Connect with us

Media

အိန္ဒိယနိုင်ငံ၌ အဆက်မပြတ်မိုးရွာသွန်းမှုကြောင့် ခရမ်းချဉ်သီးဈေးနှုန်းများမြင့်တက်

နယူးဒေလီ၊ ဇွန် ၂၉ ရက် (ဆင်ဟွာ)

အိန္ဒိယနိုင်ငံ နေရာအနှံ့အပြား မိုးသည်းထန်စွာရွာသွန်းခဲ့ခြင်းကြောင့် ကောက်ပဲသီးနှံများ ပျက်စီးဆုံးရှုံးမှုဖြစ်ပွားခဲ့ကာ လွန်ခဲ့သည့်ရက်သတ္တပတ်အတွင်း ခရမ်းချဉ်သီးဈေးနှုန်းများသည် တစ်ကီလိုဂရမ်လျှင် အိန္ဒိယရူပီး ၃၀ (အမေရိကန်ဒေါ်လာ ၃၆ ဆင့်) မှ အိန္ဒိယရူပီး ၁၂၀ (အမေရိကန်ဒေါ်လာ ၁.၄၆) ဝန်းကျင်အထိ အနည်းဆုံး သုံးဆမှ လေးဆအထိ မြင့်တက်ခဲ့ကြောင်း သိရသည်။

ဒေလီမြို့နှင့် အနီးပတ်ဝန်းကျင်ရှိဒေသများတွင် ခရမ်းချဉ်သီးများကို တစ်ကီလိုဂရမ်လျှင် အိန္ဒိယရူပီး ၁၀၀-၁၂၀ (အမေရိကန်ဒေါ်လာ၁.၂၂-၁.၄၆) ဖြင့် ရောင်းချလျက်ရှိပြီး စီးပွားရေးမြို့တော် မွမ်ဘိုင်း၌မူ တစ်ကီလိုဂရမ်လျှင် အိန္ဒိယရူပီး ၈၀ (အမေရိကန်ဒေါ်လာ ၉၇ ဆင့်) ဖြင့် ရောင်းချခဲ့ကာ ၊ နိုင်ငံ၏ အနောက်ပိုင်း ကိုလ်ကတ္တားမြို့၌ တစ်ကီလိုဂရမ်လျှင် အိန္ဒိယရူပီး ၇၅ (၉၁ ဆင့်) နှင့် နိုင်ငံ၏ တောင်ပိုင်းမြို့ဖြစ်သော Chennai မြို့၌ တစ်ကီလိုဂရမ်လျှင် အိန္ဒိယရူပီး ၇၀ (အမေရိကန်ဒေါ်လာ ၈၅ ဆင့်) စသည့် ဈေးနှုန်းများဖြင့် အသီးသီးရောင်းချခဲ့ကြောင်း သိရသည်။

ခရမ်းချဉ်သီးများ ဈေးတက်ခြင်းသည် ယာယီရာသီဥတုဖြစ်စဉ်ကြောင့် ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး မကြာမီတွင် စျေးနှုန်းများ ပြန်လည်ကျဆင်းသွားမည်ဖြစ်ကြောင်း ထိပ်တန်းအစိုးရအရာရှိတစ်ဦးက ပြောကြားခဲ့သည်။ (Xinhua)
…………………………….
(English Version)
Tomato prices skyrocket in India due to incessant rains
Tomato prices have shot up at least three to four times in India over the past one week, from 30 Indian Rupees (36 U.S. cents) to around 120 Indian Rupees (1.46 U.S. dollars) per kilogram, owing to loss of crops caused by heavy rains in several parts of the country.
In Delhi and surrounding areas, tomatoes were available at 100-120 Indian Rupees (1.22-1.46 dollars) per kilogram, while in the financial capital Mumbai they were sold for around 80 Indian Rupees (97 cents) per kilogram, in western city of Kolkata for 75 Indian Rupees (91 cents) per kilogram, and in southern city of Chennai for around 70 Indian Rupees (85 cents) per kilogram.
A top government official has reportedly said that the spurt in prices of tomatoes was a temporary seasonal phenomenon and that the rates will cool down soon.
Xinhua News Agency correspondents reporting from New Delhi. (XHTV)