Connect with us

China

SCO သရုပ်ပြဧရိယာက အပြန်အလှန်ပူးပေါင်းဆောင်ရွက်မှုအတွက် အခွင့်အလမ်းသစ်များ ကမ်းလှမ်းပေး

တရုတ်နိုင်ငံ အရှေ့ပိုင်း ဆန်းတုန်းပြည်နယ် ချင်းသောင်မြို့တွင် ကျင်းပသော ၂၀၂၁ ခုနှစ် ရှန်ဟိုင်း ပူးပေါင်းဆောင်ရွက်မှုအဖွဲ့ (SCO) နိုင်ငံတကာရင်းနှီးမြှုပ်နှံမှုနှင့် ကုန်စည်ပြပွဲသို့ လာရောက်လေ့လာသူများကို ၂၀၂၁ ခုနှစ် ဧပြီ ၂၆ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ချင်းသောင်၊ ဇွန် ၁၇ ရက် (ဆင်ဟွာ)

အချိန်ကာလ ၅ နှစ်ကြာပြီးနောက် တရုတ်နိုင်ငံ အရှေ့ပိုင်း ချင်းသောင် ကမ်းရိုးတန်းမြို့တွင် တရုတ်- SCO ဒေသတွင်း စီးပွားရေးနှင့် ကုန်သွယ်ရေးပူးပေါင်းဆောင်ရွက်မှု သရုပ်ပြဧရိယာ (SCODA) သည် နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်မှုအတွက် ပလက်ဖောင်းသစ်အဖြစ် တိုးတက်ကြီးထွားလာခဲ့သည်။

ရှန်ဟိုင်း ပူးပေါင်းဆောင်ရွက်မှုအဖွဲ့ (SCO) သရုပ်ပြဧရိယာသည် ဘက်စုံ စီးပွားရေးနှင့် ကုန်သွယ်ရေး ပူးပေါင်းဆောင်ရွက်မှု အဆင်ပြေချောမွေ့စေရန်၊ ဒေသတွင်း စက်မှုလုပ်ငန်းနှင့် ထောက်ပံ့ကွင်းဆက်များ တည်ငြိမ်မှု ထိန်းသိမ်းရန် ကြီးမားသော ထောက်ပံ့သယ်ပို့လမ်းကြောင်း တည်ဆောက်မှုကို အရှိန်မြှင့်တင်ခဲ့သည်။

“SCO နိုင်ငံတွေအတွက် အာရှပစိဖိတ်ဒေသဆီ ဝင်ရောက်ဖို့နေရာတစ်ခု တည်ဆောက်ဖို့ ကြိုးစားနေပါတယ်” ဟု SCODA စီမံခန့်ခွဲမှုကော်မတီ တာဝန်ရှိသူ Zang Yuanqi က ပြောကြားခဲ့သည်။

အဆိုပါ ဧရိယာတွင် ရေကြောင်း၊ လေကြောင်းနှင့် ကုန်လမ်းသယ်ယူပို့ဆောင်မှုအပြင် SCO အဖွဲ့ဝင်နိုင်ငံများနှင့် ရပ်ဝန်းနှင့် ပိုးလမ်းမတစ်လျှောက်ရှိနိုင်ငံများ အပါအဝင် နိုင်ငံ ၂၃ နိုင်ငံရှိ မြို့ပေါင်း ၅၄ မြို့အထိ ပြေးဆွဲလျက်ရှိသော နိုင်ငံတကာကုန်တင်ရထားလမ်းကြောင်း ၃၁ ခုကိုလည်း လည်ပတ်ပြေးဆွဲလျက်ရှိသည်။ (Xinhua)

………………………………
(English Version)
SCO demonstration area offers opportunities for win-win cooperation
QINGDAO, June 16 (Xinhua) — Five years on, the China-SCO Local Economic and Trade Cooperation Demonstration Area (SCODA) in the eastern Chinese coastal city of Qingdao has grown into a new platform for international cooperation.
The Shanghai Cooperation Organization (SCO) demonstration area has sped up building a massive logistics passage to facilitate multilateral economic and trade cooperation and safeguard the stability of the industrial and supply chains in the region.
“We are striving to build the area into a gateway to the Asia Pacific for the SCO countries,” said Zang Yuanqi, an official with the SCODA’s management committee.
The area operates 31 international freight train routes, reaching 54 cities in 23 countries, including the SCO countries and those along the Belt and Road.
Photo: Guests visit the 2021 Shanghai Cooperation Organization (SCO) International Investment and Trade Expo in Qingdao, east China’s Shandong Province, April 26, 2021. (Xinhua/Li Ziheng)