Connect with us

China

တရုတ်နိုင်ငံ၏ မြစ်ကျဉ်းသုံးသွယ်ရေကာတာက ပထမနှစ်ဝက်အတွင်း ခရီးသွားဧည့်သည်ဝင်ရောက်မှု စံချိန်တင်

တရုတ်နိုင်ငံ အလယ်ပိုင်း ဟူပေပြည်နယ် ရီချန်းမြို့၊ ကျစ်ကွေးခရိုင်ရှိ မြစ်ကျဉ်းသုံးသွယ်ရေကာတာကို ၂၀၂၃ ခုနှစ် ဧပြီ ၆ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ဝူဟန့်၊ ဇူလိုင် ၅ ရက် (ဆင်ဟွာ)

ကမ္ဘာ့အကြီးဆုံး ရေအားလျှပ်စစ်စီမံကိန်းရှိ မြစ်ကျဉ်းသုံးသွယ်ရေကာတာသည် ယခုနှစ် ပထမနှစ်ဝက်အတွင်း ခရီးသွားဧည့်သည်ဝင်ရောက်မှု စံချိန်တင်ခဲ့ကြောင်း China Three Gorges Corporation အရ သိရသည်။

ယခုနှစ် ဇန်နဝါရီလမှ ဇွန်လအတွင်း ယင်းနေရာသို့ ခရီးသွားဧည့်သည် ၁.၅ သန်း ဝင်ရောက်ခဲ့ပြီး ၂၀၁၉ ခုနှစ် အလားတူကာလထက် ဝင်ရောက်သူဦးရေ ၅၀,၀၀၀ ကျော်လွန်ခဲ့သည်။

တရုတ်နိုင်ငံ အလယ်ပိုင်း ဟူပေပြည်နယ်ရှိ နိုင်ငံအတွင်း အကြီးဆုံး စက်မှုကဏ္ဍခရီးသွားနေရာဖြစ်သော မြစ်ကျဉ်းသုံးသွယ်ရေကာတာသည် ဇန်နဝါရီလမှစ၍ ခရီးသွားလုပ်ငန်း၌ သိသိသာသာမြင့်တက်လာခဲ့ကာ နွေဦးပွဲတော်အားလပ်ရက်အတွင်း လူဦးရေ ၆၅,၀၀၀ ခန့် ဝင်ရောက်ခဲ့ပြီး ယမန်နှစ် ကာလတူထက် ၂၆၀ ရာခိုင်နှုန်း တိုးတက်ခဲ့သည်။

အကျိုးကျေးဇူးများပြားသော ရေအရင်းအမြစ်ကို အသုံးချသော အဆိုပါ စီမံကိန်းသည် ယန်ဇီမြစ်ဝှမ်းတစ်လျှောက် ရေလွှမ်းမိုးမှုထိန်းချုပ်ခြင်းနှင့် လျှပ်စစ်ဓာတ်အားထုတ်လုပ်ခြင်း၌ အရေးပါသော အခန်းကဏ္ဍမှ ပါဝင်လျက်ရှိသည်။ ၂၀၀၃ ခုနှစ်မှစ၍ လျှပ်စစ်ဓာတ်အားထုတ်လုပ်လျက်ရှိသော ထိုရေကာတာကို အများပြည်သူများဝင်ရောက်ကြည့်ရှုလေ့လာနိုင်ရန် ၂၀၀၅ ခုနှစ်က ဖွင့်လှစ်ပေးခဲ့ကြောင်း သိရသည်။ (Xinhua)

………………………………
(English Version)
China’s Three Gorges Dam sees record tourists in H1
WUHAN, July 5 (Xinhua) — The Three Gorges Dam at the world’s largest hydropower project welcomed a record number of tourists in the first half of this year, according to the China Three Gorges Corporation.
The January-June period this year saw 1.5 million visitors, 50,000 more than the same period in 2019.
The Three Gorges Dam, China’s largest industrial tourism site in the