Connect with us

China

တရုတ်နိုင်ငံက အဆိုပြုထားသော GDI ကို ကောင်းမွန်စွာအကောင်အထည်ဖော်လျက်ရှိ

တရုတ်နိုင်ငံ အနောက်တောင်ပိုင်း ယူနန်ပြည်နယ်ရှိ ယွမ်ကျန်းမြစ်ပေါ် တည်ဆောက်ထားသော တံတားတစ်စင်းပေါ်၌ ဖြတ်သန်းသွားသော တရုတ်-လာအိုရထားလမ်း၏ လျှပ်စစ်ရထား (EMU) တစ်စင်းကို ၂၀၂၁ ခုနှစ် ဒီဇင်ဘာ ၃ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ပေကျင်း၊ ဇွန် ၂၁ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံက အဆိုပြုထားသော ကမ္ဘာလုံးဆိုင်ရာဖွံ့ဖြိုးတိုးတက်ရေးအဆိုပြုချက် (GDI) ကို ကောင်းမွန်စွာ ဖော်ဆောင်လျက်ရှိရာ ၎င်းနှင့်ဆက်စပ်သော စီမံကိန်းများတွင် လက်တွေ့ရလဒ်များရရှိနေကြောင်း ဇွန် ၂၀ ရက်၌ ထုတ်ပြန်သည့် အစီရင်ခံစာအရ သိရသည်။

Center for International Knowledge on Development မှ ရေးသားပြုစုထားသော ကမ္ဘာလုံးဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှုအဆိုပြုချက်ဆိုင်ရာ တိုးတက်မှုအစီရင်ခံစာတွင် GDI ကို အကောင်အထည်ဖော် ဆောင်ရွက်ခြင်းနှင့် ၎င်း၏ အောင်မြင်မှုများအား အသေးစိတ်ဖော်ပြခဲ့သည်။

၂၀၂၂ ခုနှစ် ဇွန်လတွင် ထုတ်ပြန်ခဲ့ပြီး ကမ္ဘာလုံးဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှုအဆင့်မြင့်ဆွေးနွေးပွဲ အစီရင်ခံစာ စာရင်းတွင် အဆိုပြုထားသော အစီအစဉ် ၃၂ ခု၏ ထက်ဝက်မှာ ပြီးမြောက်သွားပြီဖြစ်သလို ကနဦးရလဒ်များလည်း ရရှိနေပြီဖြစ်ကြောင်း အစီရင်ခံစာအရ သိရသည်။

ထို့ပြင် ၂၀၂၂ ခုနှစ် စက်တင်ဘာလတွင် ထုတ်ပြန်ခဲ့သော GDI စီမံကိန်း ပထမဆုံးစာရင်း၌ ပါဝင်သော လက်တွေ့ပူးပေါင်းဆောင်ရွက်မှု စီမံကိန်း ၅၀ အနက် ၁၀ ခုမှာ ပြီးစီးသွားပြီဖြစ်ကာ ကျန်သောစီမံကိန်းများမှာလည်း ပုံမှန်တိုးတက်လျက်ရှိကြောင်း အစီရင်ခံစာအရ သိရသည်။ (Xinhua)

……………………………………..
(English Version)
China-initiated GDI seeing sound implementation: report
BEIJING, June 20 (Xinhua) — The Global Development Initiative (GDI) initiated by China in 2021 is currently seeing sound implementation, with a number of relevant projects yielding tangible results, according to a report released Tuesday.
The Progress Report on the Global Development Initiative, which was compiled by the Center for International Knowledge on Development, recounted the major efforts in implementing the GDI as well as its achievements.
According to the report, half of the 32 concrete actions proposed in the list of Deliverables of the High-level Dialogue on Global Development, which was released in June 2022, have been accomplished or have yielded initial results.
The report also noted that, of the 50 practical cooperation projects included in the first list of the GDI project pool released in September 2022, more than 10 have been completed, while the rest are seeing steady progress.
Photo: Aerial photo shows an electric multiple unit (EMU) train of the China-Laos Railway crossing a bridge over the Yuanjiang River in southwest China’s Yunnan Province, Dec. 3, 2021. (Xinhua/Wang Guansen)