Connect with us

Media

နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများက တရုတ် မော်တော်ယာဉ် ထုတ်လုပ်ရေးလုပ်ငန်းတွင် အားကောင်းလာ

ချန်ချွမ်း၊ ဇွန် ၂ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ အရှေ့မြောက်ပိုင်း ကျီလင်ပြည်နယ်တွင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ပတ်ဝန်းကျင် ကောင်းမွန်အောင် အားထားဆောင်ရွက်လျက်ရှိရာ ကမ္ဘာ့မော်တော်ယာဉ် ထုတ်လုပ်သူ လုပ်ငန်းရှင်များနှင့် မော်တော်ယာဉ် အပိုပစ္စည်း ထုတ်လုပ်သူ လုပ်ငန်းရှင်းများအတွက် အကျိုးကျေးဇူးများ ရရှိခဲ့သည်။

Kumho တာယာကုမ္ပဏီသည် တောင်ကိုရီးယား၏ အကြီးဆုံး တာယာထုတ်လုပ်သူ ဖြစ်ပြီး လွန်ခဲ့သော နှစ်ပေါင်း ၂၀ ခန့်က ကျီလင်ပြည်နယ် မြို့တော် ချန်ချွမ်းတွင် ကုမ္ပဏီခွဲ ဖွင့်လှစ်ခဲ့သည်။ ယခုအခါ ယင်းကုမ္ပဏီသည် စွမ်းအင်သစ် မောင်တော်ယာဉ် ထုတ်ကုန်သစ်များကို စတင်ဖြန့်ဖြူးရန် ရည်ရွယ်လုပ်ဆောင်လျက် ရှိသည်။

Kumho Tire (Changchun) Co., Ltd အထွေထွေ မန်နေဂျာ Yang ChangMingက “ကျွန်တော်တို့က တရုတ်ကားထုတ်လုပ်သူများ ထုတ်လုပ်တဲ့ စွမ်းအင်သစ်မော်တော်ယာဉ်မှာ အသုံးပြုနိုင်မယ့် တာယာတွေကို ကြိုးပမ်း ထုတ်လုပ်နေပါတယ်။ ဒီနှစ်ကုန်မှာ တာယာ ၃.၈ သန်းခန့် ထုတ်လုပ်နိုင်မယ်လို့ မျှော်မှန်းရပါတယ်”ဟု ဆိုသည်။

ဂျာမနီ powertrain ကုမ္ပဏီ Vitesco Technologies၏ ချန်ချွမ်းမြို့အလုပ်ရုံတွင် မြင့်တက်လာသည့် အမှာစာများကို အလျင်မီစေရန် စွမ်းရည် အပြည့်အဝ လည်ပတ်လျက်ရှိသည်။
၂၀၂၀ ပြည့်နှစ်မှစ၍ ယင်းကုမ္ပဏီသည် ချန်ချွမ်းအလုပ်ရုံ၌ ရင်းနှီးမြှုပ်နှံမှု ယွမ် သန်း ၅၀၀ ကျော် (အမေရိကန် ဒေါ်လာ ၇၂.၃ သန်း) ရှိရာ ၎င်း၏ သုတေသနနှင့်ထုတ်လုပ်ရေးအဖွဲ့သည် လူပေါင်း ၃၃၀ အထိ တိုးတက်လာခဲ့သည်။

Vitesco Automotive Changchun Co., Ltd အထွေထွေမန်နေဂျာ Jiang HuaiShengက “ယခုနှစ် ဒုတိယနဲ့ တတိယ သုံးလပတ်ကာလမှာ တရုတ်ဈေးကွက် ပြန်လည်ကောင်းမွန်လာတဲ့အမျှ ကျွန်တော်တို့ရဲ့ ရောင်းအားတွေက ပြီးခဲ့တဲ့နှစ်ကာလတူထက် တိုးတက်လာခဲ့ပါတယ်။ စွမ်းအင်သစ်မော်တော်ယာဉ်ကဏ္ဍမှာ တရုတ်နိုင်ငံက ရှေ့ဆုံးက သွားနေတာပါ။ ကျွန်တော်တို့ကတော့ ပိုမိုများပြားတဲ့ စီမံကိန်းတွေ ချန်ချွမ်းကို သယ်ဆောင်လာပြီး ရင်းနှီးမြှုပ်နှံမှုနဲ့ ထုတ်လုပ်မှုစွမ်းရည်ကို တိုးချဲ့သွားမှာပါ”ဟု ပြောကြားခဲ့သည်။ (Xinhua)

…………………………….
(English Version)
Foreign capital spurs new vitality in China’s auto industry cradle
Northeast China’s Jilin Province has been optimizing its business environment for foreign investors.
Global automakers and auto parts manufacturers have benefited from the efforts.
Kumho Tire is one of the largest tire makers in South Korea.
It started a subsidiary in Changchun, the capital of Jilin, about two decades ago.
Today, it aims to launch new products for new energy vehicles.
SOUNDBITE 1 (Chinese): YANG CHANGMING, General Manager of Kumho Tire (Changchun) Co., Ltd.
“We are striving to develop tires suitable for new energy vehicles produced by Chinese automakers. We are expected to produce about 3.8 million tires this year.”
The workshop of German powertrain company Vitesco Technologies in Changchun is operating at full capacity to catch up with rising orders.
Since 2020, it has invested more than 500 million yuan (72.5 million U.S. dollars) in the Changchun workshop, where its R&D team has increased to 330 people.
SOUNDBITE 2 (Chinese): JIANG HUAISHENG, General manager of Vitesco Automotive Changchun Co., Ltd.
“Since the second and third quarters this year, our sales will increase immensely compared to the same period last year with the recovery of the Chinese market. In the new energy vehicle sector, China is at the forefront. We will bring more projects to Changchun and expand our investment and production capacity.”
Xinhua News Agency correspondents reporting from Changchun, China.