Connect with us

China

တရုတ်ရေတပ်လေ့ကျင့်ရေးသင်္ဘော ဘရူနိုင်းခရီးစဉ်ပြီးနောက် ဖိလစ်ပိုင်သို့ ဆက်လက်ထွက်ခွာ

ဘရူနိုင်းနိုင်ငံ Muara ဆိပ်ကမ်းတွင် Qi Jiguang တရုတ်ရေတပ်လေ့ကျင့်ရေးသင်္ဘောအကြောင်း လေ့လာသူများအား ရှင်းပြပေးနေသော တရုတ်ရေတပ် တပ်ဖွဲ့ဝင်တစ်ဦးကို ၂၀၂၃ ခုနှစ် ဇွန် ၅ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ဘန်ဒါဆရီဘဂါဝန်၊ ဇွန် ၉ ရက် (ဆင်ဟွာ)

ဗိုလ်လောင်းလေ့ကျင့်ရေးနှင့် ပင်လယ်ပြင်အတွင်းမစ်ရှင် သွားရောက်သည့် တရုတ်ရေတပ်လေ့ကျင့်ရေးသင်္ဘော Qi Jiguang (Hull 83) သည် ဘရူနိုင်းနိုင်ငံသို့ ချစ်ကြည်ရေးခရီးစဉ် အောင်မြင်စွာအဆုံးသတ်ပြီးနောက် ဇွန် ၈ ရက်က ဖိလစ်ပိုင်နိုင်ငံသို့ ထွက်ခွာသွားပြီဖြစ်သည်။

ဘရူနိုင်းနိုင်ငံ Muara ဆိပ်ကမ်းတွင် Qi Jiguang တရုတ်ရေတပ်လေ့ကျင့်ရေးသင်္ဘောအကြောင်း လေ့လာသူများအား ရှင်းပြပေးနေသော တရုတ်ရေတပ် တပ်ဖွဲ့ဝင်တစ်ဦးကို ၂၀၂၃ ခုနှစ် ဇွန် ၅ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

အဆိုပါ သင်္ဘောအား နှုတ်ဆက်ပွဲအခမ်းအနားကို ဘရူနိုင်းနိုင်ငံ Muara ဆိပ်ကမ်းတွင် ကျင်းပခဲ့သည်။ သင်္ဘောထွက်ခွာခြင်းအခမ်းအနားသို့ ဘရူနိုင်းနိုင်ငံဆိုင်ရာ တရုတ်နိုင်ငံ သံအမတ်ကြီး Xiao Jianguo ၊ စစ်သံမှူး Dai Qilin ၊ တရုတ်ကုမ္ပဏီများမှ ကိုယ်စားလှယ်များ၊ ဘရူနိုင်းနိုင်ငံသားများ၊ ဘရူနိုင်းတော်ဝင်ရေတပ်မှ ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြသည်။

Muara ဆိပ်ကမ်းမှထွက်ခွာပြီးနောက် Qi Jiguang သင်္ဘောသည် ဘရူနိုင်းတော်ဝင်ရေတပ် ကမ်းလွန်ကင်းလှည့် ရေယာဉ် KDB Darussalam နှင့်အတူ သတ်မှတ်ထားသောပူးတွဲဧရိယာသို့ ရောက်ရှိပြီးနောက် ပူးတွဲရွက်လွှင့်လေ့ကျင့်မှုများ ပြုလုပ်ခဲ့သည်။

တရုတ်မင်မင်းဆက် နိုင်ငံ့သူရဲကောင်းဖြစ်သော Qi Jiguang ၏ နာမည်ပေးထားသော အဆိုပါ သင်္ဘောသည် အကြီးဆုံးနှင့် ခေတ်မီဆုံး တရုတ်နိုင်ငံထုတ် လေ့ကျင့်ရေးသင်္ဘောအဖြစ် ၂၀၁၇ ခုနှစ် ဖေဖော်ဝါရီလတွင် တပ်တော်ဝင်ခဲ့သည်။ (Xinhua)

………………………………
(English Version)
Chinese naval training ship heading to Philippines after wrapping up visit to Brunei
BANDAR SERI BEGAWAN, June 9 (Xinhua) — The Chinese naval training ship Qi Jiguang (Hull 83), which is on a cadet training and visit mission in far seas, departed for the Philippines on Thursday after successfully concluding its goodwill visit to Brunei.
The Bruneian side held a grand farewell ceremony at the Muara Port. More than 200 people, including Chinese Ambassador to Brunei Xiao Jianguo, defense attache Dai Qilin, representatives of Chinese companies, local Bruneians, and representatives of the Royal Brunei Navy, went to the port to see off the ship.
After leaving the port, the ship Qi Jiguang held joint sailing exercises with the Royal Brunei Navy offshore patrol vessel KDB Darussalam after arriving at the designated sea area.
Named after Qi Jiguang, a national hero of the Chinese Ming Dynasty, the ship was commissioned in February 2017 as the largest and most modernized Chinese homegrown professional training ship.
Photo 1, 2: A Chinese navy member introduces Chinese naval training ship Qi Jiguang to visitors at Muara Port in Brunei, June 5, 2023. (Xinhua)