Connect with us

Asia

တရုတ်နိုင်ငံ၏ ပူးပေါင်းဆောင်ရွက်မှုက ပါကစ္စတန်နိုင်ငံအား စိုက်ပျိုးရေးကဏ္ဍတွင် အသိအမှတ်ပြုလောက်ဖွယ် တိုးတက်မှု ဆောင်ကြဉ်းပေးလျက်ရှိ

ပါကစ္စတန်နိုင်ငံ လာဟိုးမြို့စွန်တွင် ဂျုံများ ရိတ်သိမ်းနေသူတစ်ဦးကို ၂၀၂၁ ခုနှစ် မေ ၂၀ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

အစ္စလာမ်မာဘတ်၊ ဇွန် ၂၂ ရက် (ဆင်ဟွာ)

တရုတ်-ပါကစ္စတန် စီးပွားရေးစင်္ကြံ (CPEC) ရှိ တရုတ်နိုင်ငံ၏ လယ်ယာစိုက်ပျိုးရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုက အထွက်တိုးခြင်း၊ ရောဂါကင်းသော ကောက်ပဲသီးနှံများနှင့် စွမ်းရည်မြှင့်တင်ရေး စသည်တို့အပါအဝင် ပါကစ္စတန်နိုင်ငံအား ယင်းကဏ္ဍ၌ အသိအမှတ်ပြုလောက်ဖွယ် တိုးတက်မှု ဆောင်ကြဉ်းပေးရာတွင် အထောက်အကူပြုခဲ့ကြောင်း ကျွမ်းကျင်သူများက ဇွန် ၂၁ ရက်တွင် ပြောကြားခဲ့သည်။
Institute of Peace and Diplomatic Studies (IPDS) မှ ကြီးမှူးကျင်းပသည့် “CPEC အောက်တွင် တရုတ်-ပါကစ္စတန် လယ်ယာစိုက်ပျိုးရေးပူးပေါင်းဆောင်ရွက်မှု – အောင်မြင်မှုများနှင့် စိန်ခေါ်မှုများ” ခေါင်းစဉ်ဖြင့် ပြုလုပ်သော အွန်လိုင်းဆွေးနွေးပွဲတစ်ခုတွင် တရုတ်နိုင်ငံနှင့် ပါကစ္စတန်ကြား လယ်ယာစိုက်ပျိုးရေး ပူးပေါင်းဆောင်ရွက်မှုက ပါကစ္စတန်နိုင်ငံတွင် တီထွင်ဆန်းသစ်မှုရှိသော လက်တွေ့ကျင့်သုံးမှုများကို ကြေညာခဲ့ကြောင်း ပညာရှင်များက ပြောကြားခဲ့သည်။

ရာသီဥတုပြောင်းလဲမှု၊ စွမ်းအင်အကျပ်အတည်းများနှင့် လုံခြုံရေးကိစ္စရပ်များ အပါအဝင် စိန်ခေါ်မှုများကို ထည့်သွင်းစဉ်းစားလျက် စက်မှုလုပ်ငန်းပညာရှင်များ၊ စိုက်ပျိုးရေးကျွမ်းကျင်ပညာရှင်များ၊ စီးပွားရေးလုပ်ငန်းရှင်များနှင့် ပညာရပ်ဆိုင်ရာကျွမ်းကျင်သူများ ပါဝင်သော ဆွေးနွေးပွဲတက်ရောက်လာသူများက နှစ်နိုင်ငံအနေဖြင့် အနာဂတ်မျိုးဆက်သစ်များအတွက် လယ်ယာစိုက်ပျိုးရေး ပူးပေါင်းဆောင်ရွက်မှု အားပေးမြှင့်တင်ခြင်းအတွက် ၎င်းတို့၏ ကတိကဝတ်ကို မည်သို့ အခိုင်အမာဆောင်ရွက်နိုင်မည်ဆိုသည်ကို အလေးထားဆွေးနွေးခဲ့ကြသည်။

“ပါကစ္စတန်နဲ့ တရုတ်နိုင်ငံကြား လယ်ယာစိုက်ပျိုးရေးနဲ့ စားသောက်ကုန်ကဏ္ဍမှာ ပူးပေါင်းဆောင်ရွက်ဖို့ အလွန်လိုအပ်ပါတယ်။ တရုတ်နိုင်ငံရဲ့ ကျွမ်းကျင်ပိုင်နိုင်မှုနဲ့ ပါကစ္စတန်ရဲ့ အရင်းအမြစ်တွေပေါကြွယ်ဝမှုတွေက နှစ်နိုင်ငံလုံးကို အပြန်အလှန် အကျိုးပြုနိုင်ပါတယ်” ဟု LTEC International Agriculture Development Co. (Pvt) လီမိတက်မှ စီးပွားရေးဆိုင်ရာ အကြီးအကဲ ဟွမ်ဖေက ပြောကြားခဲ့သည်။ (Xinhua)

………………………………
(English Version)
China’s cooperation helps Pakistan bring remarkable development in agriculture: experts
ISLAMABAD, June 22 (Xinhua) — China’s agricultural cooperation under the China-Pakistan Economic Corridor (CPEC) helped Pakistan to bring remarkable development in the field, including increased yields, disease-free crops and capacity building, said experts on Wednesday.
Addressing a webinar with the title “China-Pakistan Agricultural Cooperation under CPEC: Achievements and Challenges” hosted by the Institute of Peace and Diplomatic Studies (IPDS), experts said that the agricultural cooperation between China and Pakistan launched innovative practices in Pakistan.
Considering the formidable challenges, including climate change, energy crises and security issues, the participants including industrialists, agriculture experts, entrepreneurs and educationalists highlighted how the two nations remained steadfast in their commitment to fostering agricultural collaboration for future generations.
“There is a dire need for collaboration between Pakistan and China in the agriculture and food sectors, where China’s expertise and Pakistan’s abundant resources can mutually benefit both nations,” added Commercial Head of the LTEC International Agriculture Development Co. (Pvt) Ltd Huang Pei.
Photo: A farmer harvests wheat on the outskirts of Lahore, Pakistan, May 20, 2021. (Photo by Sajjad/Xinhua)