Connect with us

China

ကမ္ဘာ့အမြင့်ဆုံးတံတားက တရုတ်နိုင်ငံ အနောက်တောင်ပိုင်း ကွေ့ကျိုးပြည်နယ်ရှိ တောင်ထူထပ်သောကျေးရွာလေးဆီ ခရီးသွားဧည့်သည်များနှင့် အချက်အချာကျမှု ဆောင်ကြဉ်းပေးလျက်ရှိ

တရုတ်နိုင်ငံ အနောက်တောင်ပိုင်း ကွေ့ကျိုးပြည်နယ် ဟန်ကျိုး-ရွှေလီ အဝေးပြေးလမ်းပေါ်ရှိ ပေဖန်ကျန်းတံတားကို ၂၀၂၃ ခုနှစ် ဩဂုတ် ၁၅ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

လျို့ဖန်ရွှေ၊ ဩဂုတ် ၂၁ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ အနောက်တောင်ပိုင်း ကွေ့ကျိုးပြည်နယ်၊ တောင်ကြားအထက် ၅၆၅.၄ မီတာကျော်တွင် တည်ရှိသော ပေဖန်ကျန်းတံတားသည် ကမ္ဘာ့အမြင့်ဆုံး တံတားအဖြစ် ဂင်းနစ်ကမ္ဘာ့စံချိန်မှ အသိအမှတ်ပြုခြင်းခံရသည်။

မကြာသေးမီနှစ်များအတွင်း အဆိုပါတံတားကြီးသည် အနီးဝန်းကျင်၌ ရင်သပ်ရှုမောဖွယ် ရှုမြင်ကွင်းကို ပိုင်ဆိုင်ထားခြင်းကြောင့် ခရီးသွားဧည့်သည်များ လာရောက်သောနေရာအဖြစ် တစ်ဖန် နာမည်ကျော်လာခဲ့သည်။

ထို ပေဖန်ကျန်းတံတားအနီးနေထိုင်သူ လယ်သမားတစ်ဦးဖြစ်သော မာရွှမ်းကျွင်းက ၂၀၁၉ ခုနှစ်တွင် ၎င်း၏အသစ်တည်ဆောက်ထားသော နေအိမ်ကို ကျေးလက်အသေးစားဟိုတယ်အဖြစ် ပြောင်းလဲလိုက်ကာ ရပ်ဝေးမှ ခရီးသွားဧည့်သည်များကို စတင်လက်ခံခဲ့သည်။

“တံတားမတည်ဆောက်ခင်က တောင်ပေါ်ကိုကျော်ပြီး မြို့ကိုရောက်ဖို့ လေးနာရီလောက်အချိန်ယူရတယ်” ဟု မာက ဆိုသည်။
ယခုအခါ မာ၏ အသေးစားဟိုတယ်ကို ၎င်းနှင့် ပြည်တွင်း၊ ပြည်ပမှ ခရီးသွားဧည့်သည်များအတူ ရိုက်ကူးထားသော ဓာတ်ပုံများဖြင့် အလှဆင်ထားသည်။

“တံတားကြီးကြောင့် ကျွန်တော်တို့ကျေးရွာကို ခရီးသွားတွေအများကြီး လာလည်ပတ်ကြတယ်။ သူတို့တွေကို ပျော်ရွှင်စေဖို့နဲ့ ကျွန်တော့်မွေးရပ်မြေကို အမှတ်ရစေဖို့ ကျွန်တော်လုပ်ဆောင်နိုင်သမျှ အကောင်းဆုံး ဆောင်ရွက်သွားမှာပါ” ဟု မာက ပြောခဲ့သည်။ (Xinhua)

တရုတ်နိုင်ငံ အနောက်တောင်ပိုင်း ကွေ့ကျိုးပြည်နယ် လျို့ဖန်ရွှေမြို့ လုံကျင်းကျေးရွာရှိ မာရွှမ်းကျွင်း၏ နေအိမ် အနီးဝန်းကျင်နေရာကို ၂၀၂၃ ခုနှစ် ဩဂုတ် ၁၆ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

………………………………
(English Version)
World’s highest bridge brings tourists and vitality to mountainous village in SW China’s Guizhou
LIUPANSHUI, Aug. 21 (Xinhua) — Sitting over 565.4 meters above a valley, the Beipanjiang Bridge in southwest China’s Guizhou Province has been certified as the world’s highest bridge by the Guinness World Records.
In recent years, the bridge has turned out to be a popular tourist attraction owing to the stunning scenery around it.
Ma Xuanjun, a farmer living near the Beipanjiang Bridge, turned his newly-built brick house into a rural inn in 2019 and started to receive tourists from afar.
“Before the bridge was built, it would take us four hours to climb over the mountain to the town seat,” said Ma.
Now, his inn is decorated with photos he took with tourists from home and abroad.
“Many tourists visited our village for the bridge. I will do my best to make them feel happy and remember my hometown,” Ma said.
Photo1: This aerial photo taken on Aug. 15, 2023 shows the Beipanjiang Bridge on the Hangzhou-Ruili Expressway, southwest China’s Guizhou Province.(Xinhua/Tao Liang)
Photo 2: This photo taken on Aug. 16, 2023 shows the surroundings of Ma Xuanjun’s home in Longjing Village of Liupanshui City, southwest China’s Guizhou Province.(Xinhua/Tao Liang)