Connect with us

Asia

ဗီယက်နမ်နိုင်ငံ ၏ ဒူးရင်းသီးတင်ပို့မှုမှာ တရုတ်နိုင်ငံမှ ဝယ်လိုအားမြင့်တက်ခြင်းကြောင့် ဇန်နဝါရီမှ မေလအတွင်း ၁၈ ဆမြင့်တက်

ဗီယက်နမ်နိုင်ငံ၊ Dong Nai ပြည်နယ်၊ Tan Phu ကောင်တီ၊ Tan Phu မြို့၌ တရုတ်နိုင်ငံသို့ တင်ပို့မည့် ဒူးရင်းသီးများကို ထုပ်ပိုးနေသော အလုပ်သမားနှစ်ဦးအား ၂၀၂၃ ခုနှစ်၊ ဇွန် ၁၆ ရက်ကတွေ့ရစဉ် (ဓာတ်ပုံ- VNA/Handout via Xinhua)

ဟနွိုင်း၊ ဇွန် ၂၁ ရက် (ဆင်ဟွာ)

ဗီယက်နမ်နိုင်ငံသည် ၂၀၂၃ ခုနှစ် ပထမငါးလအတွင်း ဒူးရင်းသီးတင်ပို့မှုမှ အမေရိကန်ဒေါ်လာ သန်း ၅၀၀ ကျော် ရရှိခဲ့ပြီး ယမန်နှစ်ကာလတူက ထက် ၁၈ ဆ မြင့်တက်ခဲ့ကြောင်း ဗီယက်နမ်သတင်းအေဂျင်စီက ဇွန်၂၀ ရက်၌ ဖော်ပြခဲ့သည်။

ဗီယက်နမ်နိုင်ငံသည် ဇန်နဝါရီမှ မေလအတွင်း ဒူးရင်းသီးတန်ချိန် ၆၅,၀၀၀ ကျော် တင်ပို့ခဲ့ကြောင်း၊ တင်ပို့မှု၏ ၉၇ ရာခိုင်နှုန်းကို တရုတ်နိုင်ငံမှ ဝယ်ယူခဲ့ခြင်းဖြစ်ပြီး ၎င်းမှာ ၂၀၂၂ ခုနှစ် စုစုပေါင်းတင်ပို့ခဲ့ရမှုထက် ၄၁ ရာခိုင်နှုန်း တိုးမြင့်လာခဲ့ကြောင်း စိုက်ပျိုးရေးနှင့် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဝန်ကြီးဌာနမှ သိရသည်။

ဗီယက်နမ်နိုင်ငံ၊ Dong Nai ပြည်နယ်၊ Tan Phu ကောင်တီ၊ Tan Phu မြို့၌ တရုတ်နိုင်ငံသို့ တင်ပို့မည့် ဒူးရင်းသီးများကို ထုပ်ပိုးနေသော အလုပ်သမားနှစ်ဦးအား ၂၀၂၃ ခုနှစ်၊ ဇွန် ၁၆ ရက်ကတွေ့ရစဉ် (ဓာတ်ပုံ- VNA/Handout via Xinhua)

ဗီယက်နမ်နိုင်ငံ၌ မေလတွင် ခူးဆွတ်သည့် ရာသီရောက်ရှိခဲ့ရာ ဒူးရင်းသီးတင်ပို့မှုတန်ဖိုးမှ အမေရိကန်ဒေါ်လာ ၃၃၂ သန်းအထိ စံချိန်တင်မြင့်တက်ခဲ့ပြီး ဧပြီလထက် ၁၀ ဆ ပိုမိုများပြားခဲ့ကြောင်း သိရသည်။

တရုတ်နိုင်ငံသည် အပူပိုင်းသစ်သီးများကို ကြိုက်နှစ်သက်ကြောင်း သိရသည်။ ဗီယက်နမ်နိုင်ငံသည် ယမန်နှစ်က ဒူးရင်းသီးတန်ချိန် ၈၂၅,၀၀၀ တင်ပို့ခဲ့ကြောင်း တရုတ်အကောက်ခွန် အချက်အလက်များအရ သိရသည်။

ဗီယက်နမ်နိုင်ငံ၏ ဒူးရင်းသီးတင်ပို့မှုသည် ၂၀၂၃ ခုနှစ်တွင် အမေရိကန်ဒေါ်လာ ၁ ဘီလီယံအထိ ရနိုင်ကြောင်း ခန့်မှန်းထားသည်။ (Xinhua)

……………………………………
(English Version)
Vietnam’s durian exports jump 18 times in Jan-May on bloated demand from China
HANOI, June 21 (Xinhua) — Vietnam earned more than 500 million U.S. dollars from durian exports in the first five months of the year, equivalent to a jump of 18 times from a year ago, Vietnam News Agency reported on Tuesday.
The country exported more than 65,000 tons of durian during the January-May period, up 41 percent from the total of 2022, with China buying 97 percent of the shipment, according to the Ministry of Agriculture and Rural Development.
Vietnamese durian entered its harvest season in May, thus the export value of the fruit hit a record high of 332 million dollars, more than 10 times higher than in April.
China’s appetite for tropical fruit is enormous. Last year, the country imported 825,000 tons of durian, according to Chinese customs data.
The country’s durian exports are forecast to reach 1 billion dollars in 2023.■
Two workers pack durians for export to China on June 16, 2023, in Tan Phu town, Tan Phu county, Dong Nai province, Vietnam. (VNA/Handout via Xinhua)