China
အပြည်ပြည်ဆိုင်ရာ ယဉ်ကျေးမှုလုပ်ငန်းများပြပွဲ ဆန်းကျန့်မြို့တွင် ဖွင့်လှစ်
ဆန်းကျန့်၊ ဇွန် ၈ ရက် (ဆင်ဟွာ)
တရုတ်နိုင်ငံ တောင်ပိုင်း ကွမ်တုန်းပြည်နယ် ဆန်းကျန့်မြို့တွင် ၁၉ ကြိမ်မြောက် တရုတ် (ဆန်းကျန့်) အပြည်ပြည်ဆိုင်ရာ ယဉ်ကျေးမှုလုပ်ငန်းပြပွဲကို ဇွန် ၇ ရက်၌ ဖွင့်လှစ်ခဲ့ပြီး နိုင်ငံ၏ ယဉ်ကျေးမှုလုပ်ငန်း ဖွံ့ဖြိုးတိုးတက်မှုအတွင်း တွန်းအားသစ်များ ဖြည့်တင်းပေးနိုင်မည်ဟု မျှော်မှန်းထားကြောင်း သိရသည်။
ငါးရက်ကြာကျင်းပမည့် နိုင်ငံအဆင့်ပြပွဲကို အော့ဖ်လိုင်း (offline) အစီအစဉ်များ အဓိကပါဝင်ကာ အစိုးရအဖွဲ့အစည်းများ၊ ယဉ်ကျေးမှုအဖွဲ့အစည်းများနှင့် စီးပွားရေးလုပ်ငန်းများ ၃,၅၀၀ ကျော်ကို ဆွဲဆောင်ထားနိုင်ခဲ့သည်။
တရုတ်ဒစ်ဂျစ်တယ်ပြခန်းဧရိယာတွင် နိုင်ငံအဆင့်ဈေးကွက်ဖော်ဆောင်သူများ၊ အဓိကပလက်ဖောင်းများနှင့် ယဉ်ကျေးမှုဆိုင်ရာလုပ်ငန်းများတွင် နောက်ဆုံးပေါ်နည်းပညာများကို အလေးထား မြှင့်တင်ရန် ပထမဆုံးအကြိမ် ထည့်သွင်းထားကြောင်း သိရသည်။
ယင်းပြပွဲ၌ သတင်းအချက်အလက် မျှဝေရန်နှင့် ယဉ်ကျေးမှုလုပ်ငန်းများဆိုင်ရာ ဆန်းသစ်တီထွင်မှုရှိသော ဖွံ့ဖြိုးတိုးတက်မှု မြှင့်တင်ရန် ဖိုရမ်များ၊ ကွန်ဖရင့်များ၊ သဘောတူစာချုပ်လက်မှတ်ရေးထိုးခြင်းများနှင့် ဖန်တီးတင်ဆက်မှုများကိုလည်း စုစည်းပြုလုပ်သွားမည်ဖြစ်သည်။
၂၀၀၄ ခုနှစ်မှစတင် ကျင်းပချိန်မှစ၍ အဆိုပါ ယဉ်ကျေးမှုလုပ်ငန်းပြပွဲတွင် ပြပွဲဧရိယာ၊ လာရောက်လေ့လာသူ အရေအတွက်မှာ စဉ်ဆက်မပြတ် တိုးတက်လာခဲ့သည်။ ယင်းပြပွဲသည် တရုတ်ယဉ်ကျေးမှုဆိုင်ရာလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်မှုနှင့် ပွင့်လင်းမှုအတွက် အရေးပါသော ပလက်ဖောင်းတစ်ခု ဖြစ်လာခဲ့သည်။ (Xinhua)
………………………………..
(English Version)
Int’l cultural industries fair opens in Shenzhen
SHENZHEN, June 7 (Xinhua) — The 19th China (Shenzhen) International Cultural Industries Fair kicked off in Shenzhen in south China’s Guangdong Province on Wednesday, which is expected to inject new impetus into the development of the country’s cultural industry.
The five-day national-level fair, featuring mainly offline events, has attracted more than 3,500 government bodies, cultural organizations and enterprises.
A digital China exhibition area has been set up for the first time to highlight and promote national-level market players, major platforms, and the latest technological innovations in the cultural industries.
Forums, conferences, contract signings, and creative contests will also be organized to share information and boost the innovative development of the cultural industries.
Since its founding in 2004, the cultural fair has seen a continuous expansion in its exhibition scale, visitor number. It has become an important platform to promote the development and opening up of the Chinese cultural industries.
Photo 1-4: People visit the 19th China (Shenzhen) International Cultural Industries Fair in Shenzhen, south China’s Guangdong Province, June 7, 2023. (Xinhua/Liang Xu)
Photo 5-6 : Dancers perform at the 19th China (Shenzhen) International Cultural Industries Fair in Shenzhen, south China’s Guangdong Province, June 7, 2023. (Xinhua/Liang Xu)