Connect with us

China

တရုတ်နိုင်ငံက ကျောက်မီးသွေးစွမ်းအင်ကဏ္ဍအတွက် အာရှတွင် အကြီးဆုံး ကာဗွန်ဖမ်းယူသိုလှောင်စက်ရုံစီမံကိန်း ကြေညာ

တရုတ်နိုင်ငံ အနောက်တောင်ပိုင်း ဆန်းကျန့်မြို့မှ ကီလိုမီတာ ၂၀၀ အကွာ၊ Enping 15-1 ရေနံပလက်ဖောင်းရှိ ကာဗွန်သိုလှောင်စက်ရုံများကို ၂၀၂၃ ခုနှစ် ဇွန် ၁ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

နန်နင်း၊ ဇွန် ၂ ရက် (ဆင်ဟွာ)

တရုတ်စွမ်းအင်ရင်းနှီးမြှုပ်နှံမှုကော်ပိုရေးရှင်း (China Energy) က တရုတ်နိုင်ငံ အရှေ့ပိုင်း ကျန်းဆူးပြည်နယ်ရှိ ကျောက်မီးသွေးစွမ်းအင်သုံး လျှပ်စစ်ဓာတ်အားပေးစက်ရုံအတွက် အာရှ၌ အကြီးဆုံး ကာဗွန်ဖမ်းယူမှု၊ အကျိုးရှိစွာအသုံးချမှုနှင့် သိုလှောင်မှု (CCUS) စက်ရုံကို စတင်လည်ပတ်နေပြီဖြစ်ကြောင်း ဇွန် ၂ ရက်က ကြေညာခဲ့သည်။

China Energy ၏ ထိုင်ကျိုး ကျောက်မီးသွေးစွမ်းအင်သုံးဓာတ်အားပေးစက်ရုံရှိ ဓာတ်အားပေးယူနစ်တစ်ခုနှင့် ချိတ်ဆက်ထားသော အဆိုပါ စက်ရုံသည် နှစ်စဉ် ကာဗွန်ဒိုင်အောက်ဆိုက် တန်ချိန် ၅၀၀,၀၀၀ ဖမ်းယူနိုင်မည်ဖြစ်ကြောင်း China Energy က ဆိုသည်။

“စီမံကိန်းစမ်းသပ်လည်ပတ်နေစဉ်အတွင်း CCUS စနစ်က စိတ်ချရတဲ့ လုပ်ဆောင်မှုနဲ့ မြင့်မားတဲ့ ဘေးကင်းရေးစံချိန်စံညွှန်းတွေ၊ စွမ်းအင်ထိရောက်မှုညွှန်းကိန်းတွေနဲ့ ထုတ်ကုန်အရည်အသွေးတွေက သူတို့သတ်မှတ်ထားတဲ့အဆင့်တွေအတွင်းမှာ ဒါမှမဟုတ် အထက်မှာရှိတယ်ဆိုတာ လက်တွေ့ပြသထားပါတယ်” ဟု China Energy ကျန်းဆူးရုံးခွဲ ဥက္ကဋ္ဌ Ji Mingbin က ပြောခဲ့သည်။

ကာဗွန်ဒိုင်အောက်ဆိုက် ထုတ်လုပ်မှုနှင့် ဖမ်းယူမှုအားလုံးကို အကျိုးရှိရှိအသုံးချနိုင်ကြောင်း၊ ကုမ္ပဏီအနေဖြင့် လုပ်ငန်း ၈ ခုနှင့် စိတ်ချရသောစာချုပ်များ ချုပ်ဆိုထားပြီးဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။

ကျောက်မီးသွေးစွမ်းအင်သုံး လျှပ်စစ်ဓာတ်အားပေးစက်ရုံကြီးဖြစ်သော China Energy သည် တရုတ်နိုင်ငံ၌ ကာဗွန်ဖမ်းယူမှုနှင့် သိုလှောင်မှုရှေ့ပြေးစီမံကိန်းများ တည်ဆောက်ရာတွင် ဦးဆောင်ကုမ္ပဏီများအနက် တစ်ခုဖြစ်သည်။ အဆိုပါ စီမံကိန်းများသည် တရုတ်နိုင်ငံ၏ ၂၀၆၀ ပြည့်နှစ်တွင် ကာဗွန်ကင်းစင်ရေး ကြိုးပမ်းအားထုတ်မှုများအနက် တစ်ခုအပါအဝင်လည်း ဖြစ်သည်။ (Xinhua)

……………………………
(English Version)
China launches Asia’s largest carbon capture project for coal-fired power sector
NANJING, June 2 (Xinhua) — China Energy Investment Corporation (China Energy) on Friday announced that it has put Asia’s largest carbon capture, utilization and storage (CCUS) facility for the coal-fired power generation sector into operation in east China’s Jiangsu Province.
The facility, attached to a generation unit at China Energy’s Taizhou coal-fired power plant, will capture 500,000 tonnes of carbon dioxide (CO2) every year, China Energy said.
“During the project’s trial run, the CCUS system demonstrated reliable performance and high safety standards, and the energy efficiency indicators and product quality are at or above their designed levels,” said Ji Mingbin, president of China Energy Jiangsu Branch.
He revealed that all CO2 produced and captured can be utilized, as the company has already secured contracts with eight firms.
China Energy, a coal-fired power generation giant, is one of the leading companies building pilot carbon capture and storage projects in China. These projects are among the country’s endeavors to achieve carbon neutrality by 2060.
Photo: This aerial photo shows carbon storage facilities at the Enping 15-1 oil platform 200 km southwest of Shenzhen, south China, June 1, 2023. (Xinhua/Mao Siqian)