Connect with us

China

အမေရိကန်နိုင်ငံ၏ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု စိစစ်သုံးသပ်ခြင်း အမိန့်ကြေညာချက်အပေါ် တရုတ်နိုင်ငံ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန တုံ့ပြန်ပြောကြား

တရုတ်နိုင်ငံ ကျန်းဆူးပြည်နယ် ထိုက်ချန်း နိုင်ငံတကာ ကွန်တိန်နာဆိပ်ကမ်းတွင် စွမ်းအင်သစ်သုံးမော်တော်ယာဉ်များအား ၂၀၂၃ ခုနှစ် ဇူလိုင် ၁၁ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

ပေကျင်း၊ ဩဂုတ် ၁၀ ရက် (ဆင်ဟွာ)

အမေရိကန်နိုင်ငံမှ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု စိစစ်သုံးသပ်ခြင်း အမိန့်ကြေညာချက် ထုတ်ပြန်သည့်အပေါ် တရုတ်နိုင်ငံ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူက ဩဂုတ် ၁၀ ရက်တွင် တုံ့ပြန်ပြောကြားခဲ့သည်။

တရုတ်နိုင်ငံ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူက အမေရိကန်နိုင်ငံသည် ၎င်းနိုင်ငံ၏ ကုမ္ပဏီလုပ်ငန်းများ ပြည်ပ၌ရင်းနှီးမြှုပ်နှံမှုကို ကန့်သတ်ခြင်းသည် “အန္တရာယ်အလားအလာကို ဖယ်ရှားခြင်း”ဟု အမည်တပ်၍ ရင်းနှီးမြှုပ်နှံမှုကဏ္ဍတွင် “ကွင်းဆက်ဖြတ်တောက်ခြင်း”ဖြစ်ရာ အမေရိကန်အဆိုပြုနေသော ဈေးကွက်စီးပွားရေးနှင့်တရားမျှတစွာ ယှဉ်ပြိုင်ခြင်းဟူသော အခြေခံမူကို ဆိုးရွားစွာ ချိုးဖောက်ခြင်း၊ ကုမ္ပဏီလုပ်ငန်းများ ပုံမှန်လည်ပတ်သည့် ဆုံးဖြတ်ချက်များကို ထိခိုက်ခြင်း၊ နိုင်ငံတကာ ကုန်သွယ်စီးပွားအခင်းအကျင်းအား ဖျက်ဆီးခြင်း၊ ကမ္ဘာလုံးဆိုင်ရာ စက်မှုလုပ်ငန်းကွင်းဆက် ထောက်ပို့ရေးလုပ်ငန်းကွင်းဆက် လုံခြုံရေးကို အလွန်အမင်း ရှုပ်ထွေးအောင် လုပ်ဆောင်ခြင်း ဖြစ်ကြောင်း၊ ထို့အပေါ် တရုတ်နိုင်ငံက အထူးဂရုပြုကြောင်းနှင့် ကိုင်တွယ်ဆောင်ရွက်ပိုင်ခွင့် ထားရှိသွားမည် ဖြစ်ကြောင်း ပြောကြားခဲ့သည်။

အမေရိကန်အနေဖြင့် ဈေးကွက်စီးပွားရေး၏နိယာမနှင့်တရားမျှတစွာ ယှဉ်ပြိုင်မှုဟူသော အခြေခံမူကို လေးစားရန်၊ကမ္ဘာလုံးဆိုင်ရာ ကုန်သွယ်စီးပွားဖလှယ်မှုနှင့်ပူးပေါင်းဆောင်ရွက်မှုကို တားဆီးခြင်း မပြုရန်၊ ကမ္ဘာ့စီးပွားရေး ပြန်လည်ရှင်သန်ရေးတွင် အဟန့်အတား လုပ်ဆောင်ခြင်းမပြုရန် ပြောရေးဆိုခွင့်ရှိသူက ပြောကြားခဲ့သည်။ (Xinhua)

………………………….
(Chinese Version)
中国商务部回应美发布对外投资审查行政令
新华社北京8月10日电 针对美方发布对外投资审查行政令,中国商务部新闻发言人10日回应称,美方限制本国企业对外投资,打着“去风险”的幌子在投资领域搞“脱钩断链”,严重背离美方一贯提倡的市场经济和公平竞争原则,影响企业正常经营决策,破坏国际经贸秩序,严重扰乱全球产业链供应链安全,中方对此表示严重关切,将保留采取措施的权利。
这位新闻发言人表示,希望美方尊重市场经济规律和公平竞争原则,不要人为阻碍全球经贸交流与合作,不要为世界经济恢复增长设置障碍。
1. 2023年7月11日,在江苏省太仓港国际集装箱码头,一批新能源汽车即将通过专用框架运输方式出口(无人机全景照片)。