Connect with us

North America

“တိုင်တန်” ရေငုပ်သင်္ဘောငယ် အပျက်အစီးများအတွင်း လူသေရုပ်လောင်းဟု ယူဆရသောအရာအား တွေ့ရှိ

တိုင်တန်ရေငုပ်သင်္ဘောငယ်အား တွေ့ရစဉ် (ဓာတ်ပုံ- OceanGate Expeditions)

ဝါရှင်တန်၊ ဇွန် ၂၉ ရက် (ဆင်ဟွာ)

မကြာမီရက်များက “ကပ်ဘေးအသွင် အတွင်းပိုင်းပေါက်ကွဲမှု” ဖြစ်ပွားခဲ့သည့် အမေရိကန် “တိုင်တန်” ရေငုပ်သင်္ဘောငယ်၏ အပျက်အစီးများအတွင်း လူသေရုပ်အလောင်းဟု ယူဆရသောအရာကို တွေ့ရှိရကြောင်း အမေရိကန် ကမ်းခြေစောင့်တပ်ဖွဲ့က ဇွန် ၂၈ ရက်တွင် ပြောကြားခဲ့သည်။ ပြန်လည်ဆယ်ယူခဲ့သည့် “တိုင်တန်”ရေငုပ်သင်္ဘောငယ်၏ အစိတ်အပိုင်းကို ယင်းနေ့တွင်ပင် ကနေဒါနိုင်ငံ Newfoundland ရှိ ဆိပ်ကမ်းတစ်ခုသို့ ပို့ဆောင်ခဲ့သည်။

အမေရိကန် ဆေးပညာ ကျွမ်းကျင်သူများက လူသေရုပ်အလောင်းဟု ယူဆရသောအရာကို ခွဲခြမ်းစိတ်ဖြာလေ့လာလျက် ရှိကြောင်း အမေရိကန် ကမ်းခြေစောင့် ရဲတပ်ဖွဲ့၏ ကြေညာချက်တစ်စောင်တွင် ဖော်ပြထားသည်။ စုံစမ်းစစ်ဆေးထားသော အထောက်အထားများကို နောက်ထပ်လေ့လာစစ်ဆေးမှုများပြုလုပ်ရန် ကမ်းခြေစောင့်ရဲတပ်ဖွဲ့က အမေရိကန် ဆိပ်ကမ်းသို့ ပို့ဆောင်သွားမည် ဖြစ်ကြောင်း သိရသည်။

အဆိုပါအထောက်အထားများက အချင်းဖြစ်ပွားမှုကို စုံစမ်းစစ်ဆေးရာတွင် အရေးပါသော အထောက်အကူ ဖြစ်လိမ့်မည်ဟု အမေရိကန် အရာရှိတစ်ဦးက ဆိုသည်။

“တိုင်တန်” ရေငုပ်သင်္ဘောငယ်သည် “တိုင်တန်းနစ်”သင်္ဘောပျက်သို့ သွားရောက်လေ့လာရန် ဇွန် ၁၈ ရက်က အမေရိကန်နိုင်ငံ မက်ဆာချူးဆက်ပြည်နယ် Cape Cod ကျွန်းဆွယ် အရှေ့ဘက် ကီလိုမီတာ ၁၄၅၀ ခန့်အကွာတွင် ရေငုပ်ခဲ့ခြင်း ဖြစ်ပြီး စတင်ထွက်ခွါပြီး ၁ နာရီ ၄၅ မိနစ်အကြာတွင် အဆက်အသွယ်ပြတ်သွားခဲ့သည်။ အမေရိကန်၊ ကနေဒါ စသည့်နိုင်ငံများက လေယာဉ်နှင့်ရေယာဉ်များ စေလွှတ်ပြီး မြောက်အတ္တလန္တိတ် သမုဒ္ဒရာတွင် ရှာဖွေကယ်ဆယ်မှုများ ပြုလုပ်ခဲ့သည်။ “တိုင်တန်”ရေငုပ်သင်္ဘောငယ်သည် နစ်မြုပ်နေသည့်သင်္ဘောအနီးတွင် “ကပ်ဘေးအသွင် အတွင်းပိုင်းပေါက်ကွဲမှု” ဖြစ်ပွားခဲ့ပြီး ရေငုပ်သင်္ဘောငယ်၌လိုက်ပါသူ ၅ ဦးစလုံး သေဆုံးခဲ့ကြောင်း အမေရိကန် ကမ်းခြေစောင့်တပ်ဖွဲ့က ဇွန် ၂၂ ရက်တွင် ပြောကြားခဲ့သည်။ (Xinhua)

………………………………
(Chinese Version)
“泰坦”号深潜器残骸内发现疑似人体遗骸
新华社华盛顿6月28日电美国海岸警卫队28日说,日前发生“灾难性内爆”的美国深海潜水器“泰坦”号的残骸内发现疑似人体遗骸。被打捞起来的“泰坦”号部分部件当日被运往加拿大纽芬兰一个港口。
美国海岸警卫队在一份声明中表示,美国医学专业人士将对疑似人体遗骸进行分析。美国海岸警卫队准备把这些调查证据运往美国港口进行进一步分析检查。美国官员指出,这些证据将对事故原因的调查提供重要帮助。
“泰坦”号深潜器18日在美国马萨诸塞州科德角以东约1450公里的海域下潜前往考察“泰坦尼克”号邮轮残骸,出发约1小时45分钟后失联。美国、加拿大等国的飞机和舰船随后在北大西洋海域展开大规模搜救行动。美国海岸警卫队22日表示,“泰坦”号在沉船地点附近发生“灾难性内爆”并导致5名乘员全部死亡。(完)
1. 这是海洋之门勘探公司网站发布的“泰坦”号深潜器的资料图片。新华社发(海洋之门勘探公司供图)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.