Connect with us

Media

ဇင်ဘာဘွေအတိုက်အခံပါတီက ရွေးကောက်ပွဲရလဒ်အား အငြင်းပွားသဘောထားကွဲလွဲ ၊ ရွေးကောက်ပွဲ အသစ်ပြန်လည်ကျင်းပရေး တောင်းဆို

ဟာရာရီ ၊ ဩဂုတ် ၃၀ ရက်(ဆင်ဟွာ)

ဇင်ဘာဘွေနိုင်ငံ၏ အပြောင်းအလဲအတွက်နိုင်ငံသားများမဟာမိတ် (CCC) ပါတီက ဩဂုတ် ၂၃ ရက်နှင့် ၂၄ ရက်တို့တွင် ကျင်းပခဲ့သည့် ရွေးကောက်ပွဲတွင် ရွေးကောက်ခံသမ္မတ Emmerson Mnangagwa ၏ အနိုင်ရရှိမှုအား ဩဂုတ် ၂၉ ရက်တွင် ပယ်ချခဲ့ပြီး ရွေးကောက်ပွဲအသစ် ပြန်လည်ကျင်းပရေး တောင်းဆိုခဲ့ကြောင်း သိရသည်။

“၂၀၂၃ ခုနှစ် ဩဂုတ်လ ၂၃ ရက် ရွေးကောက်ပွဲက ဇင်ဘာဘွေပြည်သူတွေရဲ့ စစ်မှန်တဲ့ဆန္ဒကို ထင်ဟပ်ခြင်း မရှိဘူးလို့ အကြွင်းမဲ့ယုံကြည်ပါတယ်။ ရွေးကောက်ပွဲက ချို့ယွင်းချက်တွေ ရှိပါတယ်” ဟု CCC ပါတီ၏ လက်ထောက် ပြောရေးဆိုခွင့်ရှိသူ GIFT SIZIBA က ပြောကြားခဲ့သည်။

ဇင်ဘာဘွေရွေးကောက်ပွဲကော်မရှင်က ဩဂုတ် ၂၇ ရက်တွင် ကြေညာခဲ့သည့် ရလဒ်များအရ Mnangagwa က ၎င်းအား အဓိကစိန်ခေါ်သူ CCC ပါတီခေါင်းဆောင် Nelson Chamisa ကို ကျော်ဖြတ်ကာ ဆန္ဒမဲစုစုပေါင်း၏ ၅၂.၆ ရာခိုင်နှုန်း ရရှိခဲ့ပြီး CCC ပါတီခေါင်းဆောင်ကမူ ဆန္ဒမဲ၏ ၄၄ ရာခိုင်နှုန်းသာ ရရှိခဲ့ကြောင်း သိရသည်။ (Xinhua)
………………………..
(English Version)
Zimbabwe opposition disputes election result, calls for fresh election
Zimbabwe’s Citizens’ Coalition for Change (CCC) party on Tuesday rejected President-elect Emmerson Mnangagwa’s win in the Aug. 23-24 election and called for a fresh election.
SOUNDBITE 1 (English): GIFT SIZIBA, Deputy Spokesperson of CCC Party
“We believe without doubt that the election on the 23rd of August 2023 does not reflect the true will of the Zimbabwean people. The election was flawed.”
According to results announced by the Zimbabwe Electoral Commission (ZEC) on Saturday, Mnangagwa garnered 52.6 percent of the total votes cast, beating his main challenger CCC leader Nelson Chamisa, who got 44 percent of the votes.
Xinhua News Agency correspondents reporting from Harare.(XHTV)