Connect with us

Media

TikTok က အရှေ့တောင်အာရှဒေသတွင် ဒစ်ဂျစ်တယ်စီးပွားရေး မြှင့်တင်ရန် အမေရိကန်ဒေါ်လာ ၁၂.၂ သန်း ရင်းနှီးမြှုပ်နှံမည်

ဂျကာတာ၊ ဇွန် ၁၆ ရက် (ဆင်ဟွာ)

လူမှုကွန်ရက်ပလက်ဖောင်းဖြစ်သော TikTok က လာမည့်သုံးနှစ်အတွင်း အရှေ့တောင်အာရှဒေသရှိ အသေးစားစီးပွားရေးလုပ်ငန်း ၁၂၀,၀၀၀ ကျော်ကို ပံ့ပိုးကူညီရေးနှင့် ၎င်းတို့၏ စီးပွားရေးလုပ်ငန်းများကို အော့ဖ်လိုင်း (offline) မှ အွန်လိုင်းသို့ (online) သို့ ကူးပြောင်းရေးအတွက် အမေရိကန်ဒေါ်လာ ၁၂.၂ သန်း ရင်းနှီးမြှုပ်နှံသွားမည်ဟု အမှုဆောင် အရာရှိချုပ် ကျိုးရှို့ကျစ်(Shou Zi Chew)က ဇွန် ၁၅ ရက်၌ ပြောကြားခဲ့သည်။

အဆိုပါ ရင်းနှီးမြှုပ်နှံမှုများကို ကျေးလက်နှင့် ဆင်ခြေဖုန်းဒေသများရှိ မိုက်ခရိုစီးပွားရေးလုပ်ငန်းများ အပါအဝင် အသေးစားစီးပွားရေးလုပ်ငန်းများအတွက် ငွေသားချေးငွေ၊ ဒစ်ဂျစ်တယ်စွမ်းရည်မြှင့်သင်တန်းများ၊ ကြော်ငြာ ချေးငွေများ ပါဝင်ကြောင်း သိရသည်။

အစီရင်ခံစာအရ ယင်းဒေသတွင်းရှိ အသေးစားစီးပွားရေးလုပ်ငန်းများသည် TikTok ပေါ်၌ ၎င်းတို့၏ ထုတ်ကုန်များနှင့် ဝန်ဆောင်မှုများ ရောင်းချမှုမှတစ်ဆင့် ဝင်ငွေ ၅၀ ရာခိုင်နှုန်းနီးပါး မြှင့်တင်နိုင်ခဲ့ကာ အဆိုပါ စီးပွားရေးလုပ်ငန်း ငါးခုတွင် လေးခု (၇၉ ရာခိုင်နှုန်း) က ယင်းပလက်ဖောင်းကို အသုံးပြု၍ အော့ဖ်လိုင်းမှ အွန်လိုင်းမာကတ်တင်းချန်နယ်များသို့ ကူးပြောင်းခဲ့ကြကြောင်း သိရသည်။

အင်ဒိုနီးရှားနိုင်ငံ၏ ဒစ်ဂျစ်တယ်စီးပွားရေးသည် ၂၀၁၉ ခုနှစ်က အမေရိကန်ဒေါ်လာ ၄၁ ဘီလီယံရှိရာမှ ၂၀၂၂ ခုနှစ်တွင် အမေရိကန်ဒေါ်လာ ၇၇ ဘီလီယံအထိ မြင့်တက်လာခဲ့ပြီး TikTok ပလက်ဖောင်းက အထူးသဖြင့် လူငယ်များကြား တွင်ကျယ်စွာ အသုံးပြုလျက်ရှိသော ဒစ်ဂျစ်တယ်ပလက်ဖောင်းများအနက် တစ်ခုဖြစ်ကြောင်း အင်ဒိုနီးရှားရှိနိုင်ငံ ပင်လယ်ရေကြောင်းရေးရာနှင့် ရင်းနှီးမြှုပ်နှံမှု ညှိနှိုင်းရေးဝန်ကြီး Luhut Binsar Pandjaitan က ပြောသည်။

TikTok ပလက်ဖောင်းကို အရှေ့တောင်အာရှဒေသတစ်ဝန်း သုံးစွဲသူ ၃၂၅ သန်းကျော်နှင့် စီးပွားရေးလုပ်ငန်း ၁၅ သန်းခန့်က အသုံးပြုလျက်ရှိကြောင်း အသစ်ထုတ်ပြန်လိုက်သော TikTok အစီရင်ခံစာအရ သိရသည်။ (Xinhua)

……………………………………….
(English Version)
TikTok to invest 12.2 mln USD to boost digital economy in Southeast Asia

JAKARTA, June 15 (Xinhua) — Social networking platform TikTok will invest 12.2 million U.S. dollars over the next three years to help over 120,000 small businesses in Southeast Asia, to transition their businesses from offline to online, said Chief Executive Officer Shou Zi Chew on Thursday.
The investment comprises cash grants, digital skills training and advertising credits for small businesses, including micro businesses, in rural and suburban areas.
According to the report, small businesses in this region polled increased their revenue by nearly 50 percent through selling their products and services on TikTok and close to four in five businesses (79 percent) transitioned from offline to online marketing channels using the platform.
Indonesia’s Coordinating Minister for Maritime Affairs and Investment Luhut Binsar Pandjaitan said at the event that Indonesia’s digital economy has grown from 41 billion U.S. dollars in 2019 to 77 billion U.S. dollars in 2022, and TikTok is one of the digital platforms that is widely used, especially by young people.
The newly released TikTok report suggests that this platform has more than 325 million monthly active users across Southeast Asia, and about 15 million businesses use the platform.