Connect with us

China

တရုတ်အမျိုးသမီး ဘောလုံးအသင်း ဖီဖာ အမျိုးသမီး ကမ္ဘာ့ဖလားအတွက် ဩစတြေးလျသို့ ရောက်ရှိ

တရုတ်နိုင်ငံ အရှေ့ပိုင်း ဆန်းတုန်းပြည်နယ် ချင်းသောင်မြို့တွင် လေ့ကျင့်နေကြသော တရုတ်အမျိုးသမီးဘောလုံးအသင်းမှ ကစားသမားများကို ၂၀၂၂ ခုနှစ် ဇူလိုင် ၁၂ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

Adelaide ၊ ဩစတြေးလျ၊ ဇူလိုင် ၈ ရက် (ဆင်ဟွာ)
တရုတ်အမျိုးသမီးဘောလုံးအသင်းသည် ၂၀၂၃ ခုနှစ် ဖီဖာ အမျိုးသမီး ကမ္ဘာ့ဖလားတွင် ပါဝင်ယှဉ်ပြိုင်ရန် ဇူလိုင် ၈ ရက်က South Australia ပြည်နယ်သို့ ရောက်ရှိလာခဲ့ကြောင်း သိရသည်။
အေးစိမ့်လှသောဆောင်းရာသီနံနက်ခင်းတွင် South Australia ပြည်နယ် မြို့တော် Adelaide ရှိ လေဆိပ်၌ စောင့်ဆိုင်းနေသော ဘောလုံးချစ်ပရိသတ်များက ပန်းစည်းလက်ဆောင်များပေးအပ်ကာ “ကြိုဆိုပါတယ်၊ သံမဏိနှင်းဆီ” ဟူ၍ ကြွေးကြော်အားပေးခဲ့ကြသည်။

၂၀၂၃ အမျိုးသမီး ကမ္ဘာ့ဖလားပြိုင်ပွဲကို ဇူလိုင် ၂၀ ရက်မှ ဩဂုတ် ၂၀ ရက်အထိ ဩစတြေးလျနှင့် နယူးဇီလန် နိုင်ငံတို့တွင် ကျင်းပမည်ဖြစ်သည်။
အဆိုပါ ပြိုင်ပွဲ၌ အုပ်စု ၈ စုမှ ထိပ်တန်းအသင်းနှစ်သင်းကသာ ၁၆ သင်း ရှုံးထွက်အဆင့်သို့ ဝင်ရောက်နိုင်မည်ဖြစ်ပြီး ယခုအကြိမ်သည် နိုင်ငံကိုယ်စားပြုအသင်း ၃၂ သင်းပုံစံဖြင့် တိုးချဲ့ယှဉ်ပြိုင်ကစားမည့် အမျိုးသမီးဘောလုံးပွဲ၏ အကြီးဆုံးယှဉ်ပြိုင်ပွဲဖြစ်လာမည်ဖြစ်သည်။

တရုတ်အမျိုးသမီးအသင်းသည် ယခင်နှစ်က အာရှဖလားတွင် အင်္ဂလန်၊ ဒိန်းမတ်၊ ဟေတီ အသင်းများနှင့်အတူ အုပ်စု D ၌ ကျရောက်ခဲ့သည်။
“ကမ္ဘာ့ဖလားက ဘယ်လိုပဲရလဒ်ထွက်ပါစေ ကစားသမားတွေက စိန်ခေါ်မှုတွေကို အပြုံးလေးနဲ့ရင်ဆိုင်နိုင်ပြီး ပရိသတ်တွေအားလုံးအတွက် တရုတ်နိုင်ငံရဲ့ ယှဉ်ပြိုင်မှုစိတ်ဓာတ်ကို ဖော်ပြသွားမှာပါ” ဟု အသင်းနည်းပြ Shui Qingxia က Adelaide သို့ မထွက်ခွာမီ ယခုသီတင်းပတ်အစောပိုင်းက ပြောကြားခဲ့သည်။ (Xinhua)

………………………………
(English Version)
China’s football team arrives in Australia for FIFA Women’s World Cup
ADELAIDE, Australia, July 8 (Xinhua) — The Chinese national football team arrived in South Australia (SA) on Saturday to participate in the 2023 FIFA Women’s World Cup.
On a chilly winter morning, fans waited at the airport in Adelaide, the capital city of SA, to welcome the Chinese team with flowers as gifts, cheering the players, “Steel Roses, come on China!”
The 2023 World Cup will be held in Australia and New Zealand between July 20-August 20.
Only the top two teams from eight groups will enter the round of 16, as this is the first time that women’s football’s biggest tournament will expand to a 32-team format.
China, having clinched the Asian Cup last year, are placed in Group D with England, Denmark and Haiti.
“No matter what unfolds in the World Cup, I hope my players can face challenges with a smile and demonstrate China’s fighting spirit to all our fans,” said head coach Shui Qingxia earlier this week before departure to Adelaide.
Photo: Players of China take part in a training session ahead of the Women’s East Asian Cup 2022 in Qingdao, east China’s Shandong Province, July 12, 2022. (Xinhua/Li Ziheng)