Connect with us

Videos

တရုတ်နိုင်ငံ၏ ပင်လယ်ရေကြောင်း စီးပွားရေး ဂျီဒီပီ ယွမ် ၉ ထရီလီယံကျော်ရှိ

ရှီးကျားကျွမ်း၊ ဇူလိုင် ၁၃ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ၏ ပင်လယ်ရေကြောင်း စီးပွားရေး ပြည်တွင်းအသားတင်ကုန်ထုတ်လုပ်မှု (GDP) မှာ ၂၀၂၂ ခုနှစ်တွင် ယွမ် ၉ ထရီလီယံ (အမေရိကန်ဒေါ်လာ ၁.၂၅ ထရီလီယံ) ကျော်လွန်ခဲ့ကြောင်း ပို့ဆောင်ရေးဝန်ကြီးဌာနက ဇူလိုင် ၁၁ ရက်က ပြောကြားခဲ့သည်။တရုတ်နိုင်ငံ မြောက်ပိုင်း ဟဲပေပြည်နယ် ချန်းကျိုးမြို့တွင် ၁၉ ကြိမ်မြောက် ပင်လယ်ရေကြောင်းနေ့ အထိမ်းအမှတ်အဖြစ် ကျင်းပသော ဖိုရမ်၌ အဆိုပါ အချက်အလက်ကို ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။ ထိုဖိုရမ်ကို သီတင်းပတ်တစ်ပတ်ကြာကျင်းပမည်ဖြစ်ပြီး ပညာရပ်ဆိုင်ရာကွန်ဖရင့်များ၊ ပြခန်းများနှင့် သိပ္ပံပညာရပ်ဆိုင်ရာလှုပ်ရှားမှုများပါဝင်မည်ဖြစ်သည်။
ဝန်ကြီးဌာန၏ အဆိုအရ တရုတ်နိုင်ငံ၏ ပြည်ပကုန်သွယ်ရေး ကုန်စည်များ၏ ၉၅ ရာခိုင်နှုန်းခန့်ကို ပင်လယ်ရေကြောင်းမှတစ်ဆင့် ပို့ဆောင်ခဲ့ခြင်းဖြစ်သည်။

၂၀၂၂ ခုနှစ်က တရုတ်နိုင်ငံ၏ ဆိပ်ကမ်းကုန်စည်များမှာ တန်ချိန် ၁၅.၇ ဘီလီယံအထိ ရောက်ရှိခဲ့ပြီး စုစုပေါင်း ကွန်တိန်နာတင်ပို့မှုပမာဏမှာလည်း TEUs သန်း ၃၀၀ နီးပါးရှိလာခဲ့ရာ ၂၀၂၁ ခုနှစ်ကထက် ၀.၉ ရာခိုင်နှုန်းနှင့် ၄.၇ ရာခိုင်နှုန်း အသီးသီး မြင့်တက်ခဲ့သည်။ ထို့ပြင် ကုန်စည်သယ်ယူပို့ဆောင်မှုပမာဏအနေဖြင့်လည်း လွန်ခဲ့သော ၁၀ နှစ်နှင့် နှိုင်းယှဉ်ပါက ၃၃ ရာခိုင်နှုန်းနှင့် ၅၆ ရာခိုင်နှုန်း အသီးသီး တိုးတက်လာခဲ့ကြောင်း သိရသည်။ (Xinhua)
………………………………

China’s marine economy GDP exceeds 9 trillion yuan
SHIJIAZHUANG, July 11 (Xinhua) — The gross domestic product of China’s marine economy, exceeded 9 trillion yuan (1.25 trillion U.S. dollars) in 2022, according to the ministry of transport on Tuesday.
The ministry released the data at a forum marking the 19th Maritime Day of China in Cangzhou City, north China’s Hebei Province, which will host a week-long themed event featuring the likes of academic conferences, exhibitions and science popularization activities.
According to the ministry’s report, about 95 percent of China’s foreign trade goods are transported via marine shipping.
Last year, the country’s port cargo throughput reached 15.7 billion tonnes, and the total volume of container shipping neared 300 million TEUs, up by 0.9 percent and 4.7 percent year on year, respectively. The freight volumes soared by 33 percent and 56 percent, respectively, compared with the levels ten years ago.