Connect with us

Media

တရုတ်နိုင်ငံသည် ဇူလိုင်မှ စတင်၍ ရထားခရီးသည်ခရီးစဉ် ၇၀၁ သန်းအထိရောက်ရှိလာ

ပေကျင်း၊ ဩဂုတ် ၂၃ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ၏ ခရီးသည်ခရီးစဉ်များသည် ဇူလိုင် ၁ ရက်မှ သြဂုတ် ၂၁ ရက်အထိ ၇၀၁ သန်း အထိ စံချိန်တင်ရောက်ရှိခဲ့ကြောင်း China State Railway Group Co., Ltd. ၏ အချက်အလက်များအရ သိရသည်။

နိုင်ငံတစ်ဝန်း မီးရထား လုပ်ငန်းမှ ကိုင်တွယ်ဆောင်ရွက်ခဲ့သော ခရီးသည်ခရီးစဉ် အရေအတွက်မှာ ပြီးခဲ့သည့် ဩဂုတ် ၁၉ ရက်က ခန့်မှန်းခြေ ၁၅.၆၉ သန်းရှိပြီး နွေရာသီ ခရီးသွားလာမှုအနေဖြင့် နေ့စဉ် စံချိန်တင် မြင့်မားလျက်ကြောင်း အချက်အလက်များအရ သိရသည်။

ယင်းကာလအတွင်း နေ့စဉ် ရထား ၁၀,၄၄၄ စီး ပြေးဆွဲခဲ့ပြီး ၂၀၁၉ ခုနှစ် အလားတူကာလထက် ၁၅.၈ ရာခိုင်နှုန်း တိုးလာခဲ့သည်။
ခရီးသည်များအတွက် ဝန်ဆောင်မှုများ ပိုမိုကောင်းမွန်လာစေရန် ကုမ္ပဏီအနေဖြင့် ခရီးသည်များ၏ သတင်းအချက်အလက်ဝန်ဆောင်မှုများ၊ လက်မှတ်ဝယ်ယူခြင်းဆိုင်ရာ အချက်အလက်များ၊ လက်မှတ်ပြောင်းလဲခြင်းဆိုင်ရာ အချက်အလက်များနှင့် ရထားနှောင့်နှေးနိုင်ကြောင်း သတိပေးချက်များ အပါအဝင် အခြားအရာများကို ပိုမိုအဆင်ပြေချောမွေ့စေရန် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ကုမ္ပဏီမှ ပြောကြားခဲ့သည်။

ကောလိပ်ကျောင်းသားများသည် နွေရာသီအားလပ်ရက်တွင် နေရပ်ပြန်ကြသောကြောင့် ယင်းကာလ တွင် အများအားဖြင့် နိုင်ငံ၏ မီးရထားစနစ်အတွက် အလုပ်များသောကာလဖြစ်ပြီး ယခုရာသီတွင် မိသားစုလိုက် အလည်အပတ်ခရီးသွားလာမှုနှင့် ခရီးသွားများ၏ခရီးစဉ်များလည်း တိုးလာကြောင်း သိရသည်။ ၂၀၂၃ နွေရာသီ ခရီးသွားမှများပြားသည့်ကာလမှာ ၆၂ ရက် ကြာမြင့်မည်ဖြစ်ပြီး သြဂုတ် ၃၁ ရက်တွင် ပြီးဆုံးမည်ဖြစ်ကြောင်း သိရသည်။ (Xinhua)

………………………….
(English Version)
China sees 701 mln railway passenger trips since July
BEIJING, Aug. 22 (Xinhua) — The nation’s railways recorded 701 million railway passenger trips from July 1 to Aug. 21, data from the China State Railway Group Co., Ltd. shows.
The number of passenger trips handled by railways nationwide was approximately 15.69 million last Saturday, a record daily high for the summer travel rush, the data shows.
During the period, 10,444 trains were operating daily, marking an increase of 15.8 percent over the same period in 2019.
To improve services for passengers, the company said that it would further facilitate the passenger information services, optimizing ticket purchasing information, ticket changing information and notices of train delays, among other things.
The summer travel rush is usually a busy season for the country’s railway system as college students return home for the summer vacation, while family visits and tourist trips also increase during this season. This year’s summer travel rush will last for 62 days and end on Aug. 31. ■