Connect with us

Asia

တောင်ကိုရီးယားနိုင်ငံတွင် ယာဉ် ၇ စီးဆင့်တိုက်မှုဖြစ်ပွားရာ လူဒါဇင်နှင့်ချီ၍ ဒဏ်ရာရရှိ

တောင်ကိုရီးယားနိုင်ငံ Gwacheon မြို့ရှိ ဒုတိယမြောက် Gyeongin အဝေးပြေးလမ်း၏ အသံလုံဥမင်၌ မီးလောင်ကျွမ်းမှုဖြစ်ပွားသောနေရာ၌ မီးသတ်သမားများကို ၂၀၂၂ ခုနှစ် ဒီဇင်ဘာ ၂၉ ရက်က တွေ့ရစဉ် (ဓာတ်ပုံ- NEWSIS via Xinhua)

ဆိုးလ်၊ ဇွန် ၁၆ ရက် (ဆင်ဟွာ)

တောင်ကိုရီးယားနိုင်ငံ အရှေ့ပိုင်း Gangwon ပြည်နယ်တွင် ဇွန် ၁၆ ရက်က ယာဉ် ၇ စီးဆင့်တိုက်မှုကြောင့် လူဦးရေဒါဇင်နှင့်ချီ၍ ဒဏ်ရာရရှိခဲ့ကြောင်း ယွန်ဟပ်သတင်းအေဂျင်စီအရ သိရသည်။

ဆိုးလ်မြို့တော်မှ အရှေ့ဘက် ၁၀၀ ကီလိုမီတာခန့်အကွာ ဟုန်ချွန်းခရိုင်တွင် ဒေသစံတော်ချိန် မွန်းလွဲ ၁:၂၇ နာရီခန့်က ခရီးသည်တင်ကားတစ်စီး၊ ထရပ်ကားသုံးစီးနှင့် ခရီးသွားဘတ်စ်ကားသုံးစီးတို့ အဆင့်ဆင့်တိုက်မိမှုဖြစ်ပွားခြင်း ဖြစ်သည်။

ခရီးသွားဘတ်စ်ကားပေါ်တွင် ကျောင်းသူ/ကျောင်းသား ၇၂ ဦး၊ ဆရာ/ဆရာမ ၄ ဦးနှင့် ယာဉ်မောင်း ၃ ဦး အပါအဝင် စုစုပေါင်း ၇၉ ဦး ဒဏ်ရာရရှိခဲ့သည်။ ၎င်းတို့အနက် ၃ ဦးမှာ ဒဏ်ရာပြင်းထန်ကြောင်း သိရသည်။
ကျောင်းသူ/ကျောင်းသားများနှင့် ဆရာ/ဆရာမများမှာ ဆိုးလ်မြို့ရှိ အလယ်တန်းကျောင်းတစ်ကျောင်းမှဖြစ်ကာ ကျောင်းခရီးစဉ်တစ်ခု သွားရောက်နေကြခြင်းဖြစ်သည်။

ထို့ပြင် ထရပ်ကားများပေါ်မှ အခြားသူ ၃ ဦးလည်း ဒဏ်ရာများ ရရှိခဲ့ကြသည်။
ယာဉ်မတော်တဆမှု ဖြစ်ပွားရသည့်အကြောင်းရင်းကို စုံစမ်းစစ်ဆေးလျက်ရှိသလို မီးသတ်တပ်ဖွဲ့အာဏာပိုင်များနှင့် ရဲတပ်ဖွဲ့က အခင်းဖြစ်ပွားရာနေရာသို့ ကယ်ဆယ်လုပ်ငန်းသုံးကိရိယာ ၁၂ ခု အသုံးပြုလျက်ရှိပြီး ကယ်ဆယ်ရေးသမား ၃၀ ခန့်ကို စေလွှတ်ထားကြောင်း သိရသည်။ (Xinhua)

………………………………
(English Version)
Dozens of people injured in S. Korea’s 7-vehicle collision
SEOUL, June 16 (Xinhua) — Dozens of people were injured on Friday in a rear-end collision involving seven vehicles that took place in the South Korean eastern province of Gangwon, according to Yonhap news agency.
One passenger car, three trucks and three tour buses collided one after another at about 1:27 p.m. local time (0427 GMT) on a road in Hongcheon county, some 100 km east of the capital Seoul.
A total of 79 people on board of the tour buses, including 72 students, four teachers and three drivers, were wounded. Among them, three were seriously injured.
The students and teachers from a middle school in Seoul were on a school trip.
Three other people aboard the trucks suffered injuries.
The fire authorities and police dispatched 12 pieces of equipment and some 30 rescuers to the scene while investigating the exact cause of the accident.
Photo: Firemen work at the fire site at a sound-proof tunnel of the second Gyeongin expressway in Gwacheon, South Korea, Dec. 29, 2022. (NEWSIS via Xinhua)