Connect with us

Europe

ရုရှားနိုင်ငံ Pskov လေဆိပ်၌ ဒရုန်းဖြင့် တိုက်ခိုက်မှုကြောင့် Il-76 လေယာဉ်များ ပျက်စီး

ရုရှားနိုင်ငံ၊ မော်စကိုမြို့၊ ကရင်မလင်နန်းတော်အနီးတွင် မပျံသန်းရဇုန် သတိပေးဆိုင်းဘုတ်ကို ၂၀၂၃ ခုနှစ်၊ မေ ၃ ရက်ကတွေ့ရစဉ် (ဆင်ဟွာ)

မော်စကို၊ ဩဂုတ် ၃၀ ရက် (ဆင်ဟွာ)

ရုရှားနိုင်ငံ အနောက်ပိုင်း Pskov လေဆိပ်တွင် ဩဂုတ် ၃၀ ရက်၌ မောင်းသူမဲ့ လေယာဉ် တိုက်ခိုက်မှုအတွင်း Il-76 သယ်ယူပို့ဆောင်ရေး လေယာဉ်များ ပျက်စီးသွားခဲ့ကြောင်း အရေးပေါ်အခြေအနေဆိုင်ရာဝန်ကြီးဌာနအား ကိုးကား၍ ဒေသတွင်းမီဒီယာက ဖော်ပြခဲ့သည်။
ကနဦး အချက်အလက်များအရ ယင်းဖြစ်ရပ်ကြောင့် ထိခိုက်ဒဏ်ရာရသူ မရှိကြောင်းနှင့် ပျက်စီးမှု ပမာဏကို စိစစ်ဆဲဖြစ်ကြောင်း Pskov ဒေသ အုပ်ချုပ်ရေးမှူး Mikhail Vedernikov ကပြောကြားခဲ့သည်။

Pskov သည် Estonian နယ်စပ်၏အရှေ့ဘက် ၂၀ ကီလိုမီတာအကွာတွင် တည်ရှိပြီး ရုရှားနိုင်ငံ အနောက်ပိုင်း ရှိ မြို့တစ်မြို့ဖြစ်ကြောင်း သိရသည်။ (Xinhua)

…………………………………
(English Version)
Drone attack damages Il-76 planes at Russia’s Pskov airport
MOSCOW, Aug. 30 (Xinhua) — Il-76 transport aircraft were damaged during a drone attack at Pskov airport in western Russia on Wednesday, local media reported, citing the Russian Ministry of Emergency Situations.
Pskov Region Governor Mikhail Vedernikov said that there were no victims according to preliminary information, and the scale of the destruction was being specified.
Pskov is a city in western Russia, located 20 km east of the Estonian border. Enditem
A “No Fly Zone” sign is seen near the Kremlin in Moscow, Russia, on May 3, 2023. (Photo by Alexander Zemlianichenko Jr/Xinhua)