Connect with us

China

SF Airlines က တရုတ်-ယူအေအီး ကုန်တင်လမ်းကြောင်း ဖွင့်လှစ်

တရုတ်နိုင်ငံ အလယ်ပိုင်း ဟူပေပြည်နယ် အဲ့ကျိုးမြို့ရှိ အဲ့ကျိုး ဟွားဟူလေဆိပ်ကို ၂၀၂၃ ခုနှစ် မတ် ၁၉ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ဝူဟန်၊ ဩဂုတ် ၁၆ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ အလယ်ပိုင်း ဟူပေပြည်နယ် အဲ့ကျိုးမြို့နှင့် အာရပ်စော်ဘွားများပြည်ထောင်စု (UAE) မြို့တော် အဘူဒါဘီတို့အား ချိတ်ဆက်ထားသော ကုန်တင်လေကြောင်းလိုင်းသစ်ကို ဩဂုတ် ၁၆ ရက်က စတင်ဖွင့်လှစ်လိုက်ပြီဖြစ်ကြောင်း SF Airlines က ကြေညာခဲ့သည်။

ဩဂုတ် ၁၆ ရက် နံနက်အစောပိုင်းက ဘိုးရင်း ၇၄၇-၄၀၀ ကုန်တင်လေယာဉ်သည် တရုတ်နိုင်ငံ၏ ပထမဆုံး ကုန်တင်အဓိကလေဆိပ်ဖြစ်သော အဲ့ကျိုး ဟွားဟူလေဆိပ်မှ ပျံတက်ခဲ့သည်။ ထိုလေယာဉ်သည် အရှေ့အလယ်ပိုင်းဒေသနှင့် လေဆိပ်ကြား ချိတ်ဆက်ထားသော ပထမဆုံး ကုန်တင်လမ်းကြောင်း စတင်ခြင်း အထိမ်းအမှတ်လည်းဖြစ်ကြောင်း SF Airlines က ပြောသည်။

အဆိုပါ ခရီးစဉ်အတွက် အပတ်စဉ်အသွားအပြန် လေကြောင်းကုန်တင်ခရီးစဉ်ဝန်ဆောင်အဖြစ် လျာထားကာ တင်ဆောင်နိုင်သော ကုန်တင်ပမာဏမှာ တန်ချိန် ၂၀၀ ခန့်အဖြစ် သတ်မှတ်ထားကြောင်း သိရသည်။

ထိုခရီးစဉ်လမ်းကြောင်းသစ်သည် အထွေထွေကုန်စည်၊ e-commerce ကုန်စည်၊ ကုန်ပစ္စည်း အမြန်တင်ပို့မှုများကို အဓိကဆောင်ရွက်မည်ဖြစ်ပြီး တရုတ်နိုင်ငံနှင့် ယူအေအီးကြား ထိရောက်၍ ယုံကြည်စိတ်ချရသော လေကြောင်းထောက်ပံ့သယ်ပို့ဝန်ဆောင်မှု ပံ့ပိုးပေးမည်ဖြစ်ကြောင်း လေကြောင်းလိုင်းက ဆိုသည်။

အဲ့ကျိုး ဟွားဟူလေဆိပ်ကို ၂၀၂၂ ခုနှစ် ဇူလိုင်လတွင် စတင်လည်ပတ်နေခြင်းဖြစ်သည်။ ယင်းလေဆိပ်တွင် ပထမဆုံးနိုင်ငံတကာကုန်တင်လမ်းကြောင်းကို ဧပြီလက ဖွင့်လှစ်ခဲ့သည်။ (Xinhua)

………………………………
(English Version)
SF Airlines launches China-UAE cargo route
WUHAN, Aug. 16 (Xinhua) — A new air cargo route was launched on Wednesday linking Ezhou City in central China’s Hubei Province, with Abu Dhabi, capital of the United Arab Emirates (UAE), announced SF Airlines.
Early Wednesday morning, a Boeing 747-400 freighter took off from Ezhou Huahu Airport, China’s first cargo-focused airport. This marked the launch of the first cargo route connecting the airport with the Middle East, said SF Airlines, China’s largest air cargo carrier in fleet size.
A weekly round-trip air cargo service is scheduled for this route, with a total of around 200 tonnes of air express capacity.
The new route will mainly handle general cargo, e-commerce goods, and express shipments, providing efficient and reliable air logistics between China and the UAE, according to the cargo airline.
The Ezhou Huahu Airport was put into operation in July 2022. It opened the first international cargo route in April.
Photo: Photo taken on March 19, 2022 shows a view of the Ezhou Huahu Airport in Ezhou, central China’s Hubei Province. (Xinhua/Xiao Yijiu)