Connect with us

China

တရုတ်နိုင်ငံနှင့် တောင်အာဖရိကနိုင်ငံတို့ ရွှေရောင်ခေတ်တွင် မိတ်ဖက်နိုင်ငံဆက်ဆံရေး ပုံစံလေးခု အားကောင်းမှုရှိစေရန် သမ္မတ ရှီ တိုက်တွန်း

တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်နှင့် တောင်အာဖရိကနိုင်ငံ သမ္မတ ဆိုင်ရယ်လ် ရာမာဖိုဆာတို့ တောင်အာဖရိကနိုင်ငံ ပရီတိုးရီးယားမြို့တွင် ၂၀၂၃ ခုနှစ် ဩဂုတ် ၂၂ ရက်က တွေ့ဆုံစဉ် (ဆင်ဟွာ)

ပရီတိုရီးယား၊ ဩဂုတ် ၂၃ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်က တရုတ်နိုင်ငံနှင့် တောင်အာဖရိကနိုင်ငံတို့သည် ၎င်းတို့၏ မိတ်ဖက်ဆက်ဆံမှု ပုံစံလေးခုတွင် အားကောင်းမှုရှိစေရန် တောင်အာဖရိကနိုင်ငံသို့ အလည်အပတ်ခရီးစဉ်ရောက်ရှိနေစဉ် ဩဂုတ် ၂၂ ရက်၌ တိုက်တွန်းခဲ့ကြောင်း သိရသည်။
သမ္မတ ရှီသည် တောင်အာဖရိက သမ္မတနှင့် တောင်အာဖရိကနိုင်ငံ အုပ်ချုပ်ရေးမြို့တော်၌ တွေ့ဆုံစဉ် အထက်ပါအတိုင်း မှတ်ချက်ပြုခဲ့ခြင်းဖြစ်သည်။
တရုတ်-တောင်အာဖရိက ဆက်ဆံရေးသည် “ ‘ရွှေခေတ်’ သို့ ဝင်ရောက်လာပြီဖြစ်ကာ ကျယ်ပြန့်သော မျှော်လင့်ချက်များ၊ အလားအလာရှိသည့် အနာဂတ်တို့ဖြင့် တွေ့ကြုံနေရပြီ” ဖြစ်ကြောင်း တောင်အာဖရိကမီဒီယာ၌ ဖော်ပြထားသော သမ္မတ ရှီ၏ ကိုယ်တိုင်ရေးဆောင်းပါးတွင် ပြောကြားခဲ့သည်။

တောင်အာဖရိကနိုင်ငံ Eastern Cape ပြည်နယ်ရှိ တရုတ်မော်တော်ကားထုတ်လုပ်ရေး Beijing Automotive Industry Corporation စက်ရုံကို ၂၀၂၃ ခုနှစ် မေ ၁၀ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ရာမာဖိုဆာကနှင့် တွေ့ဆုံစဉ် တရုတ်နိုင်ငံ သမ္မတက နှစ်နိုင်ငံအနေဖြင့် အဆင့်မြင့် အပြန်အလှန်ယုံကြည်မှု မဟာဗျူဟာမြောက် မိတ်ဖက်များဖြစ်လာစေရန် တိုက်တွန်းခဲ့သလို “ရဲဘော်ရဲဘက်နှင့် ညီရင်းအစ်ကို စိတ်ဓာတ်ရှိခြင်း” သည် နှစ်နိုင်ငံဆက်ဆံရေး၏ စစ်မှန်သော အရည်အသွေးဖြစ်ကြောင်း ထည့်သွင်းပြောကြားခဲ့သည်။

ထို့ပြင် နှစ်နိုင်ငံကြား ဥပဒေပြုလွှတ်တော်များ၊ နိုင်ငံရေးပါတီများ၊ စစ်တပ်များနှင့် နယ်မြေများကြား ကူးလူးဆက်ဆံမှုများနှင့် ပူးပေါင်းဆောင်ရွက်မှု အားကောင်းအောင် ဆောင်ရွက်သွားမည်ဖြစ်ကြောင်းနှင့် အပြန်အလှန် ဘုံအကျိုးစီးပွားများနှင့် အဓိက စိုးရိမ်ပူပန်များနှင့် စပ်လျဉ်းသည့် ကိစ္စရပ်များအား ဆက်လက်ထောက်ခံသွားမည်ဖြစ်ကြောင်း ရှီက ဆိုသည်။

၂၀၂၂ ခုနှစ်တွင် နှစ်နိုင်ငံ ကုန်သွယ်ရေးသည် အမေရိကန်ဒေါ်လာ ၅၆.၇၄ ဘီလီယံအထိ ရောက်ရှိခဲ့ပြီး တရုတ်-အာဖရိက ကုန်သွယ်ရေး၏ ၂၀.၁ ရာခိုင်နှုန်းရှိကြောင်း တရားဝင်စာရင်းများအရ သိရသည်။ ယခုနှစ် ပထမနှစ်ဝက်တွင် နှစ်နိုင်ငံ ကုန်သွယ်ရေးသည် အမေရိကန်ဒေါ်လာ ၂၈.၂၅ ဘီလီယံ ရှိခဲ့ရာ ယခင်နှစ် အလားတူကာလထက် ၁၁.၇ ရာခိုင်နှုန်း မြင့်တက်ခဲ့သည်ဟု ဆိုသည်။

တရုတ်နိုင်ငံသည် ၁၄ နှစ်ဆက်တိုက် တောင်အာဖရိကနိုင်ငံ၏ အကြီးဆုံး ကုန်သွယ်ဖက်နိုင်ငံအဖြစ် ဆက်လက်တည်ရှိနေသလို တောင်အာဖရိကနိုင်ငံသည်လည်း အာဖရိကဒေသတွင်း တရုတ်နိုင်ငံ၏ အကြီးဆုံး ကုန်သွယ်ဖက်နိုင်ငံအဖြစ် ၁၃ နှစ်ဆက်တိုက် တည်ရှိနေကြောင်း သိရသည်။ (Xinhua)

………………………………
(English Version)
Xi calls on China, S. Africa to strengthen four partnerships in golden era
PRETORIA, Aug. 22 (Xinhua) — Chinese President Xi Jinping on Tuesday called on China and South Africa to strengthen their partnerships in four dimensions during his state visit to the African nation.
Xi made the remarks during his meeting with his South African counterpart, Cyril Ramaphosa, here in the country’s administrative capital.
Ahead of his arrival, Xi said in his signed article published in South African media that the blossoming China-South Africa relationship “has entered a ‘golden era,’ enjoying broad prospects and a promising future.”
While meeting with Ramaphosa, the Chinese leader called on both sides to be strategic partners of high-level mutual trust, adding that “camaraderie and brotherhood” are the true quality of bilateral ties.
The two sides should strengthen exchanges and cooperation between their legislatures, political parties, militaries and localities, and continue to support each other on issues concerning each other’s core interests and major concerns, said Xi.
Official statistics showed that bilateral trade in 2022 reached 56.74 billion U.S. dollars, accounting for 20.1 percent of China-Africa trade. And in the first half of the year, bilateral trade topped 28.25 billion dollars, up 11.7 percent year-on-year.
China has remained South Africa’s largest trading partner for 14 consecutive years, while South Africa has been China’s biggest trading partner in Africa for 13 years in a row.
Photo 1: Chinese President Xi Jinping and South African President Cyril Ramaphosa hold talks in Pretoria, South Africa, Aug. 22, 2023. (Xinhua/Huang Jingwen)
Photo 2: This photo taken on May 10, 2023 shows a plant of the Chinese automaker Beijing Automotive Industry Corporation in Eastern Cape province of South Africa. (Xinhua/Zhang Yudong)