Connect with us

China

တရုတ်နိုင်ငံက နဂါးလှေပွဲတော်အတွင်း ခရီးသည်ခရီးစဉ် ၇၁ သန်း ကိုင်တွယ်ဆောင်ရွက်မည်

တရုတ်နိုင်ငံ တောင်ပိုင်း ကွမ်ရှီး (ကျွမ့်) ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ နန်နင်းမြို့ရှိ Nanning East ဘူတာရုံတွင် ရထားများနှင့် ထွက်ခွာရန် စောင့်ဆိုင်းနေသောခရီးသည်များကို ၂၀၂၃ ခုနှစ် ဧပြီ ၂၉ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ပေကျင်း၊ ဇွန် ၂၁ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံသည် နဂါးလှေပွဲတော်အတွင်း ရထားဖြင့်သွားလာသောခရီးစဉ် များပြားလာမည်ဟု မျှော်မှန်းထားကြောင်း China State Railway Group ကုမ္ပဏီလီမိတက်က ဇွန် ၂၁ ရက်၌ ပြောကြားခဲ့သည်။
ဇွန် ၂၁ ရက်မှ ၂၅ ရက်အထိ ရထားဖြင့်သွားလာသောခရီးသည်ခရီးစဉ် ၇၁ သန်းခန့် ရှိလာမည်ဖြစ်ကာ နေ့စဉ် ပျမ်းမျှ ခရီးသည်ခရီးစဉ် ၁၄.၂ သန်းရှိမည်ဖြစ်ကြောင်း ယင်းကုမ္ပဏီက ဆိုသည်။

ထို့ပြင် ခရီးသည်ဖြတ်သန်းသွားလာမှုမှာ ဇွန် ၂၂ ရက်၌ အများဆုံးဖြစ်လာကာ ရထားခရီးသည်ခရီးစဉ် ၁၆ သန်းခန့် ရှိမည်ဟု ခန့်မှန်းထားသည်။

တရုတ်နိုင်ငံ၏ ရထားလုပ်ငန်းသည် သယ်ယူပို့ဆောင်မှုအရည်အသွေးကို မြှင့်တင်လျက်ရှိသလို ပြည်သူများ၏ ခရီးသွားလိုအပ်ချက်များကိုလည်း စိတ်ကျေနပ်မှုရှိနိုင်စွမ်းအား တိုးမြှင့်လျက်ရှိပြီး ခရီးသွားများအတွက် ပိုမိုကောင်းမွန်သော အတွေ့အကြုံများ ရရှိစေရန် ဝန်ဆောင်မှုအရည်အသွေးအပေါ် မြှင့်တင်လျက်ရှိကြောင်း သိရသည်။

တွမ်းဝူဟု လူသိများသော နဂါးလှေပွဲတော်ကို တရုတ်ပြက္ခဒိန်၏ ပဉ္စမမြောက်လ၏ ပဉ္စမမြောက်နေ့၌ ကျင်းပခြင်းဖြစ်သည်။ (Xinhua)

…………………………………..
(English Version)
China’s railways to handle 71 mln passenger trips during Dragon Boat Festival
BEIJING, June 21 (Xinhua) — China will see a boom in railway trips during the Dragon Boat Festival holiday, China State Railway Group Co., Ltd. said Wednesday.
Around 71 million railway trips will be made from Wednesday to Sunday, with the average daily railway trips reaching 14.2 million, the group said.
The passenger flow will peak on Thursday, with about 16 million railway trips expected to be made.
China’s railways are maximizing their transportation potential and increasing capacity to satisfy people’s travel needs, while improving service quality to ensure that passengers have better experiences, the group said.
The Dragon Boat Festival, also called Duanwu Festival, is celebrated on the fifth day of the fifth month of the Chinese lunar calendar.
Photo: Passengers wait to board trains at Nanning East Railway Station in Nanning, south China’s Guangxi Zhuang Autonomous Region, April 29, 2023. (Xinhua/Zhou Hua)