Connect with us

China

တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန် ၁၅ ကြိမ်မြောက် BRICS ထိပ်သီးအစည်းအဝေး တက်ရောက်ရန်နှင့် နိုင်ငံတော်ခရီးစဉ် လည်ပတ်ရန် တောင်အာဖရိနိုင်ငံသို့ ရောက်ရှိလာ

တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်အား တောင်အာဖရိက သမ္မတ ဆိုင်ရယ်လ် ရာမာဖိုဆာက တောင်အာဖရိကနိုင်ငံ ဂျိုဟန်နာဘတ်စ်မြို့ OR Tambo အပြည်ပြည်ဆိုင်ရာလေဆိပ်၌ ၂၀၂၃ ခုနှစ် ဩဂုတ် ၂၁ ရက်တွင် ကြိုဆိုနှုတ်ဆက်နေစဉ် (ဆင်ဟွာ)

ဂျိုဟန်နာဘတ်စ်၊ ဩဂုတ် ၂၂ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်သည် ၁၅ ကြိမ်မြောက် BRICS ထိပ်သီးအစည်းအဝေး တက်ရောက်ရန်နှင့် နိုင်ငံတော်ခရီးစဉ် လည်ပတ်ရန် ဂျိုဟန်နာဘတ်စ်မြို့သို့ ဩဂုတ် ၂၁ ရက်က ရောက်ရှိလာခဲ့သည်။

တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်အား တောင်အာဖရိက သမ္မတ ဆိုင်ရယ်လ် ရာမာဖိုဆာက တောင်အာဖရိကနိုင်ငံ ဂျိုဟန်နာဘတ်စ်မြို့ OR Tambo အပြည်ပြည်ဆိုင်ရာလေဆိပ်၌ ၂၀၂၃ ခုနှစ် ဩဂုတ် ၂၁ ရက်တွင် ကြိုဆိုနှုတ်ဆက်နေစဉ် (ဆင်ဟွာ)

သမ္မတ ရှီအား တောင်အာဖရိကနိုင်ငံ သမ္မတ ဆိုင်ရယ်လ် ရာမာဖိုဆာနှင့်အတူ တောင်အာဖရိက နိုင်ငံတကာဆက်ဆံရေးနှင့် ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီး Naledi Pandor နှင့် အမျိုးသမီး၊ လူငယ်နှင့် မသန်စွမ်းသူများဆိုင်ရာ သမ္မတရုံးဝန်ကြီး Nkosazana Clarice Dlamini-Zuma တို့က ဂျိုဟန်နာဘတ်စ်မြို့ရှိ OR Tambo အပြည်ပြည်ဆိုင်ရာလေဆိပ်၌ နွေးထွေးစွာကြိုဆိုနှုတ်ဆက်ခဲ့ကြသည်။

ထို့ပြင် သမ္မတ ရှီအား တောင်အာဖရိကအမျိုးသမီးများက ပန်းများဖြင့်လည်း ဂုဏ်ပြုတပ်ဖွဲ့က အလေးပြုခြင်းဖြင့်လည်းကောင်း၊ တောင်အာဖရိက ရိုးရာဝတ်စုံ ဝတ်ဆင်ထားသူများက အကများဖြင့်လည်းကောင်း ကြိုဆိုခဲ့ကြသည်။

တောင်အာဖရိကနိုင်ငံ သမ္မတ ရာမာဖိုဆာကလည်း သမ္မတ ရှီကျင့်ဖိန် တောင်အာဖရိကသို့ နိုင်ငံတော် အလည်အပတ်ခရီးစဉ် လာရောက်သည့်အတွက် နွေးထွေးစွာကြိုဆိုခဲ့သည်။
တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်က ၎င်းအနေဖြင့် တောင်အာဖရိကနိုင်ငံသို့ ထပ်မံလာရောက်လည်ပတ်ရသည့် အတွက် လွန်စွာဝမ်းမြောက်မိကြောင်း၊ သမ္မတ ရာမာဖိုဆာနှင့်အတူ တရုတ်-တောင်အာဖရိက ဆက်ဆံရေးနှင့် ဘုံဆက်စပ်သောကိစ္စရပ်များအပေါ် နက်ရှိုင်းစွာ အမြင်ချင်းဖလှယ်ဆွေးနွေးသွားနိုင်မည်ဟု မျှော်လင့်ကြောင်း ပြောကြားခဲ့သည်။
သမ္မတ ရှီက တောင်အာဖရိက ပြည်သူများအတွက် လှိုက်လှိုက်လှဲလှဲနှုတ်ခွန်းဆက်သခဲ့သလို ဆုမွန်ကောင်းလည်း ဆန္ဒပြုခဲ့ကြောင်း သိရသည်။ ယခုနှစ်သည် တရုတ်နိုင်ငံနှင့် တောင်အာဖရိကနိုင်ငံကြား သံတမန်ဆက်ဆံရေး ထူထောင်သည့် ၂၅ နှစ်မြောက် အခါသမယလည်းဖြစ်ကြောင်း၊ နှစ်နိုင်ငံကြား ဘက်စုံမဟာဗျူဟာမြောက် မိတ်ဖက်နိုင်ငံဆက်ဆံရေးသည်လည်း အဆင့်သစ်သို့ ဝင်ရောက်လာပြီဖြစ်ကြောင်း ရှီက အလေးထားပြောခဲ့သည်။

ထို့ပြင် ထွန်းသစ်စဈေးကွက်နိုင်ငံများနှင့် အဓိက ဖွံ့ဖြိုးဆဲနိုင်ငံများအတွက် အဓိကကျသော ပူးပေါင်းဆောင်ရွက်မှု ပလက်ဖောင်းဖြစ်သည့် BRICS ပူးပေါင်းဆောင်ရွက်မှု ယန္တရားသည် ကမ္ဘာ့စီးပွားရေးတိုးတက်မှု၊ ပိုမိုကောင်းမွန်သော ကမ္ဘာ့စီမံအုပ်ချုပ်မှုနှင့် နိုင်ငံတကာဆက်ဆံရေး၌ ပိုမိုကြီးမားသည့် ဒီမိုကရေစီစနစ်အတွက် အပြုသဘောတွန်းအားတစ်ရပ်ဖြစ်လာကြောင်း ရှီက ထည့်သွင်းပြောကြားခဲ့သည်။

မကြာမီကျင်းပမည့် BRICS ထိပ်သီးအစည်းအဝေးကလည်း BRICS ယန္တရား ဖွံ့ဖြိုးတိုးတက်မှုတွင် အရေးပါသော သမိုင်းမှတ်တိုင်တစ်ခုဖြစ်လာမည်ဖြစ်ကြောင်းနှင့် ဖွံ့ဖြိုးဆဲနိုင်ငံများ၏ စည်းလုံးညီညွတ်မှုနှင့် ပူးပေါင်းဆောင်ရွက်မှုအား ပိုမိုမြင့်မားသောအဆင့်ဆီသို့ တက်လှမ်းရန် အထောက်အကူပြုမည်ဖြစ်ကြောင်း ရှီက ဖြည့်စွက်ပြောခဲ့သည်။
တောင်အာဖရိကနိုင်ငံခရီးစဉ်၌ သမ္မတ ရှီကျင့်ဖိန်နှင့်အတူ တရုတ်ကွန်မြူနစ်ပါတီ (CPC) ဗဟိုကော်မတီ နိုင်ငံရေးဗျူရို အမြဲတမ်းကော်မတီဝင်နှင့် CPC ဗဟိုကော်မတီ အထွေထွေရေးရာရုံး အကြီးအကဲ ချိုက်ချီနှင့် CPC ဗဟိုကော်မတီ နိုင်ငံရေးဗျူရိုအဖွဲ့ဝင်နှင့် နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိတို့က လေယာဉ်တစ်စင်းတည်းဖြင့် လိုက်ပါသွားခဲ့ကြောင်း သိရသည်။ (Xinhua)

………………………………
(English Version)
Xi arrives in South Africa for 15th BRICS Summit, state visit
JOHANNESBURG, Aug. 22 (Xinhua) — Chinese President Xi Jinping arrived in Johannesburg on Monday to attend the 15th BRICS Summit to be held here, and pay a state visit to South Africa.
South African President Cyril Ramaphosa, together with South Africa’s International Relations and Cooperation Minister Naledi Pandor, and Nkosazana Clarice Dlamini-Zuma, minister in the Presidency for Women, Youth and Persons with Disabilities, warmly greeted Xi at the OR Tambo International Airport of Johannesburg.
A group of South African women presented Xi with flowers, honor guards saluted him, and people dressed in South African traditional costumes performed dances.
President Ramaphosa warmly welcomed Xi for his state visit to South Africa.
Xi said that he is very glad to visit South Africa again and looks forward to having in-depth exchanges of views with Ramaphosa on deepening China-South Africa relations and issues of common interest.
In a written speech, Xi extended heartfelt greetings and best wishes to the people of South Africa on behalf of the Chinese people. Noting that this year marks the 25th anniversary of the establishment of diplomatic relations between China and South Africa, Xi emphasized that the comprehensive strategic partnership between the two countries has entered a new stage.