Connect with us

China

တရုတ်နိုင်ငံက လကမ္ဘာပေါ်ဆင်းသက်ရန် သယ်ဆောင်ရေးဒုံးပျံနှင့် အာကာသယာဉ်အသစ် ထုတ်လုပ်နေ

တရုတ်နိုင်ငံ မြောက်ပိုင်း အတွင်းမွန်ဂိုလီးယား ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသရှိ တုန်းဖုန်း ဆင်းသက်ရေးနေရာ၌ တရုတ်နိုင်ငံ၏ မျိုးဆက်သစ် လူလိုက်ပါနိုင်သော အာကာသယာဉ် စမ်းသပ်ဗားရှင်း၏ ကမ္ဘာမြေသို့အပြန် အာကာသအခန်းငယ်ကို ၂၀၂၀ ပြည့်နှစ် မေ ၈ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ပေကျင်း၊ ဇူလိုင် ၂၁ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံသည် ၂၀၃၀ ပြည့်နှစ်တွင် လကမ္ဘာပေါ်သို့ တရုတ်အာကာသယာဉ်မှူးများ ဆင်းသက်နိုင်ရေး ပန်းတိုင်၏ တစ်စိတ်တစ်ပိုင်းအဖြစ် သယ်ဆောင်ရေးဒုံးပျံနှင့် လူတင်အာကာသယာဉ်အသစ်ကို ထုတ်လုပ်လျက် ရှိကြောင်း အာကာသဆိုင်ရာ ကျွမ်းကျင်ပညာရှင်များက ပြောကြားခဲ့သည်။

Long March-10 သယ်ဆောင်ရေးဒုံးပျံသစ်ကို အာကာသယာဉ်နှင့် လကမ္ဘာပေါ်ဆင်းသက်ယာဉ်တို့အား ကမ္ဘာ-လ ကူးပြောင်းရေးဂြိုဟ်ပတ်လမ်းကြောင်းအတွင်းသို့ လွှတ်တင်ခြင်း ရည်ရွယ်ချက်အတွက် အဓိကထုတ်လုပ်ထားခြင်းဖြစ်ကြောင်း တရုတ်နိုင်ငံ အာကာသသိပ္ပံနှင့် နည်းပညာကော်ပိုရေးရှင်း (CASC) အောက်ရှိ တရုတ်နိုင်ငံ လွှတ်တင်ရေးယာဉ်နည်းပညာအကယ်ဒမီမှ ဒုံးပျံ ကျွမ်းကျင်ပညာရှင် ရုန်ရိက ပြောခဲ့သည်။
Long March-10 ဒုံးပျံတွင် ဟိုက်ဒရိုဂျင်အရည်၊ အောက်ဆီဂျင်အရည်နှင့် ရေနံဆီများကို တွန်းကန်အားအဖြစ် အသုံးပြုထားသည်။ ယင်းဒုံးပျံမှာ စုစုပေါင်းအလျား ၉၂ မီတာခန့်၊ ပျံတက်အလေးချိန် ၂၁၈၇ တန်ခန့်၊ ပျံတက်တွန်းကန်အား ၂၆၈၇ တန်ခန့်ရှိကြောင်း သိရသည်။

မော်ဂျူးသုံးခုရှိသော ရှန်ကျိုးအာကာသယာဉ်များနှင့် မတူညီသည့်အချက်မှာ ယခု အာကာသယာဉ်အသစ်တွင် အပိုင်းနှစ်ပိုင်း ပါဝင်ကြောင်း သိရသည်။ တစ်ပိုင်းမှာ ကမ္ဘာမြေသို့အပြန်အာကာယာဉ်အခန်းဖြစ်ပြီး ယင်းအခန်းတွင် အာကာသယာဉ်တစ်ခုလုံးအတွက် ကွပ်ကဲရေးစင်တာနှင့် အာကာသယာဉ်မှူးများအတွက် နေထိုင်ရန်နေရာများဖြစ်သည်။ ကျန်ရှိသောအပိုင်းမှာ လောင်စာနှင့် စွမ်းအင် စင်တာပါဝင်သော ဆားဗစ်မော်ဂျူးဖြစ်သည်။ အဆိုပါ မော်ဂျူးနှစ်ခု တည်ဆောက်မှုကို ပြန်လည်အသုံးပြုနိုင်သော အစိတ်အပိုင်းများဖြင့် အာကာသယာဉ်ကို ပြောင်းလွယ်ပြင်လွယ်ဖြစ်စေရန် တည်ဆောက်ထားကြောင်း သိရသည်။ (Xinhua)
………………………………
(English Version)
China develops new carrier rocket, spacecraft for moon landing
BEIJING, July 21 (Xinhua) — China is currently developing a new carrier rocket and manned spacecraft as part of its goal to land astronauts on the moon by 2030, the country’s space experts said.
The new carrier rocket Long March-10 is mainly developed for the purpose of sending spacecraft and moon lander into the Earth-moon transfer orbit, said Rong Yi, a rocket expert with the China Academy of Launch Vehicle Technology under the China Aerospace Science and Technology Corporation (CASC).
The Long March-10 uses liquid hydrogen, liquid oxygen and kerosene as propellants. It has a total length of about 92 meters, a takeoff weight of about 2,187 tonnes, a takeoff thrust of about 2,678 tonnes.
Unlike three-module Shenzhou spacecraft, the new spacecraft has two parts. One is the return capsule, which is the command center of the whole spacecraft and the living quarters for the astronauts. The other is the service module, which is the energy and power center. The two-module structure makes the spacecraft flexible with more reusable parts.
Photo: Photo taken on May 8, 2020 shows the return capsule of the trial version of China’s new-generation manned spaceship at the Dongfeng landing site in north China’s Inner Mongolia Autonomous Region. (Photo by Wang Jiangbo/Xinhua)