Connect with us

China

တရုတ်နိုင်ငံ၏ ရထားလုပ်ငန်းရင်းနှီးမြှုပ်နှံမှု ပထမနှစ်ဝက်အတွင်း မြင့်တက်လာ

တရုတ်နိုင်ငံ ပေကျင်းမြို့ရှိ Beijing South ဘူတာတွင် “ဖူရှင်း” ကျည်ဆန်ရထားသစ်အား ၂၀၁၇ ခုနှစ် ဇွန် ၂၆ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ပေကျင်း၊ ဇူလိုင် ၈ ရက် (ဆင်ဟွာ)
တရုတ်နိုင်ငံ၏ ရထားလုပ်ငန်း၌ မရွှေ့ပြောင်းနိုင်သော ရင်းနှီးမြှုပ်နှံမှုမှာ ယခုနှစ် ပထမနှစ်ဝက်အတွင်း ၆.၉ ရာခိုင်နှုန်း မြင့်တက်လာခဲ့ပြီး ရထားလမ်းတည်ဆောက်မှုကိုလည်း ပုံမှန်အဆင့်မြှင့်တင်နိုင်ခဲ့ကြောင်း အချက်အလက်များအရ သိရသည်။

ရထားလုပ်ငန်း၌ မရွှေ့ပြောင်းနိုင်သော ရင်းနှီးမြှုပ်နှံမှုမှာ ယွမ် ၃၀၄.၉ ဘီလီယံ (အမေရိကန်ဒေါ်လာ ၄၂.၃ ဘီလီယံခန့်) အထိ ရောက်ရှိလာခဲ့ကြောင်း တရုတ်နိုင်ငံ ရထားလုပ်ငန်းကုမ္ပဏီလီမိတက်မှ အချက်အလက်များ၌ ဖော်ပြထားသည်။

ခေတ်မီရထားလမ်း အခြေခံအဆောက်အအုံစနစ်တစ်ခု တည်ဆောက်ရန် ကြိုးပမ်းအားထုတ်မှုများ ဆောင်ရွက်လျက်ရှိကြောင်းနှင့် အဆိုပါ ကာလအတွင်း အဓိကစီမံကိန်းများစွာ၌ တိုးတက်မှုများလည်း ရရှိထားကြောင်း ယင်းကုမ္ပဏီက ဆိုသည်။

ထို့ပြင် ကုမ္ပဏီအနေဖြင့် တရုတ်နိုင်ငံ၏ အဓိကမဟာဗျူဟာများကို အကောင်အထည်ဖော်ရာတွင် ဆက်လက်ပံ့ပိုးသွားမည်ဖြစ်ကြောင်းနှင့် စီးပွားရေးနှင့် လူမှုအသိုက်အဝန်း အရည်အသွေးမြင့် ဖွံ့ဖြိုးတိုးတက်မှုဆီသို့ တွန်းအားများ ဖြည့်တင်းပေးရေး လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ကုမ္ပဏီက ကတိပြုခဲ့ကြောင်း သိရသည်။ (Xinhua)
………………………………
(English Version)
China’s railway investment up in H1

BEIJING, July 8 (Xinhua) — Fixed-asset investment in China’s railways expanded 6.9 percent in the first six months of this year as the country steadily advanced railroad construction, industry data showed.
Total fixed-asset railway investment came in at 304.9 billion yuan (about 42.3 billion U.S. dollars), data from China State Railway Group Co., Ltd. showed.
The group said it has intensified efforts to build a modern railway infrastructure system, and progress has been achieved across several key projects during the reporting period.
The group has pledged to continue supporting the implementation of the country’s major strategies and work to inject vitality into the high-quality development of the economy and society.
Photo: Photo taken on June 26, 2017 shows the China’s new bullet train “Fuxing” at Beijing South Railway Station in Beijing, capital of China. (Xinhua/Ju Huanzong)