Connect with us

Asia

ဂျပန်နိုင်ငံက ပြည်တွင်း၊ ပြည်ပမှ ကန့်ကွက်နေသည့်ကြားမှ ဖူကူရှီးမား နျူကလီးယားညစ်ညမ်းရေများ သမုဒ္ဒရာအတွင်း စတင်စွန့်ထုတ်

ဂျပန်နိုင်ငံ ဖူကူရှီးမားစီရင်စုရှိ Futabagun ခရိုင်၊ Futabacho ရပ်ကွက်ရှိ ဖူကူရှီးမား ဒိုင်အိချိ နျူကလီးယားစက်ရုံကို ၂၀၂၃ ခုနှစ် မတ် ၆ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

တိုကျို၊ ဩဂုတ် ၂၄ ရက် (ဆင်ဟွာ)

ဂျပန်နိုင်ငံရှိ အကြီးအကျယ်ပျက်စီးခံထားရသော ဖူကူရှီးမား ဒိုင်အိချိ နျူကလီးယားစွမ်းအင်စက်ရုံမှ နျူကလီးယား ညစ်ညမ်းရေများကို သမုဒ္ဒရာအတွင်းသို့ ဩဂုတ် ၂၄ ရက်က စတင်စွန့်ထုတ်လိုက်ကြောင်း သိရသည်။

ဒေသခံ ငါးဖမ်းသမားများအပြင် အိမ်နီးချင်းနိုင်ငံများနှင့် ပစိဖိတ်ကျွန်းနိုင်ငံများမှ စိုးရိမ်ပူပန်မှုများနှင့် အဆက်မပြတ် ကန့်ကွက်ဆန္ဒပြနေသည့်ကြားမှ ရေဆိုးစွန့်ထုတ်မှုကို ဒေသစံတော်ချိန် နေ့လယ် ၁ နာရီခန့်က စတင်လိုက်ကြောင်း အဆိုပါ စက်ရုံအား လည်ပတ်သူ Tokyo Electric Power Company (TEPCO) ၏ ပြောကြားချက်အရ သိရသည်။

ကုမ္ပဏီက ပထမအကြိမ်အဖြစ် ရေဒီယိုသတ္တိကြွပစ္စည်းများပါဝင်သောရေ တန်ချိန် ၇,၈၀၀ ကို အချိန် ၁၇ ရက်အတွင်း စွန့်ထုတ်ရန် စီစဉ်ထားကြောင်း TEPCO က ပြောခဲ့သည်။ (Xinhua)

………………………………
(English Version)
Japan starts releasing Fukushima nuclear-contaminated water into ocean despite opposition at home, abroad

TOKYO, Aug. 24 (Xinhua) — Japan started releasing nuclear-contaminated wastewater from the crippled Fukushima Daiichi Nuclear Power Plant into the Pacific Ocean on Thursday.
According to Tokyo Electric Power Company (TEPCO), the plant’s operator, the water discharge commenced at around 1:00 p.m. local time (0400 GMT), while concerns and opposition persisting among local fishermen as well as in neighboring countries and Pacific island countries.
TEPCO said it plans to carry out the first round of release over 17 days to discharge 7,800 tons of the radioactive wastewater.
Photo: This photo taken on March 6, 2023 shows the Fukushima Daiichi nuclear power plant in Futabacho, Futabagun of Fukushima Prefecture, Japan. (Xinhua/Zhang Xiaoyu)