Connect with us

China

တရုတ်နှင့် အာဖရိကကြား ကုန်သွယ်မှုမှာ ဇန်နဝါရီလမှ ဇူလိုင်လအတွင်း တည်ငြိမ်စွာတိုးတက်မှုရှိ

နမီးဘီးယားနိုင်ငံ Walvis Bay မြို့ရှိ ကွန်တိန်နာဆိပ်ကမ်းသစ်တွင် သင်္ဘောတစ်စင်းပေါ်တင်ထားသော ကွန်တိန်နာများကို ၂၀၁၉ ခုနှစ် ဩဂုတ် ၂ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ပေကျင်း၊ ဩဂုတ် ၂၃ ရက် (ဆင်ဟွာ)

အာဖရိကဒေသနှင့် တရုတ်နိုင်ငံ၏ ကုန်သွယ်မှုမှာ ယခုနှစ် ပထမ ၇ လအတွင်း တည်ငြိမ်စွာတိုးတက်မှုရှိခဲ့ကြောင်း တရားဝင်အချက်အလက်များ၌ ဖော်ပြထားသည်။
တရုတ်နိုင်ငံနှင့် အာဖရိကဒေသကြား ကုန်သွယ်မှုမှာ ဇန်နဝါရီလမှ ဇူလိုင်လအတွင်း ယွမ် ၁.၁၄ ထရီလီယံ (အမေရိကန်ဒေါ်လာ ၁၅၈.၃၆ ဘီလီယံခန့်) ရှိခဲ့ပြီး ယမန်နှစ် အလားတူကာလထက် ၇.၄ ရာခိုင်နှုန်း မြင့်တက်ခဲ့ကြောင်း အထွေထွေအကောက်ခွန်ဉီးစီးဌာနမှ အချက်အလက်များအရ သိရသည်။

တရုတ်နိုင်ငံသည် လွန်ခဲ့သော ဆယ်စုနှစ်အတွင်း အာဖရိက၏ အကြီးဆုံးကုန်သွယ်ဖက်နိုင်ငံအဖြစ် ရပ်တည်လျက်ရှိသည်။ နှစ်ဘက်ကုန်သွယ်မှုအနေဖြင့် ၂၀၂၂ ခုနှစ်တွင် စုစုပေါင်း ယွမ် ၁.၈၇ ထရီလီယံ ရှိခဲ့ကြောင်း အကောက်ခွန်အချက်အလက်များ၌ ဖော်ပြထားသည်။ (Xinhua)

………………………….
(English Version)
China, Africa trade sees steady growth in Jan.-July
BEIJING, Aug. 23 (Xinhua) — China’s trade with Africa reported steady growth in the first seven months of the year, official data showed Wednesday.
Trade between China and Africa rose 7.4 percent year on year to 1.14 trillion yuan (about 158.36 billion U.S. dollars) during the January-July period, data from the General Administration of Customs showed.
China has remained Africa’s largest trading partner over the past decade. Bilateral trade totaled 1.87 trillion yuan in 2022, customs data showed.
Photo : Containers are seen on a vessel at the new container terminal in Walvis Bay, Namibia, Aug. 2, 2019. (Xinhua/Zhang Yu)