Connect with us

Media

ကပ်ရောဂါဆိုးအတွင်း အသက်ရှင်ကျန်ရစ်သော သံပခြုပ်ကောင်များအား အစ္စရေးတွင် ပြသ

ဂျေရုဆလမ်၊ ဇွန် ၁၇ ရက် (ဆင်ဟွာ)

ပင်လယ်နီတွင် ကပ်ရောဂါဆိုးကြီးကြားမှ အသက်ရှင်ကျန်ရစ်ခဲ့သော သံပခြုပ်နှစ်ကောင်အား Israel Nature and Parks Authority က အစ္စရေးနိုင်ငံ Eilat မြို့ရှိ ငါးပြတိုက်တစ်ခုတွင် ထိန်းသိမ်းထားကြောင်း သိရသည်။
အနက်ရောင်သံပခြုပ်နှစ်ကောင်ကို အထူးရေကန်တစ်ခုထဲတွင် ထားရှိကြောင်း သိရသည်။ ၎င်းတို့အနက် တစ်ကောင်မှာ အထီးဖြစ်ပြီး နောက်တစ်ကောင်မှာ အမဖြစ်သည်။

ကြောက်မက်ဖွယ်ကပ်ရောဂါကြောင့် လအနည်းငယ်အတွင်း ဒေသတွင်းရှိ အနက်ရောင်သံပခြုပ်များအားလုံးနီးပါးသေဆုံးခဲ့ကြောင်း Tel Aviv တက္ကသိုလ်၊ သုတေသနအဖွဲ့မှ မေလတွင် ထုတ်ပြန်ခဲ့သည်။ (Xinhua)

………………………………

(English Version)
Sea urchins surviving severe epidemic on exhibit in Israel
Two black sea urchins, which survived a deadly epidemic in the Red Sea, are being preserved by the Israel Nature and Parks Authority at an aquarium in the Israeli city of Eilat.
The two black sea urchins are put in a special tank. One of them is male while the other is female.
The deadly epidemic killed almost all black sea urchin population in the region in a few months, a research team from Tel Aviv University said in May.
Xinhua News Agency correspondents reporting from Jerusalem.(XHTV)