Connect with us

Media

ဟန်ကျိုးအာရှအားကစားပြိုင်ပွဲတွင် တာဝန်ထမ်းဆောင်ရန် စေတနာ့ဝန်ထမ်းများ အဆင်သင့်ဖြစ်နေ

ဟန်ကျိုး ၊ ဩဂုတ် ၂၈ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံအရှေ့ပိုင်း ကျဲ့ကျန်းပြည်နယ် ဟန်ကျိုးမြို့၌ ၁၉ ကြိမ်မြောက် အာရှအားကစားပြိုင်ပွဲအတွက် စေတနာ့ဝန်ထမ်း ၃၇,၆၀၀ သည် အင်အားစုဆောင်းခြင်း ၊ လက်တွေ့လေ့ကျင့်ခြင်း အကြိမ်ပေါင်းများစွာ ပြုလုပ်ပြီးနောက် အားကစားပြိုင်ပွဲတွင် တာဝန်ထမ်းဆောင်ရန် အဆင်သင့်ဖြစ်နေကြပြီ ဖြစ်ကြောင်း သိရသည်။

ဟန်ကျိုးအာရှအားကစားပြိုင်ပွဲနှင့်အာရှမသန်စွမ်းအားကစားပြိုင်ပွဲအတွက် စေတနာ့ဝန်ထမ်းများမှာ ကျဲ့ကျန်းပြည်နယ်အတွင်းရှိ တက္ကသိုလ် ၄၆ ခုမှ ကျောင်းသား/သူများ အဓိကပါဝင်သလို ပြိုင်ပွဲအဖွဲ့အစည်း ၊ စီမံခန့်ခွဲမှု ၊ နိုင်ငံခြားဘာသာစကား ၊ ကျန်းမာရေးစောင့်ရှောက်မှု စသည်တို့တွင် ကျွမ်းကျင်သူများအပြင် ပြည်နယ်ပြင်ပမှ စေတနာ့ဝန်ထမ်း ၄၀၀ နှင့် အခြားသက်ဆိုင်ရာအုပ်စုများမှ စေတနာ့ဝန်ထမ်း ၄၀၀ ခန့်လည်း ပါဝင်ကြကြောင်း ပြိုင်ပွဲကျင်းပရေးကော်မတီထံမှ သိရသည်။ (Xinhua)

………………………………
(English Version)
Volunteers ready to serve Hangzhou Asian Games
After several rounds of recruiting, training and practicing, 37,600 volunteers for the 19th Asian Games in Hangzhou City, east China’s Zhejiang Province are ready to serve the Games.
According to the organizing committee, the volunteers for the Hangzhou Asian Games and Asian Para Games are mainly students from 46 universities in Zhejiang, with additional professionals in competition organization and management, foreign languages, medical care, among others, as well as 400 volunteers from outside the province and about 400 from other representative groups.
Xinhua News Agency correspondents reporting from Hangzhou, China.(XHTV)