Connect with us

Media

တရုတ်နိုင်ငံ ချုံချင့်မြို့၌ နိုင်ငံတကာပညာရှင်များက လိုဏ်ဂူဘုရားကျောင်း ထိန်းသိမ်းစောင့်ရှောက်ရေး ဆွေးနွေး

ချုံချင့် ၊ ဩဂုတ် ၂၂ ရက်(ဆင်ဟွာ)

တရုတ်နိုင်ငံအနောက်တောင်ပိုင်း နာမည်ကျော် တာ့ကျူကျောက်ထွင်းပန်းပုလက်ရာများ တည်ရှိသည့် ချုံချင့်မြို့၌ ပြုလုပ်သော လိုဏ်ဂူဘုရားကျောင်း ထိန်းသိမ်းစောင့်ရှောက်ရေးဆိုင်ရာ နိုင်ငံတကာဖိုရမ်သည် ဩဂုတ် ၂၁ ရက်တွင် ပြီးဆုံးသွားခဲ့ပြီ ဖြစ်သည်။
သုံးရက်ကြာဖိုရမ်အတွင်း နိုင်ငံအသီးသီးမှ ရှေးဟောင်းသုတေသနပညာရှင်များနှင့် ထိန်းသိမ်းစောင့်ရှောက်ရေး ပညာရှင်များက ရာသီဥတုပြောင်းလဲမှုနှင့် ဆက်စပ်၍ လိုဏ်ဂူဘုရားကျောင်းများ ကာကွယ်ထိန်းသိမ်းရေးအား ဆွေးနွေးခဲ့ကြောင်း သိရသည်။
တာ့ကျူကျောက်ထွင်းပန်းပုလက်ရာများသည် လွန်ခဲ့သော ၉ ရာစုမှ ၁၃ ရာစုနှစ်အထိ ထူးခြားသော ကျောက်ထွင်း ပန်းပုလက်ရာများ ဖြစ်ပြီး ၁၉၉၉ ခုနှစ်တွင် ယူနက်စကို ကမ္ဘာ့အမွေအနှစ်စာရင်းဝင်ခဲ့ကြောင်း သိရသည်။ (Xinhua)

……………………………..
(English Version)
Int’l experts discuss cave temple conservation in China’s Chongqing
The International Forum on Cave Temple Conservation concluded on Monday in southwest China’s Chongqing Municipality, which is home to the renowned Dazu Rock Carvings.
During the three-day event, archaeologists and conservation experts from various countries discussed the protection of cave temples in the context of climate change.
The Dazu Rock Carvings feature an exceptional series of rock carvings dating from the 9th to the 13th century. They were added to the UNESCO World Heritage List in 1999.
Xinhua News Agency correspondents reporting from Chongqing, China.(XHTV)