Connect with us

China

တရုတ်သိပ္ပံပညာရှင်များက ၁၃ ကြိမ်မြောက် အာတိတ်သမုဒ္ဒရာ သိပ္ပံပညာရပ်ဆိုင်ရာ စူးစမ်းလေ့လာမှု စတင်

ရှန်ဟိုင်း၊ ဇူလိုင် ၁၃ ရက် (ဆင်ဟွာ)

ပုံစာ- တရုတ်နိုင်ငံ အရှေ့ပိုင်း ရှန်ဟိုင်းမြို့တွင် Xuelong 2 သင်္ဘောနှင့် အမှတ်တရ ဓာတ်ပုံရိုက်ကူးကြသူများကို ၂၀၂၃ ခုနှစ် ဇူလိုင် ၁၂ ရက်က တွေ့ရစဉ် (ဆင်ဟွာ)


တရုတ်သိပ္ပံပညာရှင်များသည် ၁၃ ကြိမ်မြောက် အာတိတ်သမုဒ္ဒရာ သိပ္ပံပညာရပ်ဆိုင်ရာ စူးစမ်းလေ့လာမှု ဆောင်ရွက်ရန်
ပထမဆုံးပြည်တွင်းထုတ် ဝင်ရိုးစွန်းသွား ရေခဲခွဲသင်္ဘော Xuelong 2 နှင့်အတူ ရှန်ဟိုင်းမြို့မှ ဇူလိုင် ၁၂ ရက်က ထွက်ခွာသွားခဲ့ကြောင်း သိရသည်။

သဘာဝအရင်းအမြစ်များဆိုင်ရာဝန်ကြီးဌာနက ဦးစီးပြုလုပ်သော အဆိုပါ စူးစမ်းလေ့လာမှုသည် သမုဒ္ဒရာအလယ်တစ်လျှောက်၏ ဘူမိဗေဒနှင့် ဘူမိရူပဗေဒ၊ လေထု၊ ပင်လယ်ရေခဲများ၊ အဏ္ဏဝါနှင့် သမုဒ္ဒရာမျက်နှာပြင်အောက် ပတ်ဝန်းကျင်ဆိုင်ရာ စစ်တမ်းများ၊ ဇီဝသက်ရှိများနှင့် လေထုညစ်ညမ်းမှုဆိုင်ရာစစ်တမ်းများကို စူးစမ်းလေ့လာရန် ရည်ရွယ်ထားခြင်းဖြစ်သည်။

ထို့ပြင် အဆိုပါအဖွဲ့သည် ရုရှားနှင့် ထိုင်း အပါအဝင် အခြားနိုင်ငံများမှ သိပ္ပံပညာရှင်များနှင့်အတူ အာတိတ်ဒေသ သိပ္ပံပညာရပ်ဆိုင်ရာ စူးစမ်းလေ့လာမှု နိုင်ငံတကာပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရန် ဆောင်ရွက်သွားမည်ဖြစ်သည်။

တရုတ်သိပ္ပံပညာရှင်အဖွဲ့သည် ရေမိုင် ၁၅,၅၀၀ ရှိသော ခရီးစဉ်ပြီးနောက် စက်တင်ဘာလကုန်ပိုင်းတွင် ရှန်ဟိုင်းမြို့သို့ ပြန်လည် ရောက်ရှိမည်ဟု ခန့်မှန်းထားကြောင်း သိရသည်။ (Xinhua)

………………………..
(English Version)

Chinese scientists embark on 13th Arctic Ocean scientific expedition

SHANGHAI, July 12 (Xinhua) — Chinese scientists set off for the 13th Arctic Ocean scientific expedition on Wednesday aboard the Xuelong 2, the country’s first domestically built polar icebreaker, departing from Shanghai.

The expedition, organized by the Ministry of Natural Resources, is intended to conduct investigations into the geology and geophysics of the mid-ocean ridge, as well as atmospheric, sea ice, marine and subsurface environmental surveys, and surveys of biomes and pollutants.

In addition, the team will work with scientists from countries including Russia and Thailand on relevant research to promote international cooperation on Arctic scientific expeditions.

The expedition team is expected to return to Shanghai in late September after a trip of 15,500 nautical miles.

Photo 1: This photo taken on July 12, 2023 shows team members of the 13th Arctic Ocean scientific expedition in east China’s Shanghai. (Xinhua/Wei Hongyi)
Photo 2: People take photos of Xuelong 2 in east China’s Shanghai, July 12, 2023. (Xinhua/Zhang Jiansong)