Connect with us

Africa & Middle East

အာဖဂန်နစ္စတန်နိုင်ငံတွင် လုံခြုံရေး၊ စီးပွားရေးကျပ်တည်းမှုများကြားမှ အိဒ်ပွဲတော် ကျင်းပ

အာဖဂန်နစ္စတန်နိုင်ငံ မြို့တော် ကဘူးလ်တွင် အိဒ်ပွဲတော် (Eid al-Adha) အတွင်း ဝတ်ပြုနေသူများကို ၂၀၂၃ ခုနှစ် ဇွန် ၂၈ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ကဘူးလ်၊ ဇွန် ၂၉ ရက် (ဆင်ဟွာ)

ကမ္ဘာတစ်ဝန်းရှိ အစ္စလာမ်ဘာသာဝင်များ၏ နှစ်စဉ်ဘာသာရေးပွဲတော်များအနက် အကြီးဆုံးတစ်ခုဖြစ်သော အိဒ်ပွဲတော် (Eid al-Adha) ကို ဇွန် ၂၈ ရက်က လုံခြုံရေးတင်းကျပ်ထားသည့်ကြားမှ အာဖဂန်လူမျိုးများလည်း ကျင်းပခဲ့ကြသည်။

အာဖဂန်နစ္စတန်နိုင်ငံ မြို့တော် ကဘူးလ်တွင် အိဒ်ပွဲတော် (Eid al-Adha) အတွင်း ဝတ်ပြုနေသူများကို ၂၀၂၃ ခုနှစ် ဇွန် ၂၈ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

အာဖဂန်နစ္စတန်နိုင်ငံ မြို့တော် ကဘူးလ်တွင် အိဒ်ပွဲတော် (Eid al-Adha) အတွင်း တစ်ဦးနှင့်တစ်ဦး ပွေ့ဖက်နှုတ်ဆက်နေသူများကို ၂၀၂၃ ခုနှစ် ဇွန် ၂၈ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

“လုံခြုံရေးကြောင့် ခိုးမှုနဲ့ ဓားပြမှုတွေ အပါအဝင် မှုခင်းတွေလည်း သိသိသာသာလျော့ကျသွားတယ်။ ပြီးတော့ ပြည်သူတွေအနေနဲ့လည်း ငြိမ်းချမ်းတဲ့ပတ်ဝန်းကျင်မှာ နေထိုင်နေရတယ်” ဟု ကဘူးလ်မြို့ ဒေသခံ နာကီဘူလာက ဆင်ဟွာသို့ပြောခဲ့သည်။

သို့ရာတွင် ဈေးသည်တစ်ဦးဖြစ်သော နာကီဘူလာက စစ်မက်ဒဏ်ခံစားနေရသော အာဖဂန်နစ္စတန်ရှိ စီးပွားရေးအခြေအနေမှာ ဆိုးဝါးသည်ဟု ဆိုသည်။
၎င်း၏စီးပွားရေးလုပ်ငန်းမှ ရရှိသော အကျိုးအမြတ်မှာ ယခင်နှစ်များနှင့် နှိုင်းယှဉ်ပါက ၈၀ ရာခိုင်နှုန်း ကျဆင်းသွားကြောင်း ၎င်းက ပြောခဲ့သည်။

ဝတ်ပြုသူများ ဘေးကင်းရေးအတွက် လုံခြုံရေးဆောင်ရွက်ချက်များ၏ တစ်စိတ်တစ်ပိုင်းအဖြစ် လုံခြုံရေးတပ်ဖွဲ့ဝင်များက ဗလီများအားလုံးရှိ ဂိတ်ပေါက်များတွင် ဖြန့်ကျက်နေရာယူထားပြီး ဗလီအတွင်း ဝင်ရောက်မည့်သူများကို စစ်ဆေးခဲ့ကြောင်း သိရသည်။ (Xinhua)

…………………………..
(English Version)
Afghanistan celebrates Eid al-Adha amid tight security, economic hardships
KABUL, June 29 (Xinhua) — Afghans celebrated Eid al-Adha on Wednesday, one of the largest annual religious festivals observed by Muslims worldwide, amid tight security.
“In terms of security, criminal activities, including theft and robbery, have been drastically reduced, and people are living in a peaceful environment,” Kabul resident Naqibullah told Xinhua.
Nonetheless, Naqibullah, who is a shopkeeper, was critical of the economic situation in the war-torn country.
The shopkeeper claimed that the profit he earned from his business compared to previous years has dropped by 80 percent.
The security personnel had been deployed at the gate of all the mosques and checked anyone who entered the mosque as part of security measures to ensure the safety of the worshippers.
Photo 1,2: People pray during Eid al-Adha in Kabul, capital of Afghanistan, on June 28, 2023. (Photo by Saifurahman Safi/Xinhua)
Photo 3: People embrace each other during Eid al-Adha in Kabul, capital of Afghanistan, on June 28, 2023. (Photo by Saifurahman Safi/Xinhua)