Connect with us

China

တရုတ်နိုင်ငံသည် ရေဘေးသင့်ဒေသများ၌ သဘာဝဘေးအန္တရာယ် ကယ်ဆယ်ရေးဆိုင်ရာ ထပ်ဆောင်းရန်ပုံငွေများခွဲဝေချထား

တရုတ်နိုင်ငံမြောက်ပိုင်း၊ ဟဲပေပြည်နယ်၊ လိုင်ရွှေခရိုင်၊ ဖိန်ယွိကျေးရွာ၌ နုန်းများရှင်းလင်းရန် မြေတူးစက်မောင်းနှင်နေသော အလုပ်သမားတစ်ဦးကို ၂၀၂၃ ခုနှစ်၊ ဩဂုတ် ၁၇ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ပေကျင်း၊ ဩဂုတ် ၂၁ ရက် (ဆင်ဟွာ)
တရုတ်နိုင်ငံသည် ရေကြီးမှုဒဏ်ခံစားရသော ဒေသများတွင် သဘာဝဘေးအန္တရာယ်ဆိုင်ရာ ကယ်ဆယ်ရေးနှင့် ပြန်လည်တည်ဆောက်ရေးများအတွက် ထပ်ဆောင်းရန်ပုံငွေ ယွမ် သန်း ၅၀၀ (အမေရိကန်ဒေါ်လာ ၆၉ .၄ သန်းခန့်) ခွဲဝေသတ်မှတ်ထားကြောင်း ဘဏ္ဍာရေးဝန်ကြီးဌာနက ဩဂုတ် ၂၁ ရက်၌ ထုတ်ပြန်ခဲ့သည်။

အဆိုပါရန်ပုံငွေသည် ဩဂုတ် ၉ ရက်က ခွဲဝေသတ်မှတ်ပေးထားသော ရန်ပုံငွေ ယွမ် ၁ ဘီလီယံ အပေါ်ထပ်ဆောင်းပေးအပ်ခြင်းဖြစ်ပြီး ထျန်းကျင်းမြို့နှင့် ဟဲပေပြည်နယ် ရှိဒေသများတွင် ထုတ်လုပ်မှုနှင့် လူနေမှုဘဝများ ပြန်လည်ထူထောင်ရေးတို့အတွက် အသုံးပြုသွားမည်ဖြစ်ကြောင်း ဝန်ကြီးဌာန၏ ထုတ်ပြန်ချက်တွင် ပါရှိသည်။

အဆိုပါ ဒေသများတွင် နေထိုင်ကြသည့် ဒေသခံများ၏ ကောက်ပဲသီးနှံများ၊ တိရစ္ဆာန်နှင့် မွေးမြူရေးခြံများ၊ စီးပွားဖြစ် သစ်တောများ၊ အိမ်များနှင့် လယ်ယာသုံး စက်ယန္တရားများ ပျက်စီးဆုံးရှုံးမှုများ အပါအဝင် ဒေသခံများ၏ ပိုင်ဆိုင်မှု ဆုံးရှုံးမှုများအတွက် လျော်ကြေးငွေအဖြစ်ပံ့ပိုးပေးရာ၌ အသုံးပြုသွားမည်ဖြစ်ကြောင်း ထုတ်ပြန်ချက်၌ ဖော်ပြထားသည်။ (Xinhua)
…………………………
(English Version)
China allocates additional funds for disaster relief in flood-hit areas
BEIJING, Aug. 21 (Xinhua) — China has allocated an additional 500 million yuan (about 69.4 million U.S. dollars) for disaster relief and reconstruction in flood-affected regions, the Ministry of Finance said Monday.
This funding, on top of the 1-billion-yuan allocated on Aug. 9, will be used to support the restoration of production and life in areas of Tianjin and Hebei that were used for national flood detention and storage, the ministry said in a statement.
The additional funding will go toward providing compensation for property losses incurred by residents living in these areas, including damage to crops, animal and poultry farms, commercial forests, houses and agricultural machinery, according to the statement. Enditem
A worker drives an excavator to clean up silt at Pingyu Village of Laishui County, north China’s Hebei Province, Aug. 17, 2023. (Xinhua/Luo Xuefeng)