ချုပ်ကြီး Viktor Liina ၏ ကွပ်ကဲမှုအရ ဇွန် ၅ ရက်မှ ၂၀ ရက်အထိ ပြုလုပ်လျက်ရှိကြောင်း သိရသည်။ (Xinhua)
#Russia #PacificFleet #Exercise #Ships #ရုရှား #စစ်ရေးလေ့ကျင့်မှု #သင်္ဘောများ
………………………………

Russia’s Pacific Fleet ships destroy mock enemy submarine in drills
VLADIVOSTOK, June 13 (Xinhua) — A group of Russian Pacific Fleet ships successfully detected and attacked a mock enemy submarine during operational exercises in the Sea of Japan and the Sea of Okhotsk, the fleet’s press service said on Monday.
The group, consisting of the frigate Marshal Shaposhnikov and two large anti-submarine ships Admiral Tributs and Admiral Panteleyev, used reactive depth charges to strike at the simulated submarine’s location, said the press service.
The ships also conducted joint artillery firing on sea and air targets, using 100-mm guns and 30-mm automatic mounts. They also practiced jamming and clearing minefields.
The exercises, which involve more than 60 warships and support vessels, 35 naval aircraft, coastal troops and over 11,000 servicemen, are being held on June 5-20 under the command of Pacific Fleet Commander Admiral Viktor Liina.
Photo: A helicopter of Russian navy takes off during a joint naval exercise, Joint Sea 2022, in the East China Sea on Dec. 21, 2022. (Xinhua/Li Bingxuan)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.