Connect with us

Asia

တရုတ်နိုင်ငံ၏ BRI က ကမ္ဘာ့တိုက်ကြီးများတစ်ခွင်အခြေခံအဆောက်အအုံ ဖွံ့ဖြိုးတိုးတက်မှုနှင့် ကွန်ရက်ချိတ်ဆက်မှုကို မြှင့်တင်ပေးကြောင်း ကမ္ဘောဒီးယားပညာရှင်ပြော

ကမ္ဘောဒီးယားနိုင်ငံ Kampong Speu ပြည်နယ်ရှိ Phnom Penh-Sihanoukville (PPSHV) အဝေးပြေးလမ်းကို ၂၀၂၂ ခုနှစ် အောက်တိုဘာ ၂၈ ရက်က တွေ့ရစဉ် (ဓာတ်ပုံ- PPSHV Expressway/Handout via Xinhua)

ဖနွမ်းပင်၊ ဩဂုတ် ၁၀ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ၏ ရပ်ဝန်းနှင့် ပိုးလမ်းမ အဆိုပြုချက် (BRI) က ကမ္ဘာ့တိုက်ကြီးများတစ်ခွင် အခြေခံအဆောက်အအုံ ဖွံ့ဖြိုးတိုးတက်မှုနှင့် ကွန်ရက်ချိတ်ဆက်မှုကို မြှင့်တင်ပေးသည်သာမက နိုင်ငံများအား ကုန်သွယ်ရေးနှင့် စီးပွားရေးအလားအလာ မြှင့်တင်ရန် အခွင့်အလမ်းကိုလည်း ဆောင်ကြဉ်းပေးလျက်ရှိကြောင်း ကမ္ဘောဒီးယား ပညာရှင်က ပြောကြားခဲ့သည်။

တရုတ်နိုင်ငံသည် စီးပွားရေးလျင်မြန်စွာ တိုးတက်လာခြင်း၊ ကျယ်ပြန့်သောဈေးကွက်နှင့် အဆင့်မြင့်နည်းပညာများဖြင့် ကမ္ဘာ့အင်အားကြီးနိုင်ငံအဖြစ် ပေါ်ထွန်းလာခဲ့ကြောင်း ကမ္ဘောဒီးယား တော်ဝင်အကယ်ဒမီမှ နိုင်ငံရေးလေ့လာသူ Seun Sam က ဆိုသည်။
“တရုတ်နိုင်ငံက စီးပွားရေး အခွင့်အလမ်းများနဲ့ နည်းပညာတိုးတက်မှု ရှာဖွေလိုတဲ့ နိုင်ငံများစွာအတွက် ဗျူဟာမြောက်မိတ်ဖက်ဖြစ်လာပါတယ်” ဟု ၎င်းက ဆင်ဟွာအား ဩဂုတ် ၉ ရက်၌ ပြောခဲ့သည်။

“BRI နဲ့အတူ တရုတ်နိုင်ငံဟာ ကမ္ဘာ့တိုက်ကြီးများတစ်ခွင် အခြေခံအဆောက်အအုံ ဖွံ့ဖြိုးတိုးတက်မှုနှင့် ကွန်ရက်ချိတ်ဆက်မှုကို မြှင့်တင်ပေးပြီး နိုင်ငံတွေကိုလည်း ကုန်သွယ်ရေးကွန်ရက်တွေ မြှင့်တင်ဖို့နဲ့ စီးပွားရေး အလားအလာတွေ ချဲ့ထွင်ဖို့ အခွင့်အလမ်းပေးအပ်နေပါတယ်” ဟု ၎င်းက ဆိုသည်။

စီးပွားရေးပိုးလမ်းမနှင့် ၂၁ ရာစု ပင်လယ်ရေကြောင်း ပိုးလမ်းမတို့ကို ပေါင်းစည်းထားသော BRI သည် အာရှကို ဥရောပနှင့် အာဖရိကတို့ဖြင့် ချိတ်ဆက်ပေးသည့် ကုန်သွယ်ရေးနှင့် အခြေခံအဆောက်အအုံကွန်ရက်များ တည်ဆောက်ရန် ၂၀၁၃ ခုနှစ်တွင် တရုတ်နိုင်ငံက အဆိုပြုခဲ့ခြင်းဖြစ်သည်။ (Xinhua)

………………………………
(English Version)
China’s BRI promotes infrastructure development, connectivity across continents: Cambodian scholar

PHNOM PENH, Aug. 10 (Xinhua) — China’s Belt and Road Initiative (BRI) has not only promoted infrastructure development and connectivity across continents, but also given an opportunity to countries to boost trade and economic potential, a Cambodian scholar has said.
Seun Sam, a policy analyst at the Royal Academy of Cambodia, said China, with its rapidly growing economy, vast market, and technological advancements, has emerged as a global powerhouse.
“It has become a strategic partner for many nations seeking economic opportunities and technological advancements,” he told Xinhua on Wednesday.
“With its BRI, China promotes infrastructure development and connectivity across continents, offering a chance for countries to enhance their trade networks and expand their economic potential,” he said.
The BRI, which consists of the Silk Road Economic Belt and the 21st Century Maritime Silk Road, was initiated by China in 2013 to build trade and infrastructure networks connecting Asia with Europe and Africa.
Photo: This aerial photo taken on Oct. 28, 2022 shows the Phnom Penh-Sihanoukville (PPSHV) Expressway in Kampong Speu Province, Cambodia. (PPSHV Expressway/Handout via Xinhua)