Connect with us

China

တရုတ်နိုင်ငံက လူ ၇ ယောက်စီး အာကာသယာဉ် တီထွင်နေကြောင်း ဒီဇိုင်နာချုပ်ပြော

တရုတ်နိုင်ငံ မြောက်ပိုင်း အတွင်းမွန်ဂိုလီးယား ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသရှိ တုန်းဖုန်း ယာဉ်ဆင်းသက်ရေးနေရာ၌ ရှန်ကျိုး-၁၅ လူတင်အာကာသယာဉ်၏ အပြန်အာကာသယာဉ်အခန်းမှ ထွက်လာသော တရုတ်အာကာသယာဉ်မှူး ဖေ့ကျွင့်လုန်အား ၂၀၂၃ ခုနှစ် ဇွန် ၄ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ပေကျင်း၊ ဇွန် ၉ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံသည် လူဦးရေ ၇ ယောက်အထိ လိုက်ပါစီးနင်းနိုင်သော မျိုးဆက်သစ်အာကာသယာဉ်တစ်စင်း တီထွင်လျက်ရှိကြောင်း တရုတ်လူတင်အာကာသယာဉ်အေဂျင်စီက ဇွန် ၈ ရက်၌ ထုတ်ဖော်ပြောကြားခဲ့သည်။

လက်ရှိ လူ ၃ ယောက်စီး အာကာသယာဉ်ထက် ပိုမိုကျယ်ဝန်းသော အဆိုပါ အာကာသယာဉ်သစ်သည် ကုန်စည်များနှင့် အာကာသယာဉ်မှူးများကို ပိုမိုတင်ဆောင်နိုင်မည်ဖြစ်ကာ လူတင်အာကာယာဉ်ပျံသန်းမှုပမာဏ တိုးချဲ့ရေးနှင့် အာကာသခရီးသွားလုပ်ငန်း စသည့် နယ်ပယ်သစ်ဖွင့်လှစ်ရေးအတွက် အထောက်အကူပြုနိုင်မည် ဖြစ်ကြောင်း တရုတ်နိုင်ငံ လူတင်အာကာသအစီအစဉ်၏ ဒီဇိုင်နာချုပ် ကျိုးကျန့်ဖိန်က တွေ့ဆုံမေးမြန်ခြင်းတစ်ခု၌ ပြောကြားခဲ့သည်။

ယခုအသစ်ကြေညာလိုက်သော အာကာသယာဉ်မှာ တည်ဆောက်နေဆဲအဆင့်၌ ရှိနေကြောင်း၊ ထိုအာကာသယာဉ်မှာ ပိုမိုကြီးမားသော အာကာသယာဉ်လွှတ်တင်တွန်းကန်အား၊ ပြန်လည်အသုံးပြုနိုင်သော အစိတ်အပိုင်းများနှင့် ကုန်စည်များအတွက် ပိုမိုကျယ်ပြန့်သောဧရိယာတို့ပါဝင်ပြီး ယခင်မျိုးဆက်များထက် ကုန်ကျစရိတ်လည်း ပိုမိုသက်သာနိုင်ကြောင်း ကျိုးက ဆိုသည်။ (Xinhua)

………………………………
(English Version)
China developing new seven-seat crewed spaceship: chief designer
BEIJING, June 8 (Xinhua) — China is developing a next-generation spaceship that features seating for up to seven people, the country’s manned space agency revealed Thursday.
Roomier than the current three-seater spaceship, the new one will be able to carry more cargo supplies and more crew members, which will contribute to expanding the scale of manned spaceflights and opening up new areas, such as space tourism, said Zhou Jianping, the chief designer of China’s manned space program, in an interview.
A new launch vehicle is also under development. According to Zhou, the new manned rocket is designed to have greater liftoff thrusts, reusable components and a larger area for payloads, becoming more cost-efficient than the previous generations.
Photo: Taikonaut Fei Junlong is seen coming out of the return capsule of the Shenzhou-15 manned spaceship at the Dongfeng landing site in north China’s Inner Mongolia Autonomous Region on June 4, 2023. (Xinhua/He Shuchen)