Connect with us

Asia

အိန္ဒိယနိုင်ငံတွင် မြေပြိုကျသောဧရိယာ၌ ရှာဖွေရေးနှင့် ကယ်ဆယ်ရေးလုပ်ငန်းများ ပြန်လည်စတင်၊ လူဦးရေ ၁၀၀ ခန့်ပျောက်ဆုံးနေဆဲ

အိန္ဒိယနိုင်ငံ အရှေ့မြောက်ပိုင်း အာသံပြည်နယ် Morigaon ခရိုင်၊ ရေဖုံးလွှမ်းသော ကျေးရွာ၌ ဖြတ်သန်းသွားလာနေသော အမျိုးသမီးတစ်ဦးကို ၂၀၂၃ ခုနှစ် ဇူလိုင် ၁၆ ရက်က တွေ့ရစဉ် (ဓာတ်ပုံ-Str/Xinhua)

နယူးဒေလီ၊ ဇူလိုင် ၂၁ ရက် (ဆင်ဟွာ)
အိန္ဒိယနိုင်ငံ အနောက်တောင်ပိုင်း မဟာရက်ရှ်ထရာပြည်နယ်၊ ရိုင်ဂတ်ခရိုင်ရှိ မြေပြိုမှုဖြစ်ပွားသောဧရိယာတွင် ဇူလိုင် ၂၀ ရက် ညနေပိုင်းက မိုးသည်းထန်စွာရွာသွန်းခြင်းနှင့် ခက်ခဲသောမြေပြင်အခြေအနေကြောင့် ရပ်နားထားခဲ့သည့် ရှာဖွေရေးနှင့် ကယ်ဆယ်ရေးလုပ်ငန်းကို ဇူလိုင် ၂၁ ရက် နံနက်ပိုင်းက ပြန်လည်စတင်ခဲ့ကြောင်း သိရသည်။

အဆိုပါ ခရိုင်ရှိ အီရှယ်ဝါဒီကျေးရွာတွင် ဇူလိုင် ၁၉ ရက် ညပိုင်းက မြေပြိုကျမှုဖြစ်ပွားခဲ့ပြီးနောက် လူဦးရေ ၁၀၀ ခန့် ပျောက်ဆုံးနေဆဲဖြစ်ကြောင်း၊ ဇူလိုင် ၂၀ ရက်တွင် လူဦးရေ ၇၀ ခန့်မှာ ထိခိုက်ခြင်းမရှိဘဲ ထွက်ပြေးလွတ်မြောက်နိုင်ခဲ့သလို အပျက်အစီးများအောက်မှ လူ ၂၁ ဦးထက်မနည်းကိုလည်း အသက်ရှင်လျက်နှင့် ပြန်လည်ကယ်ဆယ်နိုင်ခဲ့ကြောင်း အမျိုးသား သဘာဝဘေးအန္တရာယ်တုံ့ပြန်ရေးတပ်ဖွဲ့ (NDRF) တာဝန်ရှိသူက ပြောကြားခဲ့သည်။
“ဒီနေ့မနက် ရှာဖွေ ကယ်ဆယ်ရေးလုပ်ငန်းစတင်တာ ငါးနာရီလောက်ရှိနေပါပြီ။ ဒီကနေ့အထိ သေဆုံးသူရဲ့ ရုပ်အလောင်းတစ်ခုမှ မဖော်နိုင်သေးပါဘူး။ အခုဆိုရင် သေဆုံးသူက ၁၆ ယောက်လောက်ရှိနေပြီ” ဟု ဒေသခံရဲတပ်ဖွဲ့ဝင်တစ်ဦးက တယ်လီဖုန်းမှတစ်ဆင့် ပြောခဲ့သည်။

ယင်းနေရာ၌ ရှာဖွေ၊ ကယ်ဆယ်ရေးလုပ်ငန်း၌ NDRF မှ အဖွဲ့လေးဖွဲ့ ပါဝင်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ဒေသခံပြည်သူများနှင့် အခြားအေဂျင်စီများ၏ အကူအညီဖြင့် NDRF အနေဖြင့် မြေပြိုမှုဧရိယာဇုန်များ ခွဲခြားသတ်မှတ်သွားမည်ဖြစ်ပြီး ကရိန်းများ၊ လူအင်အားသုံးရှာဖွေမှုများဖြင့် သေဆုံးများ၏ ရုပ်အလောင်းများကို ရှာဖွေခြင်းနှင့် ပြန်လည်ဆယ်ယူခြင်းအတွက် ကြိုးပမ်းသွားမည်ဖြစ်ကြောင်း NDRF က ဆိုသည်။ (Xinhua)

………………………………
(English Version)
Search, rescue work resumes in India’s landslide-hit area, 100 still missing
NEW DELHI, July 21 (Xinhua) — The search and rescue work at the landslide-hit area resumed on Friday morning in Raigad district of India’s southwestern state of Maharashtra, which was halted on Thursday evening owning to heavy rains and difficult terrain.
According to an official of the National Disaster Response Force (NDRF), around 100 people were still missing after the landslide struck the district’s Irshalwadi village on Wednesday night. While around 70 escaped unhurt, as many as 21 were rescued alive on Thursday from under the debris.
“Five hours have passed since the search and rescue work began this morning, but no dead body has been recovered yet today. The death toll remains at 16 as of now,” said a local cop over phone.
Four teams of NDRF were involved in the search and rescue work at the mishap site.
Aided by local people and various other agencies, the NDRF would divide the landslide-affected area into zones and try to search for and retrieve dead bodies with the help of canines, besides physical searches, according to NDRF.
Photo: A woman wades in water at a flood-affected village in Morigaon district of India’s northeastern state of Assam, July 16, 2023. (Str/Xinhua)