Connect with us

China

ပေကျင်းမြို့ တာ့ရှင်းလေဆိပ်တွင် နေ့စဉ် ခရီးသည်ခရီးစဉ်အရေအတွက် ၁၅၀,၀၀၀ ကျော်အထိ စံချိန်တင်မြင့်တက်

တရုတ်နိုင်ငံ မြို့တော် ပေကျင်းရှိ ချောင်ချောင်ဘူတာရှိ Daxing Airport Express ဖြင့် လိုက်ပါမည့်ခရီးသည်များကို ၂၀၂၀ ပြည့်နှစ် ဇန်နဝါရီ ၁၀ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ပေကျင်း၊ ဩဂုတ် ၁၀ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ မြို့တော် ပေကျင်းရှိ ပေကျင်း တာ့ရှင်း အပြည်ပြည်ဆိုင်ရာလေဆိပ်မှတစ်ဆင့် နေ့စဉ်ဖြစ်သန်းသွားလာသော ခရီးသည်ခရီးစဉ်များမှာ ပထမဆုံးအကြိမ်အဖြစ် ၁၅၀,၀၀၀ ကျော်လွန်သွားခဲ့ကြောင်း လေဆိပ်က ဩဂုတ်၉ ရက်၌ ပြောကြားခဲ့သည်။

ထိုသို့ နေ့စဉ်စံချိန်တင်မြင့်တက်ခဲ့သော နေ့စဉ်ခရီးသည်ခရီးစဉ်ပမာဏမှာ ဩဂုတ် ၆ ရက်က မှတ်တမ်းတင်ခဲ့ခြင်းဖြစ်ကာ ယင်းနေ့တွင် လေဆိပ်က ခရီးစဉ်ပေါင်း ၁၅၅,၀၀၀ ကျော် ကိုင်တွယ်ဆောင်ရွက်နိုင်ခဲ့ကြောင်း သိရသည်။

ပေကျင်းမြို့၏ အသစ်လွင်ဆုံးလေဆိပ်ဖြစ်သော ပေကျင်း တာ့ရှင်း အပြည်ပြည်ဆိုင်ရာလေဆိပ်ကို ၂၀၁၉ ခုနှစ် စက်တင်ဘာ ၂၅ ရက်က စတင်လည်ပတ်ခဲ့ခြင်း ဖြစ်သည်။ ထိုလေဆိပ်တွင် ဇူလိုင်လမှစ၍ နိုင်ငံတကာနှင့် ဒေသဆိုင်ရာဝေဟင်လမ်းကြောင်း ၁၀ ခုကျော် ပြန်လည်ပြေးဆွဲ သို့မဟုတ် အသစ်ပြေးဆွဲခဲ့ကြောင်း သိရသည်။ (Xinhua)

………………………………
(English Version)
Beijing’s Daxing airport records daily high of over 150,000 passenger trips

BEIJING, Aug. 9 (Xinhua) — The daily passenger throughput of Beijing Daxing International Airport has surpassed 150,000 for the first time, the airport said on Wednesday.
The new record-high daily passenger number was registered on Aug. 6, with more than 155,000 trips handled by the airport that day.
As Beijing’s newest airport, the Beijing Daxing International Airport became operational on Sept. 25, 2019. It has resumed or newly launched more than 10 international and regional air routes since July.

Photo: Passengers board Daxing Airport Express at Caoqiao Station in Beijing, capital of China, Jan. 10, 2020. (Xinhua/Feng Kaihua)