Connect with us

China

တရုတ်-အရှေ့မြောက်အာရှ ကုန်စည်ပြပွဲ စံချိန်တင်စီမံကိန်းရင်းနှီးမြှုပ်နှံမှုများဖြင့် ကျင်းပပြီးစီး

တရုတ်နိုင်ငံ အရှေ့မြောက်ပိုင်း ကျီလင်ပြည်နယ် မြို့တော် ချန်ချွမ်းတွင် ပြုလုပ်သော ၁၄ ကြိမ်မြောက် တရုတ်-အရှေ့မြောက်အာရှ ကုန်စည်ပြပွဲတွင် လာရောက်လေ့လာသူများကို ၂၀၂၃ ခုနှစ် ဩဂုတ် ၂၄ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ချန်ချွမ်း၊ ဩဂုတ် ၂၈ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ အရှေ့မြောက်ပိုင်း ကျီလင်ပြည်နယ် မြို့တော် ချန်ချွမ်းတွင် ကျင်းပသော ၁၄ ကြိမ်မြောက် တရုတ်-အရှေ့မြောက်အာရှ ကုန်စည်ပြပွဲအတွင်း ရင်းနှီးမြှုပ်နှံမှု ပမာဏ ယွမ် ၈၄.၄၈ ဘီလီယံ (အမေရိကန်ဒေါ်လာ ၁၁.၅၉ ဘီလီယံခန့်) အထိ ရောက်ရှိခဲ့ကာ ယင်းကုန်စည်ပြပွဲကို ဩဂုတ် ၂၇ ရက်က ကျင်းပပြီးစီးခဲ့ကြောင်း သိရသည်။

အချိန် ၅ ရက်ကြာ ကျင်းပခဲ့သော ကုန်စည်ပြပွဲအတွင်း စုစုပေါင်း စီမံကိန်း ၉၉ ခု လက်မှတ်ရေးထိုးခဲ့ပြီး ရင်းနှီးမြှုပ်နှံမှုစီမံကိန်း ပမာဏအရ စံချိန်သစ်တင်ခဲ့ကြောင်း ကုန်စည်ပြပွဲ အမှုဆောင်ကော်မတီ လက်ထောက်ညွှန်ကြားရေးမှူး လွီဟိုင်ချန်က ပြောကြားခဲ့သည်။

အဆိုပါ ပူးတွဲစီမံကိန်းများတွင် စွမ်းအင်သစ်၊ ခေတ်မီစိုက်ပျိုးရေး၊ စက်ယန္တရားထုတ်လုပ်ခြင်း၊ ဆေးဝါး၊ ကျန်းမာရေးစောင့်ရှောက်မှုနှင့် ခေတ်မီဝန်ဆောင်မှု စသည်တို့အပါအဝင် ကဏ္ဍများစွာ ပါဝင်ကြောင်း လွီက ပြောခဲ့သည်။
“အနာဂတ်အတွက် ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ အရှေ့မြောက်အာရှ၏ ပူးတွဲဖွံ့ဖြိုးတိုးတက်မှု” ဟု နာမည်ပေးထားသော ကုန်စည်ပြပွဲတွင် နိုင်ငံနှင့် ဒေသပေါင်း ၁၂၃ ခုမှ ကုန်သည် ၂၀,၀၀၀ ကျော်က အော့ဖ်လိုင်း (offline) ပါဝင်တက်ရောက်ခဲ့ကြသည်။

ထို့ပြင် အွန်လိုင်းကုန်စည်ပြပွဲ ပလက်ဖောင်းတွင်လည်း ကမ္ဘာပေါ်ရှိ တက်ကြွမှုအရှိဆုံး ဒေသများအနက် တစ်ခုဖြစ်သော အရှေ့မြောက်အာရှဒေသတွင် ပူးပေါင်းဆောင်ရွက်မှု အခွင့်အလမ်းများရှာဖွေလိုသော ကုန်စည်ပြပွဲဝင်ရောက်ပြသသူ ၁,၈၄၀ ကျော်ကို ဆွဲဆောင်နိုင်ခဲ့ကြောင်း သိရသည်။

တရုတ်-အရှေ့မြောက် အာရှကုန်စည်ပြပွဲသည် တရုတ်နိုင်ငံနှင့် အိမ်နီးချင်းနိုင်ငံများကြား သဘောတူညီချက်များ တည်ဆောက်ခြင်း၊ စီးပွားရေးနှင့် ကုန်သွယ်ရေး ပူးပေါင်းဆောင်ရွက်မှုများ တွန်းအားပေးခြင်းအတွက် အရေးပါသော ပလက်ဖောင်းတစ်ခု ဖြစ်လာခဲ့သည်။

၂၀၀၅ ခုနှစ်တွင် စတင်ခဲ့သော တရုတ်-အရှေ့မြောက်အာရှကုန်စည်ပြပွဲမှာ ၁၄ ကြိမ်မြောက်ရှိပြီဖြစ်ကြောင်း၊ ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ စီမံကိန်း ၃,၀၀၀ ကျော် လက်မှတ်ရေးထိုးခဲ့ပြီးဖြစ်ကာ စုစုပေါင်း ရင်းနှီးမြှုပ်နှံမှုပမာဏအနေဖြင့် ယွမ် ၂ ထရီလီယံ ကျော်ရှိပြီဖြစ်ကြောင်း သိရသည်။ (Xinhua)

………………………………
(English Version)
China-Northeast Asia Expo concludes with record project investment
CHANGCHUN, Aug. 27 (Xinhua) — Investment deals worth 84.48 billion yuan (about 11.59 billion U.S. dollars) were reached during the 14th China-Northeast Asia Expo, which concluded Sunday in Changchun, capital of northeast China’s Jilin Province.
A total of 99 projects were signed during the five-day expo, setting a new record in terms of project investment scale, said Lyu Haiqiang, deputy director of the executive committee of the expo.
These ventures span a diverse spectrum of sectors, including new energy, modern agriculture, equipment manufacturing, pharmaceuticals, healthcare, and modern services, Lyu said.
Themed “Joint Development of Northeast Asia in Cooperation for the Future,” the expo saw the offline participation of over 20,000 merchants from 123 countries and regions.
In addition, an online exhibition platform also attracted over 1,840 exhibitors seeking cooperation opportunities in Northeast Asia, one of the most dynamic regions in the world.
The China-Northeast Asia Expo has become a significant platform for building consensus and forging economic and trade cooperation between China and its neighboring countries.
Since its inception in 2005, the China-Northeast Asia Expo has seen 14 editions, and witnessed the signing of more than 3,000 cooperation projects with a total investment value exceeding 2 trillion yuan.
Photo: Visitors shop at the 14th China-Northeast Asia Expo in Changchun, the capital city of northeast China’s Jilin Province, Aug. 24, 2023. (Xinhua/Xu Chang)